Sunday, June 3, 2007

တုတ်ထိုးမိတ်ဆက်

သုံးယောက်ပေါင်းလောင်းကျော်ပြီး လက်ဆော့တဲ့ ကောင်တွေ ... မင်းတို့မှာ လူအင်အားတောင့်နေတာတောင် ငါ့ကိုပါဆွဲထည့်သေးတယ် ... နောက်ဆိုရင် နှစ်ဘက်မိဘ ဆွေမျိုးတွေပါ ဖိတ်ပြီး ရေးခိုင်းဖို့ လုပ်ဦးမှာလား ... သောက်လိုက်စားလိုက်နဲ့ မအားရတဲ့အထဲ ... ပြီးတော့ ဘလော့ဂ်နဲ့ ငါက ဘုန်းကြီးနဲ့ ဘီယာလို လားလားမှ မနီးစပ်တာ သိလျက်နဲ့ ... အင်း ... ခက်တယ် ... အမှုတွဲ ထဲ ပါရတော့မယ် ... ရပါတယ် ... လုပ်ပေးရမှာပေါ့ ... ခုတော့ ရေးစရာ မရှိသေးဘူး ... မင်းတို့က အဝေးရောက်နေတဲ့ သူတွေများတော့ မြန်မာပြည်က အစားအစာတွေ ငတ်မှာ ပဲ ... ဒါကြောင့် ၀က်သားတုတ်ထိုး လက်ဆောင် ပေးလိုက်တယ်... အားလုံးအတွက် ... လုမစားကြနဲ့ ... ရန်ကုန်ပြန်ရောက်လို့ မင်းတို့ အင်းစိန်တန်းမရောက်ရင်လည်း ငါဖွင့် ထားတဲ့ဝက်သားတုတ်ထိုးဆိုင်ကို လာအားပေးကြဦး ...နေရာကတာမွေဗလီရှေ့မှာ ကင်မ်ဂျုံအီ တုတ်ထိုးဆိုင် ဆိုတာပဲ ... မြောက်ကိုရီးယား သမ္မတကြီးနာမည်နဲ့ ဖွင့်ထားတာ ... ငပိ နဲ့ ချဉ်ဖတ် ပြန်လည် ပေါင်းဖက်သွားတာကို ဂုဏ်ပြုတဲ့အနေနဲ့ပေါ့ .. အစိုးရကတောင် သဘောကျပြီး ဟန်းဖုန်း ၃ လုံးပေးသေးတယ် ... ငါ့မှာလည်း ၅ လုံး ရှိပြီးသား ဆိုတော့ ဆိုင်က အလုပ်သမားလေးတွေကိုပဲ ပေးလိုက်တယ် ... ကဲ .... တော်သေးပြီ ....



No comments: