Sunday, June 3, 2007

ရင်ခုန်တတ်မှ ဖတ်

ကျွန်တော့်  ချစ်သူလေးက ဘ၀မှာ ဖိအားတွေ များလာတဲ့  အခါတိုင်း ကျွန်တော့် ကို ကွိုင်စား လေ့  ရှိတယ်။ ကျွန်တော် ကလည်း ချစ်သူလေး ရစ်တိုင်း အမျက်ဖြေ ကဗျောင်ရေး လေ့ ရှိတယ်။ရေးတာတော့  ကဗျာပါ ကျွန်တော့် ရဲ့  ထူးချွန်လှတဲ့  ရေးသားမှုကြောင့်  တစ်ချို့  ဆို မင်းရေးတာ ကချောင်လားလို့ တောင် မေးယူရတယ်။ ဘယ်သူတွေ ဘာပဲပြောပြော ချစ်တဲ့  သူက ကောင်းပါတယ် ဆိုမှတော့  ချစ်တတ်လွန်းတဲ့  ကျွန်တော် ရေးခဲ့  တာမှ ဒုနဲ့ ဒေး ၊ ရေးနေတာက တောင်တောင် အီအီ ၊ စိတ်မပျက်ပါဘူး ... ရေးဦးမှာ ။ ချီလီ ဖန်မလီ ( ငရုတ်သီး မိသားစု ) ရဲ့  သီချင်းလေးလိုပေါ့  ။ အခိုင်အမာ ပရိတ်သတ်က တစ်ယောက်ရှိရင် တော်ပြီ ၊ အဲဒီ ပရိတ်သတ် တစ်ယောက်ကလည်း ငါ့ ချစ်သူလေး ဟန်နီ... ။ မူရင်းသီချင်းစာသားမှာ ငါ့  ဂျီးဒေါ်ကြီး ဒေါ်သီ ဖြစ်ပါသည်။ ကော်ပီ ပါးပါးလေး လုပ်ထားတာပေါ့  ။ ဟိုနေ့  က ချစ်သူလေး က ပြောတယ်။ သူစိတ်အရမ်း ညစ်နေတယ်။ စာမေးပွဲ အတွက် စိတ်ဖိစီးမှုတွေ များနေတယ်တဲ့  ။ နဂိုကမှ ချစ်သူ့ အတွက် ရေးချင်တဲ့  သူ ၊ ကဲရေးပြီ ။ အောင်မြင်မှု အတွက် . . . ချစ်တတ် သူတို့ ဖတ်ရန်သာ . . .
ချစ်သူ . . . တွေဝေမနေပါနဲ့ ကွာ . . . ဘ၀ ဆိုတာ တိုက်ပွဲတွေရှိမှ အောင်မြင်မှုတွေ တန်ဖိုးရှိမှာ အနာဂတ် အတွက် . . . ။ ချစ်သူ . . . ဘ၀ရဲ့  လမ်းတွေပေါ်မှာ ဦးခေါင်းကိုမော့  ရင်ကိုကော့ ပြီး ယုံကြည်စွာနဲ့  မင်း . . . လျှောက်လှမ်းမယ်ဆို တိမ်မဲတွေ မငိုပါဘူး . . . ။ ချစ်သူ . . . ရှာဖွေ လေ့ လာမှု ဘ၀မှာ စာအုပ်ဟာ . . . ယုံကြည်မှု ဆိုတဲ့ သော့ ချက် မရှိမဖြစ် လိုအပ်လေရဲ့  . . . ။ ချစ်သူ . . . အောင်မြင်မှု ဆိုတာ ရှေးရှုဆောင်ရွက်တတ်သူ အတွက် ဆုလာဒ် တစ်ခုပါ . . .။ ချစ်သူ . . . ယုံကြည်မှု ဆိုတာ အောင်မြင်တဲ့  ဘ၀တိုင်းအတွက် မရှိမဖြစ် လိုအက်ချက်ပါ မင်း ကိုယ်မင်း ယုံကြည်လိုက်ပါကွာ . . .။ ချစ်သူ . . . ဘ၀ဆိုတာ ထင်သလောက် အနေမခက်ပါဘူး မနေတတ်ကြလို့ ပါ ။ နေတတ်အောင် နေနာ် . . .။ ချစ်သူ . . . ဘ၀ တိုက်ပွဲတွေအတွက် မင်းစိတ်ကို ခဏလောက် ဖြေလျှော့ ပါ ။ ဖြေလျှော့ လိုက်ပါ ။ အကြွင်းမဲ့  ဖြေလျှော့ လိုက်ပါ ။ ဒါပေမယ့်  တဒင်္ဂပဲနော် ဘာကြောင့် လဲ ဆိုတော့  အောင်မြင်မှု ဆိုတာ အမြဲတမ်း လျှောက်လှမ်းနေသူကိုမှ ကမ်းလင့် တဲ့ လက်တစ်ဖက်လေ . . .။ ချစ်သူ . . . ဓာတ်ပုံ ရိုက်တဲ့ အခါ တစ်ခါတလေ လူသေးသွားတတ်တယ် စိတ်မကောင်း မဖြစ်လေနဲ့ ၊ အဲဒါ . . . ကင်မရာ ကြီးလို့ မဟုတ်ပါဘူး။ လူသေးလို့ လည်း မဟုတ်ပါဘူး။ အယူအဆကြားမှာ အနေဝေးသွားလို့ ပါ။ ဘ၀မှာလည်း ဒီလိုပါပဲ . . . အောင်မြင်မှုက လေးပင်ပါဘူး။ လူကလည်း မဝေးချင်ပါဘူး။ ကြိုးစားမှု အင်အားမှာ ကွာခြားသွားလို့ ပါ. . .။ ချစ်သူ . . . ဘ၀ ဆိုတာ ပုဝါပါးအောက်က ပုစ္ဆာတစ်ပုဒ်ပါ လေပြေတွေကို ကျောခိုင်းပြီး စိန်ခေါ်သံတွေ ရင်ဆိုင်သွားမှ ပုဝါပါး ပျောက်သွားလိမ့် မယ် ဒီပုစ္ဆာ အဖြေ မင်းသိပါစေ . . .။ ချစ်သူ . . . တူညီမှုတွေ ထပ်တူညီနေကြရင် လောကဆိုတာ . . . ရင်ခုန်သံ မဲ့ တဲ့ စက် ဖြစ်သွားလိမ့် မယ်။ ရောင်စုံလူတွေ အကြားမှာ မင်းတစ်ယောက် တောက်ပဖို့ က မင်းကိုမင်း ယုံကြည်ခြင်းနဲ့  ဆိုင်မယ် ...။ ချစ်သူ . . . နေ့ သစ်တွေကို အပြုံးနဲ့  ထာဝရ နှုတ်ဆက်နိုင်ပါစေ။ ။

4 comments:

Anonymous said...

‌ကောင်းပ..

MOON ! said...
This comment has been removed by the author.
MOON ! said...

Nice Imagination!

pandora said...

ချစ်သူ . . . ဓာတ်ပုံ ရိုက်တဲ့ အခါ တစ်ခါတလေ လူသေးသွားတတ်တယ် စိတ်မကောင်း မဖြစ်လေနဲ့ ၊ အဲဒါ . . . ကင်မရာ ကြီးလို့ မဟုတ်ပါဘူး။ လူသေးလို့ လည်း မဟုတ်ပါဘူး။ အယူအဆကြားမှာ အနေဝေးသွားလို့ ပါ။
. . .။ ချစ်သူ . . . တူညီမှုတွေ ထပ်တူညီနေကြရင် လောကဆိုတာ . . . ရင်ခုန်သံ မဲ့ တဲ့ စက် ဖြစ်သွားလိမ့် မယ်။

စကားလုံးတွေက ရေရေလည်လည် လန်းတယ်ဗျာ ။