Monday, July 2, 2007

နှလုံးသားပြတိုက်ထဲက ဂျစ်ကန်ကန် ၀တုတ်မလေးတစ်ယောက်ရဲ့  ပုံရိပ်များ

ဝတုတ်မလေးရေ . . .
မတ်လ ၂၀၀၇ ဆိုတာ ငါ့ ရဲ့ သမိုင်းမှာ မှတ်မှတ်ရရ နေ့ လေး တစ်နေ့ ပေါ့  ။ အဲဒီလရဲ့  ညနေခင်းလေးတစ်ခုမှာ နင်နဲ့ ငါ စတွေ့ ခဲ့ ကြတယ်လေ . . . ။ သူများတွေလို ကောင်းကင်ပြာပြာကြီးရဲ့  အောက်မှာ ချစ်သူလှလှလေးကို စပြီးတွေ့ ခဲ့ ရသလိုမျိုး မဟုတ်ခဲ့ပါဘူး ။

အခု ကမ္ဘာဟာ ရွာကြီးပါလို့  ပြောနေကြတဲ့  ဂလိုဘယ် လိုက်ဇေးရှင်းခေတ်ရဲ့  မလင်းတလင်း မီးအလင်းရောင် အောက်က အဲယားကွန်းငွေ့ တွေ ဝေနေတဲ့ ကော်ဖီအိမ် ကြီးရဲ့  နံရံတစ်ဖက်ခြား လျှပ်စစ်စီတန်းကနေ နင်နဲ့ ငါ စတင်ဆုံစည်းခဲ့ ရတာလေ ။ အဲဒီလို မျိုးဆုံစည်း ခဲ့ ရမယ်လို့  ငါဘယ်တုန်းကမှ တွေးထင်ခဲ့ တာ မဟုတ်ဘူး ။

Hi . . . ဆိုပြီး ၊ ငါရဲ့  နှလုံးသားမှာ နင်ခြေရာလာချတဲ့ နေ့ ပေါ့  ။ အဲဒီတုန်းက နင်ဟာ ငါ့ နှလုံးသားကို သိမ်းပိုက်သွားမယ့်  သူမှန်း ငါတစ်ကယ်ကို မသိခဲ့ ပါဘူး ။နင်ရော ကြိုတင်ပြီး သိနေခဲ့ လေသလား ? တကယ်လို့ သာ နင်ကသာ ကြိုသိများသိနေခဲ့ ရင်. . .


ငါ . . . စသိခဲ့ တုန်းက နင်ဟာ ကောင်မလေးတွေထဲက သာမန်ကောင်မလေး တစ်ယောက်အဖြစ်နဲ့ ပေါ့  ။ နောက်မှ ငါသိခွင့် ရခဲ့ တာ နင်က ကောင်မလေးတွေထဲက ၀တုတ်တုတ် ၊ ပေကပ်ကပ်၊ ဂျစ်ကန်ကန် နဲ့  ငါ့ ကို အနိုင်ယူမဲ့  ကောင်မလေးတစ်ယောက် ဖြစ်ခဲ့ မှန်း ငါသိခဲ့ ရတယ် ။ ဒါပေမယ့် နောက်ကျခဲ့ ပြီဟာ . . . ဘာဖြစ်လို့  လဲဆိုတော ငါဘက်က ကြိုတင်ပြင်ဆင်ချိန်မရခဲ့ ခင် နှလုံးသားက မင်းကို လေးလေးနက်နက်နဲ့  ထာဝရတစ်နေရာစာ ပေးခဲ့ မိလို့ ပဲ ။

၂၇.၄.၂၀၀၇ . . . . .
နင်နဲ့ ငါ စကားပြောဖို့  ချိန်းထားပြီး အခက်ခဲ တစ်ခုကြောင့်  ငါ မရောက်ခဲ့ ရဘူး ။ ငါရောက်မလာလို့ ၊ နင်ငါ့ ကို မျှော်နေတယ်လို့  မထင်မှတ်ပဲ အံ့ သြခဲ့ ရတယ် ။ အဲဒီအတွက်လည်း စိတ်မကောင်း ဖြစ်ခဲ့ ရတယ် ။ ဘာကိုမှ အလေးအနက် မထားတတ်တဲ့  ငါလေ ဒီနေ့ လေးကို ဒိုင်ယာရီမှာ ရေးမှတ်ထားသလို ငါ့ စိတ်ထဲမှာလည်း စွဲထင်နေအောင်ကို မှတ်ထားကာ နောင်ကို ဒီလိုမျိုး မဖြစ်စေရဘူး . . . လို့  ဒါ ဆို ဒီနေ့ လေးအတွက် နင်ငါ့ ကို ကျေနပ်နိုင်မှာပါ ။

၃.၅.၂၀၀၇ . . . . .
ဒီနေ့ လေးကို နင်မှတ်မိနိုင်ပါဦးမှာလား ? မင်းရဲ့ ရိုးသားပွင့် လင်းတဲ့ မေးခွန်းကြောင့်  ဂယောင်ချောက်ခြားနဲ့  ပုံစံမကျတဲ့  ရည်းစားစကားနဲ့  ငါနင့် ကို ချစ်ခွင့် ပန်တဲ့  နေ့ လေးပေါ့  ။ တစ်နေ့  တစ်ခြား မင်းအပေါ်မှာ ငါ့ ရဲ့ အချစ်စိတ်တွေပိုများလာခဲ့ တယ် ။ မြိုသိပ်ရလွန်းလို့ လဲ ငါ့ ရင်တွေ မွန်းကျပ်နေတယ် ။ တစ်ကယ်တန်း ကျတော့  ငါဖွင့် မပြောရဲခဲ့ ဘူးကွာ .။ ဖွင့် မပြောရဲဘူး ဆိုတာထက် ဖွင့် မပြောရက်ခဲ့ တာပါ ၀တုတ်မလေးရေ . . . ။

ငါ့ ဘ၀ ငါ့ အခြေအနေကို ငါအသိဆုံးပါ ။ ငါကိုယ်တိုင် ပျော်ရွင်နေရတဲ့  ငါ့ ရဲ့ စိတ်ကူးယဉ် အိမ်မက်လေးကို ငါ . . . မဆုံးရှုံး ချင်ဘူး ။ အဲဒီအိမ်မက်လေးထဲမှာဘဲ နင့် ကိုငါ ချစ်နေချင်တာ ။ နင်မသိနိုင်တာ ကလွဲရင် ငါ့ အိမ်မက်ကလေး ပျောက်ဆုံးသွားမှာမှ မဟုတ်တာ . . . ။ နင်ကတော့  ငါ့ ကို အမြဲတမ်း အားပေးပါတယ် . . . ချစ်တဲ့ သူရှိတာပဲ ကိုကစပြီး ဖွင့် ပြောလိုက်ပါလားတဲ့  ။ ဒါမှ ရင်ထဲမှာ ပေါ့ ပါးသွားမှာပေါ့ တဲ့  ။ မထင်မှတ်ပဲ နင် ငါ့ ကို မေးခွန်းလေးတစ်ခု မေးလာတယ်နော် . . . ငါ ချစ်တာ ကယ်ကောင်မလေးလဲ ? တဲ့  ရိုးရိုးသားသားနဲ့  ပွင့် ပွင့်  လင်းလင်း ပြောရအောင်တဲ့  ။ နင် ငါ့  ကိုခင်ရင် အခုပြောကို ပြောရမယ်တဲ့  ။ မပြောရင် ငါနင့် ကို မခင်တော့ ဘူးတဲ့  ။ ငါဘယ်လို ပြောပြရမလဲ ၀တုတ်မလေးရေ . . . ။ ငါကြံရာမရတဲ့  အဆုံး နင့် ကိုငါချစ်နေတာပါလို့  ပြောမိခဲ့ တယ် ။

ဘယ်လောက် အံ့ သြစရာကောင်းခဲ့  သလဲ ?
နင်ကတော့  ငါ့ ကို ရယ်ကျဲကျဲနဲ့  အခုနင့် ရင်ထဲမှာ ပေါ့ သွားပြီ မဟုတ်လားတဲ့  ။ နင့် ရင်ထဲမှာ ပေါ့ သွားအောင် ငါ လုပ်ပေး လိုက်တာတဲ့  ။ ဘယ်လောက်ကြည်နူးစရာ ကောင်းလိုက်သလဲ ... နင် ငါ့ ကို နားလည်ပေးခဲ့ တယ်နော် ။ တကယ်ပါပဲ အခု ငါ့ ရင်ထဲမှာ ပေါ့ ပါးသွားခဲ့ ပြီလေ . . .
ကျေးဇူးပါပဲ ၀တုတ်မလေးရေ . . . ။

၂၅.၅.၂၀၀၇ . . . . .
ဝတုတ်မလေးရေ . . .
ဒီနေ့ လေးကို ငါ့ ဘ၀မှာ ဘယ်တော့ မှ မေ့ မှာမဟုတ်ပါဘူး ။ ငါ့  မွေးတဲ့ နေ့ တောင်မှ ငါ မေ့ ရင်မေ့ နိုင်လိမ့် မယ် ။ နင်ငါ့ ကို ချစ်တယ်လို့  အဖြေပေးခဲ့ တဲ့  ဒီနေ့  လေးကို ငါအမြဲတမ်း သတိရနေမှာပါကွာ ။

အခုဆို ငါ့ ဘေးမှာ ငါ့ ကို နားလည်ပေးမယ့်  ၊ အားပေးစကားတွေ ပြောပေးမယ့်  တီးတိုးတိုင်ပင်ဖေါ် ၀တုတ်မလေးတစ်ယောက် ရှိနေပြီပေါ့ ကွာ ။ ဂျစ်ကန်ကန် ၊ ပေကတ်ကတ် နိုင်တာကလွဲရင် ငါ့  ရဲ့  ဘ၀အမောတွေ ကြားထဲဝင်လာရဲတဲ့  နင့်ကို ကျေးဇူးပါပဲ ၀တုတ်မလေးရေ . . . ။

အရင်ကဆို ၀၀တုတ်တုတ် ကောင်မလေးတွေမြင်ရင် ပြုံးစိစိ နဲ့  သဘောကျတတ်တဲ့  ငါ . . . ၊ အခုဆိုရင် ၀တုတ်တုတ် ကောင်မလေးတွေကို တွေ့ ရင် နင်ဖြစ်နေမလားလို့  လိုက်ကြည့်ပြီး ၊ စိတ်ကူးယဉ် အပြုံးလှလှလေးတွေကို ငါဖန်တီးနေတတ်ခဲ့ ပြီ ။ Because of you ဒါတွေဟာ မင်းကြောင့် ပေါ့  ၀တုတ်မလေးရေ ။ ကျေးဇူးလည်း တင်တယ် ၊ အမြင်လဲ ကတ်ချင်တယ် ငါ့ ကို နိုင်စားလွန်းတဲ့  နင့် ရဲ့ စိတ်ကိုပေါ့  ။

နင့် အတွက် အမှတ်တရရယ်လို့  လုပ်ပေးခဲ့ တဲ့  ငါမြတ်နိုးတဲ့  အရာတွေ တော်တော်များများကို နင်အမြဲဖျက်တတ်တယ်နော် ။ ငါ့ကို နာကျင်အောင်လုပ်နေတာလား ၀တုတ်မလေးရေ . . . နင်နဲ့  ပါတ်သက်တဲ့  အရာမှန်သမျှ ဘာမဟုတ်တဲ့  ကိစ္စလေး တသ်ခုတောင် ငါ ခံစားတတ်လွန်းတာ နင်မသိရော့  လေသလား ?သိရဲ့  သားနဲ့  ငါ့ ကို နာကျင်စေချင်လို့ လား ? ဒါမှ မဟုတ် နင် အမြဲပြောပြောနေတဲ့  ငါကိုချစ်တယ်ဆိုတာကို ပြနေတာလား ? မေးခွန်းတွေကို မေ့ ထားရင်း ပိုချစ်နေနိုင်အောင်ပဲ ငါ ကြိုးစားခဲ့ တယ်လေ . . . ။

ဝတုတ်မလေးရေ . . .
တစ်ခါတစ်လေ နင်ငါ့ ကို စိတ်ဆိုးရင် နင်အမြဲပြောတတ်တဲ့  ချစ်သူဘ၀ ခိုင်မြဲဖို့ ဆိုတာ ချစ်နေရုံနဲ့  မပြီးဘူး ။ ယုံကြည်မှု နားလည်ပေးမှုတွေလည်း လိုအပ်တယ်လို့  နင်ငါ့ ကို ပြောခဲ့ တယ်နော် ။ နင်ရဲ့  အရှေ့ မှာ ငါ မမေး.ရက်ခဲ့ တဲ့  မေးခွန်းလေး တစ်ခုကို အခုငါ နင့် ကိုမေးကြည့်ချင်တယ် ။ နင်မေးခဲ့ တဲ့  မေးခွန်းလေး အတွက်ပါပဲ . . .

အဲဒီ " ယုံကြည်မှု ၊ နားလည်ပေးမှုတွေဟာ ဘယ်ကနေ ဖြစ်တည်လာတာလဲ " လို့  . . .

နင်မသိခဲ့ ရင် ငါ ပြောပြမယ် ။ အဲဒီယုံကြည်မှု နားလည်ပေးမှု တွေဟာ အချစ်ကနေ ဖြစ်တည်လာတာ . . . ဟ ။ တကယ်ချစ်တတ် မှ အဲဒီအရာတွေကို မွေးမြူလို့  ရတာ . . . ဟ ။ နင်ပြောတဲ့  ယုံကြည်မှု နားလည်ပေးမှုတွေကို တည်ဆောက်နိုင်တာ ချစ်တာတစ်ခုတည်းနဲ့  မပြီးဘူးဆိုတဲ့  နင့် ရဲ့  စကားကို ငါ့  ရဲ့  ချစ်စိတ်ကြောင့်  ငါ မငြင်းရက်ခဲ့ ပါဘူး . . . ၀တုတ်မလေးရေ . . .။

နင်ငါနဲ့  စကားတွေ ပြောနေရရင် အရမ်းပျော်တာပဲလို့  ငါ့ ကိုနင် ပြောခဲ့ ဘူးတယ် ။ နင့် ကို ပျော်ရွင်စေချင်တဲ့  ငါဟာ . . . ငါကိုယ်တိုင်လည်း နင်နဲ့  စကားတွေပြောနေရရင် အရမ်းပျော်တာပဲ လို့  နင့် ကိုပြန်ဖြေရင်း တိတ်တခိုးနာကျင်ခဲ့တယ် ။ ငါ့ ရဲ့  စိတ်ထဲမှာလည်း စိုးထိတ်ခဲ့ မိတယ် ။

ငါနဲ့  စကားပြောရတာ နင်ပျော်လို့ များ ငါ့ ကို ချစ်ခဲ့ တာလား ? ၀တုတ်မလေးရေ . . .

အဲဒီလို မဖြစ်ပါရစေနဲ့ လို့  ငါဆုတောင်းနေမိတယ် ။ ဒီလိုဆို ငါ့ ကို မချစ်ပါနဲ့  ၀တုတ်မလေးရေ . . . နင်ပျော်မယ်မယ်ဆိုရင် နင်ပြန်မချစ်လည်း နင်ပျော်ရွင်ဖို့  . . . နင့် ကိုနေ့ တိုင်း ၊ နေ့ တိုင်း ငါ စကားတွေလာပြောပေးမှာပေါ့  ။ ငါပေးဆပ်နိုင်သမျှထဲက အားလုံးပေး ဆပ်ပြီး နင့် ကိုချစ်ချင်တဲ့  သူပါ ။

တစ်ခါတစလေ နင်ငါ့ကို စိတ်ဆိုးပြီး အရွဲ့ တိုက်တာ ၊ ဂျစ်ကန်ကန် လုပ်တာလေးတွေက နင်ငါ့ ကို တန်ဖိုးမထားသလို မျိုး ခံစားရရင် ငါထိန်းချုပ်ထားတဲ့ ကြားက ငါ့ မာနတွေ ပေါက်ကွဲခဲ့ ရတယ် ။ အဲဒီ မာန အပိုင်းအစလေး တစ်ခု နင့် ကို သွားမှန်လို့  နင်နာကြင်ခံစား ရရင် ငါ့  ကိုယ်ငါ နာကျည်းခဲ့ ရတယ် ။ အဲဒီညက ငါ့  ကိုယ်ငါ ဒဏ်ခတ်တဲ့ ညပေါ့  ။ ( ဟန်နီကယ် ဘီယာ (၃) ဗူး + အာလူးကြော် နဲ့ ပေါ့  ) ငါအတွေးထဲမှာ စီးမျှောရင်း ငါ့ ကိုယ်ငါ ဒဏ်ခတ် နေမိတယ် ။

နင်အမြဲ ပြောခဲ့ တဲ့ ငါနဲ့ အတူနေရင် ငါကြိုက်တတ်တဲ့ 
ရှမ်းခေါက်ဆွဲ ကို နင်ကိုယ်တိုင် ချက်ကျွေးမယ် ဆိုတဲ့  နင့်ရဲ့  စကားသံ ၀ဲဝဲလေးကို ငါလွမ်းတတ်နေပြီဟာ ။ နင့် ရဲ့  အကျွမ်းကျင်ဆုံး ဟင်းချက်နည်းထဲက ကြက်ဥကြော် နဲ့  ကြက်ဥပြုတ် ကိုလည်း ငါတောင်းတနေမိတယ် ။ နင့် ရဲ့  ငြုတ်သီးထောင်း စပ်စပ်လေးကို ငါမကြိုက်ပေမယ့်  . . . နင် ငါ နဲ့  အတူရှိနေခဲ့ မယ်ဆိုရင် ငါ စားနိုင်ပါတယ် ။

နင့် ကြောင့် ပေါ့  ၀တုတ်မလေးရေ . . .
တရုတ်သီချင်းတွေကို မကြိုက်တတ်တဲ့ ငါ . . . အခုဆို နင်ကြိုက်တတ်တဲ့  တရုတ်သီချင်းတွေကို မြတ်နိုးတတ်လာသလို ၊ J.J Line ဆိုတဲ့  နာမည်ကိုလည်း ရင်းနှီးလာတယ် ။ DAOLANG ရဲ့  သီချင်းတွေကိုလည်း ငါခံစားတတ်နေပြီဟာ ။ နင်ပေးထားတဲ့  ဝေါ်ရှန်းနေ(နီ) / I Miss You ဆိုတဲ့  တရုတ်သီချင်းလေး က ငါ့ ရဲ့  အသဲစွဲ ပေါ့  ။ နင်မကြိုက်တတ်တဲ့  Hip Hop သီချင်းတွေ ကိုတောင် ငါနားမထောင်ဖြစ်တော့ တဲ့ အထိပေါ့  ။ နင်နဲ့ အတူ တစ်ဖက်ထဲမှာ အတူရှိနေချင်တဲ့ ငါလေ နင်စီးတတ်တဲ့  အနီရောင် ကတ္တီပါ ဖိနပ်လေးကိုတောင် လိုက်စီးဖို့  ငါ စဉ်းစားမိတယ် ။ ( တို့  ကို ရာဇာလို့  ပါတ်ဝန်းကျင်က မပြောရင် ပေါ့ လေ . . . )

နင်နဲ့ ငါ ချစ်သူဘ၀မှာ ရွှေတိဂုံ ဘုရားကို မရောက်ဘူးသေးသလို ၊ ကန်တော်မင်္ဂလာ ပန်းခြံကိုလည်း မရောက်ဘူးသေးပါဘူး ။ သမ္မတ ရုပ်ရှင်ရုံမှာလည်း ရုပ်ရှင်ကြည့်ဖို့ ဆိုတာလည်း ဝေးပေါ့  ။ သူများတွေလို K.L.C.C အမွှာညီနောင် မျှော်စင်ရဲ့ STARBUFF ကော်ဖီဆိုင်မှာ ကော်ဖီတစ်ခွက်ကို (ပိုက်ဆံ မလောက်၍ ) နှစ်ယောက် အတူ သောက်ရင်း သင်းပျံ့ တဲ့  ကိုယ်သင်းနဲ့  လေးလည်း ငါ မဖလှယ်ခဲ့ ဘူးပါဘူး ။ ကိုယ်တို့ သာ အဲဒီလိုမျိုး အခွင့် အရေးရခဲ့ ရင် ပိုက်ဆံမလောက်မယ့်  အတူတူ နေကြာစေ့  တစ်ထုပ်နဲ့  ၊ ရေသန့် ဘူး တစ်ဘူး ၀ယ်ပြီး . . . K.L.C.C ပန်းခြံထဲ က ရေပန်းလေးနားမှာ ထိုင်ရင်း နင့် ကို နေကြာစေ့  ခွံကြွေးမှာပေါ့  . . . ၀တုတ်မလေးရယ် ။ အဲဒါမှ ပိုပြီး Romantics ဖြစ်မယ်ထင်တာပဲ ။ နင်ငါ့ ကို ခွင့် ပြုမယ်ဆိုရင် နင့် လက်ကလေးကို နွေးနွေးထွေးထွေး ဆုပ်ကိုင်ထားမှာပေါ့  . . . ၀တုတ်မလေးရေ . . . ။ ( coffee သောက်တတ်ရုံ သက်သက်နဲ့  K.L.C.C ကို လျှောက်ပါတ်နေတဲ့  မြစ်ကောက် ကို ချောက်ချနေခြင်း မဟုတ်ပါ . . . )

ဘာပဲဖြစ်ဖြစ် ၀တုတ်မလေးရေ ...
ငါ့ ရဲ့ အနာဂတ်နေ့ တွေထဲမှာ ငါ . . . ဟာ လဲပြိုလိုက် ၊ ပြန်ထလိုက်နဲ့  သက္ကရာဇ် တွေကို တစ်ခုစီ ဖဲ့ စားရင်း နင်နဲ့  ပြန်ဆုံမယ့်  နေ့ ကို မျှော်လင့် မိတယ် ။ ငါမျှော်လင့် မိပေမယ့်  အားတင်းပြန်လာရမယ့်  နင့်  ရင်ခွင် ငါ့ အတွက် ခြောက်သွေ့ နေမှာ ကို ငါ ကြောက်တယ် . . . ။

မာယာကြွယ်တဲ့  လောကကြီးမှာ သစ္စာကို ရင်မှာတည်ပြီး ၊ မာယာမပါတဲ့ စကားတစ်ခွန်းကို ငါပြောချင်တယ်ဝတုတ်မလေးရေ...
ငါ့ ရဲ့ နောက်ဆုံး ထွက်သက်တွေအထိ မပြောင်းလဲတဲ့  ချစ်ခြင်းနဲ့  နင့် ကိုငါ အမြဲတမ်းချစ်နေမယ် ။

နင် ဟာ . . .
ငါ့ ရဲ့  . . .
နှလုံးသားပြတိုက်ထဲက ဂျစ်ကန်ကန် ၀တုတ်မလေးတစ်ယောက် ပါပဲ ... ။

1 comment:

နှင်းမိုးဝေ said...

ခံစားမှုစာစုလေးက အရမ်းကောင်းတယ်ဗျာ။ တကယ်ခံစားရပါတယ်။ ကိုယ်တွေ့မှတ်တယ်နော် ကိုကြီး။