Saturday, June 23, 2007

မိုးနှင့်  ပါတ်သက်သမျှ . . .

မိုးတဲ့ ဗျာ . . .
တစ်ချို့ က ချစ်တယ်။ တစ်ချို့ က မုန်းတယ်။
တစ်ချို့ က မြတ်နိုးတယ်။ တစ်ချို့ က ရွံရှာတယ်။
တစ်ချို့ က . . . ၊ တစ်ချို့ က . . .
ခံစားချင်သမျှ ခံစားကြတယ် . . . ။
ကျွန်တော်ကတော့ . . .
ဒီလိုခံစားတယ်ဗျာ > > >


" မိုးတဲ့ ဗျာ ။ စိုစိုစွတ်စွတ်နဲ့  လောကကို အေးချမ်းစေသလိုနဲ့  ခိုးလိုးခုလု ဖြစ်အောင် ကြံစည်နေတာဗျ ။ "
. . . . . . . (၁၄) နှစ်သား အရွယ်က ကျွန်တော် ပြောခဲ့ ဘူးတယ် ။

" နင်ကမိုးတွေစွေနေတုန်း မွေးခဲ့ တာ တော်တော်လေး ကသိကအောက် နိုင်လိုက်တာ " တဲ့  . . .
. . . . . . . ငယ်ငယ်က မေမေ ပြောခဲ့ ဘူးတယ် ။

" မိုးစွေတဲ့  နာမည်ကြီးကလည်း ဆိုးလိုက်တာ ဆလိမ် (ဆ) နဲ့ ဘာလို့  မဆွေတာလဲ " တဲ့  . . .
. . . . . . . တစ်ခါက ရည်းစားဟောင်းက ပြောခဲ့ ဘူးတယ် ။

" ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာတဲ့  ကြည့်ပါလား မွေးကတည်း က မိုးနဲ့ လာတဲ့ အကောင် " တဲ့ 
. . . . . . . ကိုယ့် ထ္မင်း ကိုစားပြီး ပါတ်ဝန်းကျင်ကပြောတာ ခံခဲ့ ရ ဘူးတယ် ။

မိုးသည်း (သဲ)တဲ့  ညတစ်ည chatting မှာ ချစ်သူနဲ့  တွေ့ ခဲ့ တယ် ။
မိုးသည်း (သဲ)တဲ့  ညတစ်ည ချစ်သူထားသွားလို့  နာကြင်စွာ စောင့် စားရင်း မိုးလင်းခဲ့ ဘူးတယ် ။
မိုးသည်း (သဲ)ထဲမှာ . . .
မိုးသည်း (သဲ)ထဲမှာ . . .
မိုးသည်း (သဲ)ထဲမှာ . . .

ဘာကြောင်ပဲ ဖြစ်ဖြစ် မိုးကိုမမေ့  နိုင်ပါဘူး ။ သူက ဘ၀မှာ အထင်ကရမို့ ပါ ။
ကဲ . . .
တစ်မိုးထဲ . . . မိုးနေကြသူများ အတွက် . . .


4 comments:

Anonymous said...

ကိုမိုးစွေ..

ခုလိုမိုးသီချင်းတွေ စုစည်းတင်ပြတာ ကျေးဇူးပါပဲ ။ တချို့သီချင်းတွေ အရမ်းကြိုက်လို့ ဘယ်မှာများ ဒေါင်း လုပ်ရမလဲ သိပါရစေ ။

Anonymous said...

downloade လုပ်လို့ မရပါဘူးခင်ဗျာာ ။
လိုချင်တာရှိရင် မေးလ် က ပို့ ပေးပါ့ မယ် ။ ကျေးဇူးတင်ပါတယ် ။ သီချင်းတော်တော်များများရှိသေးတယ်။

Anonymous said...

ကိုမိုးစွေ..

အရမ်း ကျေးဇူးပါပဲ .. အောက် ၄ပုဒ်ကို gyit_tu@yahoo.com ကို ပို့ပေးပါ ။

မွန်းအောင် - ရင်ထိမိုး
မာရဇ္ဇ -
စိုးပိုင် - မောင်ငိုမယ် မိုးသဲထဲမှာ
နေ နှင့် ဇင် -

Anonymous said...

ကျွန်တော်ပို့ လိုက်ပါပြီ ခင်ဗျာ ။