Tuesday, July 3, 2007

တိတ်တခိုးအချစ်

ကောင်လေးရေ..

ခုချိန်ဆို နင်ဘာတွေလုပ်နေမလဲ .. နင်သိပ်ချစ်တဲ့ ကောင်မလေးအကြောင်းတွေးနေမလား စာတွေကဗျာတွေ ၀ါသနာပါတဲ့နင်က စာတွေဘဲရေးနေမလား.. သိချင်စမ်းပါဘိ... ငါကတော့ နင့်ကို တိတ်တိတ်လေးချစ်နေမိတယ်ဟယ်.. ဟန်ဆောင်တာကိုမုန်းတယ်လို့ တချိန်လုံးဟစ်နေတဲ့ငါလေ.. ခုတော့ နင့်ရှေ့မှာ နင်မသိအောင် သူငယ်ချင်းကောင်းပုံစံနဲ့ ဟန်ဆောင်နေတတ်ခဲ့ပြီပေါ့ .. နင့်ချစ်သူလေးအကြောင်း အားပါးတရနဲ့ ငါ့ကို လာလာပြောတိုင်း .. ငါ့မှာတော့ ရင်ကွဲနာကျ နာကျင်ကြေကွဲစိတ်ကို နင်မမြင်သာအောင် ဟန်ဆောင်နားထောင်ခဲ့ရတာတွေ နင်သိပါမလားဟင်..


ယောက်ျားနဲ့မိန်းမ ယောက်ျားလေးက စတင်ရတယ်ဆိုတဲ့ သဘာဝတရားကြီးသာ မရှိခဲ့ရင် .. ငါလေ .. ခုလိုဟန်ဆောင်နိုင်ပါ့မလား ... နင်တဲ့ စကားတွေပြောခဲ့ပြီးလို့ ငါအိမ့်ငါ ပြန်ရောက်တိုင်း ငါအမြဲ ငိုခဲ့ရတယ်.. ဒါတွေနင်သိချင်မှသိမှာပါဟာ .. ငါကတော့ နင့်ကို အမြဲချစ်နေမှာပါဟာ.. နင့်နားမှာ ငါထာဝရ ရပ်တည်နေမှာပါ .. ငါ့ဘ၀မှာ ထားခဲ့ဘူးတဲ့ မာနတရားတွေလည်း နင့်ဆိုရင် ကွယ်ပျောက်ခဲ့ရပါပြီဟယ်... နင့်သိလား .. နင့်အသံကို စကြားထဲက စွဲလန်းရတဲ့ငါလေ.. နင့်ကိုမြင်တော့ ပိုချစ်မိသွားတာ ဘယ်လိုတတ်နိုင်မလဲဟယ်... နင်ကတော့ ဒါတွေသိမှာ ဟုတ်ဘူးနော်.. ငါ့သူငယ်ချင်းတွေက ငါ့ကိုပြောတယ် နင်က ချောလဲမချောဘဲနဲ့ ဘာလို့ချစ်ရတာလဲတဲ့ ငါ့မှာ ဖြေစရာအဖြေမရှိခဲ့ဘူးဟယ်... နင့်ကိုချောတယ်လို့ ဘယ်သူကိုမှလည်း မပြောခဲ့ပါဘူး .. နင့်ကို ချစ်တာ .. နင်နဲ့ငါ ၀ါသနာချင်းနီးစပ်လို့ရယ် .. အဓိကအချက်ကတော့.. နင်ရဲ့ မွန်မြတ်တဲ့ စိတ်ထားကိုပါဟာ .. ငါလေ ... တခါတလေတွေးမိတယ် .. နင်ချစ်တဲ့ကောင်မလေးက ငါသာဆိုရင် .. ငါအရမ်းပျော်မှာဘဲဟာ .... နင်စိတ်ချမ်းသာမယ်ဆိုရင် .. ငါလေ.. နင့်အတွက်ဘာမဆိုပေးဆပ်ရဲပါတယ် ကောင်လေးရယ် ..

2 comments:

Unknown said...

tate ta khoe chit ma nay nae lay byar>>thu ko chit nay tar ko ba lo thi thwar aung loat ya ma lal pal sin sar kyi pa lar>>>

Anonymous said...

ညီမလေးရဲ့  စာစုကို ဖတ်ရတာ ရင်ထဲမှာ ထိထိမိမိကို ခံစားရပါတယ် ။ ပေးဆပ်ခြင်း ဆိုတဲ့  အချစ်ကိုလည်း နားလည်မိတယ် ။ ကြိုးစားပါ ... အမြဲတမ်း အားပေးနေမှာပါ ။