Saturday, July 21, 2007

ရွှေမင်းသား ရဲ့ အိပ်မက် အပိုင်း(၁)

ရွှေမင်းသား ရဲ့ အိပ်မက် အပိုင်း(၁)
ကိုရင်သြ ရဲ့ ကောင်းမှုကြောင့်
ရွှေမင်းသား ရဲ့ အိပ်မက် ရှင်သန်ခဲ့ပါပြီ။အိပ်မက်ကို အသက်သွင်းသောသူများနှင့် အားလုံးသော အိပ်မက်မက်သူများ မဂ်လာပါ....လို့နှုတ်ခွန်းဆက်လိုက်ပါတယ်။
ခံစားမိတဲ့ ကဗျာလေး တစ်ပုဒ်ကို ရေးလိုက်ပါတယ်။

အရာအားလုံးထက်
မင်းရဲ့ အပြုံးတစ်ပွင့်ကြောင့်
ငါ့ရဲ့ အသည်း ဟက်တက်ကွဲပါစေ......
ထာဝရထိတိုင်အောင် စွဲလန်းတမ်းတနေမှာ............

မင်းရဲ့ အပြုံးတစ်ပွင့်ကြောင့်
မနုဿလူသားအားလုံး ရူးသွပ်ခဲ့ကြပါစေ.....
ရူးသွပ်မှုမှာ သာယာနေမှာ............

မင်းရဲ့ အပြုံးတစ်ပွင့်ကြောင့်
လောကလူသားအားလုံး ဇီဝိန်ကြွေပါစေ.....
အဲဒီ အပြုံးလေးကိုပဲ မက်မောတမ်းတနေမှာ......

မင်းရဲ့ အပြုံးတစ်ပွင့်ကြောင့်
ပန်းလေးတွေ ပွင်ြ့ကကြေးဆို
ငါ့ရင်ခွင် ဥယျာဉ်ထဲမှာ ပန်းပေါင်းစုံဝေဆာနေမှာ........

မင်းရဲ့ အပြုံးတစ်ပွင့်ကြောင့်
ငါ့ဘဝ တစ်စစီ ကွဲကြေလည်း......
ကြေကွဲသွားတဲ့ အပိုင်းအစ အဖြစ်
အမြတ်တနိုး အလေးထား နေမှာ..............

မင်းရဲ့ အပြုံးတစ်ပွင့်ကြောင့်
လူသားအားလုံး မင်းကိုချစ်နေလည်း........
သူတို့အားလုံးထက် မင်းကို ပို ချစ် နေမှာ................။
ရွှေမင်းသား(အိပ်မက်အိမ်)

No comments: