Saturday, July 21, 2007

သူတို့

မွှေးကြိုင်လှ သူတို့ရနံ့က
အဝေးတနေရာ၏
ဟိုတုန်းကပျော်စရာ အတိတ်ပုံရိပ်တွေဆီ
ပြန်လည်ခေါ်ယူလို့သွား ။


ရန်များသောဤကမ္ဘာ၌
ဆူးများနဲ့နှင်းဆီလို
ဘေးမသီရန်မခ ၊ လုံခြုံနိုင်ခြင်းမရှိ
အားနွဲ့ လှ သူတို့ဘ၀ ။

မက်မောစရာ ပန်းနှင်းဆီလို
မူးရွတ်သွားအောင်ဆွဲဆောင်နိုင်မှု
သူတို့မှာမရှိ
ပကာသနကင်းမဲ့
ရိုးသားလှ သူတို့အလှ ။

သို့ပါသော်လည်း
တခြားသောအရာများနှင့်မတူ
အားလုံး၏နှလုံးသားထဲ
အစဉ်မြတ်နိုးခံနေရ
ကံထူးတဲ့ သူတို့လေးတွေရယ် ။

တိုက်ခိုက်နေထိုလေရူးနဲ့အတူ
တဖွဲဖွဲကျဆင်းနေ
ဖြူဝါရောင်ထိုအရာလေးများ
သြော်.. ခရေပန်းလေးတွေပါလား ။

No comments: