Wednesday, July 4, 2007

အလွမ်း

ကောင်လေးရေ...

အပြင်မှာမိုးတွေရွာနေတယ်ဟာ... ငါ့စိတ်ကူးအတွေးတွေကလည်း ဟိုရောက်ဒီရောက်နဲ့ ငါ့ရဲ့စိတ်တွေက နင့်ဆီရောက်နေပြန်ပြီဟာ .. နင်မကောင်းဘူးကွာ .. ငါ့စိတ်တွေကို စိုးမိုးလွန်းတယ် ... အလုပ်မှာလည်း စိတ်ကနင့်ဆီမှာ .. အိမ်မှာဆိုလည်း နင့်ဆီစိတ်ရောက်နဲ့ .. တိတ်တိတ်လေး ချစ်နေရတဲ့ငါကတော့ အလိုလေးနဲ့လည်း ပျော်ရွင်နေတာပါဘဲ .. နင်ဆီကနေ .. နေကောင်းလား ကျန်းမာရေးဂရုစိုက်နော် ဆိုတဲ့စကားမျိုးကြားရင် .. ငါလေ.. မျက်ရည်တွေဝဲတဲ့အထိပျော်ရပါတယ် နင်နဲ့ငါ စကားတွေပြောတိုင်း အရမ်းပျော်တဲ့ငါလေ.. နင်ချစ်နေတဲ့ကောင်မလေးအကြောင်းပြောတော့ ငါမျက်ရည်ကျရတယ် .. ဒါတွေ နင်သိချင်မှသိမှာ .. နင်မသိအောင် ငါကျိတ်ငိုခဲ့ရတယ်.. နင်ပျော်ရွင်ဖို့အတွက်ဆို ငါအရာရာ ပေးဆပ်ရဲပါတယ် ကောင်လေးရယ် ..


ကောင်လေးရေ.. နင်ကလေ .. တခါတလေကျ သိပ်ဆိုးတယ် သိလား .. နင်လုပ်ချင်ရာကိုလုပ်ရမှကျေနပ်တယ်.. ခုလိုမိုးရွာနေချိန်မျိုးဆို .. နင်ကိုပိုသတိရတယ်ဟယ်.. နင်နဲ့ငါ မိုးရေထဲမှာ အတူလမ်းလျှောက်ခဲ့တာတွေ .. ကျောင်းကအပြန်.. ထီးပါရဲ့နဲ့ မပါဘူးဆိုလို့ နင်အလိုကျ ငါပါထီးမထုတ်ဖြစ်ဘဲ မိုးရွာထဲမှာ အတူလမ်းလျှောက်ခဲ့တာတွေ .. နင်သတိရရဲ့လားဟင် .. လွမ်းနေပါ့မလား .. ငါကတော့ ငါတို့နှစ်ယောက်ရဲ့ သူငယ်ချင်းဘ၀ကို အရမ်းတမ်းတမိတယ်ဟယ် ..ခုတော့ငါ့ဘေးမှာ နင်မရှိဘူးလေ.. ငါကိုထားပြီး နင်ကတော့ အဝေးတနေရာမှာ .. အလုပ်တွေလုပ်နေရင်းနဲ့ ငါ့ကိုသတိရနေမလား ... အရာရာကို နင့်အလိုကျ အလျှော့ပေးတတ်တဲ့ငါ့ကို နင်လွမ်းနေပါ့မလား .. ဒါမှမဟုတ်.. နင်သိပ်ချစ်တဲ့ကောင်မလေးကိုဘဲ သတိရနေမလား .. သိချင်လိုက်တာဟာ ....

1 comment:

Anonymous said...

Oh!
so romantics love story.
but you should belive somethings.
True love never stright.
Keep it on !