Wednesday, July 25, 2007
ခေတ်တခေတ်၏ အတ္ထုပ္ပတ္တိ (သို့မဟုတ်) ကမ္ဘာကို ဘီးများပေါ်တင်ခြင်း
စာအုပ်အမည်၊ ၊ မော်တော်ကားတစင်း၏ အထုပတ္တိ (The Life of Automobile)
စာရေးသူ၊ ၊ အီလျာအာရင်ဘါဂ် (၁၈၉၁-၁၉၆၇)
ဘာသာပြန်သူ၊ ၊ မြသန်းတင့်
ထုတ်ဝေသူ၊ ၊ ဦးတင်အုန်း။ မိုးမင်းစာပေ။ အမှတ် ၉၃ ။ လေးဒေါင့်ကန်လမ်း ။သင်္ဃန်းကျွန်း ။ရန်ကုန်၊
ခေတ်တို့သည် ဖန်တီးတည်ဆောက်မှုမျုားဖြင့် ရွေ့လျှားကြသည်၊ ထို့အတူ ကမ္ဘာသည်လည်း ခေတ်နှင့် အတူ လိုက်ပှါု ရွေ့လျှားရသည်၊ ကမ္ဘာပေါ်တွင် မှီတင်းနေထိုင်သူအားလုံးသည်လည်း မိမိဆန္ဒရှိသည်ဖြစ်စေ။ မရှိသည်ဖြစ်စေ ခေတ်နှင့် အတူ ရွေ့လျားမျောပါ ကြရသည်၊ မလိုက်နိုင်သူများကတော့ ဤအတိုင်းသာ ကျန်ရစ်ခဲ့ကြသည်၊ ရှေးခေတ်ဟောင်း များကို လွမ်းမောတမ်းတသူများအဖြစ်နှင့်၊ ပြီးတော့ သမိုင်း ကလည်း သူတို့ကို ချန်ရစ်ခဲ့သည်၊
ရုရှားစာရေးဆရာဖြစ်သည့် အီလျာအာရင်ဘတ် (၁၈၉၁-၁၉၆၇) (ပါရီကျဆုံးခန်း။ နှင်းခဲပျော်ချိန် (The Thaw)/ Memorials)ရေးခဲ့သူ) ၏ “မော်တော်ကားတစင်း၏ အထုပတ္တိ (The Life of Automobile)” အမည်ရ ၀တဤျုကို ကွယ်လွန်ခဲ့ပြီဖြစ်သော (ဆရာ) မြသန်းတင့် က မြန်မာဘာသာပြန်ဆိုခဲ့သည့် ပထမအကြိမ်ထုတ် စာအုပ်ကို ဖတ်ခဲ့ရသည်၊ ဘာသာပြန်သူ၏ အမှာအရဆိုလျှင် ဤ၀တ္ထုသည် “၀တ္ထု မဟုတ်သော ၀တ္ထု” (non fiction novel) သို့တည်းမဟုတ် (Non-fiction fiction) ဟု ခေါ်ကြောင်းဖော်ပြထားသည်၊ ဆိုလိုသည်မှာ တကယ်ဖြစ်ပျက်နေသည့် အဖြစ်အပျက်များ ကိုဖော် ကျူးခြင်း ဖြစ်သည်၊ စိတ်ပိုင်းဆိုင်ရာ စဉ်းစားချက်များမဟုတ်ဘဲ လက်တွေ့ ဘ၀၏ အချက်အလက်များကို အကွင်းလိုက်။ အကွက်လိုက် ဖော်ပြခြင်းသာ ဖြစ်သည်၊
သို့သော် ဤ၀တ္ထုသည် ကားတစင်း၏ အထုပ္ပတ္တိမျှသာ မဟုတ်၊ မော်တော်ကား ဖြစ်ပေါ်တိုးတက်လာသည့် ကာလအတွင်းမှ နိုင်ငံရေး။ စီးပွားရေး။ လူမှုရေးတို့ကို ဆက်စပ်ဖော်ပြထားသည်၊ ထို့အပြင် လူမှုဆက်ဆံရေးအသွင်များ။ စီးပွားရေးဆိုင်ရာ အကျိုးအမြတ်ရလိုမှုများ။ မဟာမိတ်အချင်းချင်း နောက်ကျောဒါးနှင့် ထိုးသည့် အပြုအမူများ စသည်တို့ကို တွေ့ရသည်၊ သို့အတွက် ဤ၀တ္ထုသည် သာမန်ကဲ့သို့ မဟုတ်ဘဲ မော်တော်ကား တစင်း ဖြစ်ပေါ်လာမှုကြောင့် အကျိုးအမြတ်ရရှိမှု။ ထာဝရ အကျိုးစီးပွား။ သွေးစုတ်ခံရမှု ။ ကိုလိုနီ ဘ၀၏ တခဲနက် မည်းမှောင်မှု စသဖြင့် ဖော်ကျူး ထားခြင်းဖြစ်သည်၊ သို့သော် တဘက်မှလည်း ဤစာအုပ်သည် ရှည်လျားလှသော သရော်စာဖြစ်သည်၊ ရှည်လျားသော အလွမ်းဇာတ်လည်း ဖြစ်သည်၊ ဤကဲ့သို့ ဖြစ်အောင် မူလစာရေးဆရာကဘဲ ဖန်တီးခဲ့သည်လား။ ဘာသာပြန်ဆရာကဘဲ ပြုလုပ်ခဲ့သည်လား၊ ကျနော်လည်း မသိနိုင်ချေ၊ သို့သော် ကျနော် နားလည်သလောက် စာညွှန်း ပေးလိုက်ချင်းသာ ဖြစ်ပါသည်၊
သမိုင်းဦးဘုံမြေခေတ်မှ စ၍ ကျောက်။သံ စသဖြင့် ဖွံ့ထွားလာသည့် လူ့အဖွဲ့အစည်းသည် တဖြည်းဖြည်း ရင့်ကျက် ရှင်သန်လာသည်၊ ရေနွေးငွေ့တော်လှန်ရေးကြောင့် စက်မှုခေတ်သို့တက်လာခဲ့သည်၊ ထိုခေတ်နှင့် အတူ လူများ၏ စဉ်းစားမှုကလည်း အတွေးအခေါ်များကို ဖန်တီးပေးခဲ့သည်။ ထင်ရှားသည်က မာက့်စ် ၀ါဒ။ ဒါဝင်အယူအဆ။ စသဖြင့်၊ အပြောင်းအလဲများကလည်း မြန်လွန်းလှသည်၊ နပိုလီယံခေတ်။ ပါရီကွန်မြူန်း အရေးတော်ပုံ။ အရှေ့အိန္ဒိယကုမ္ပဏီ စသဖြင့် ခေတ်ဟောင်းနယ်ချဲ့ဝါဒ၏ တံဆိပ်များ၊
ထားတော့ ဤစာအုပ်သည် မော်တော်ကားတစင်း ဖြစ်ပေါ်လာခြင်းထက် ထိုအဖြစ်အပျက်များကို ကိုယ်စားပြုခဲ့သည်၊ အခန်းအားဖြင့် ခုနှစ်ခန်းပါဝင်သည်၊ “မော်တော်ကားတစင်းဖွားမြင်ခြင်း။ ကွန်ဗေယာကြိုးများ။ တာယာများ။ ကဗျာဆန်သော ဖီဆန်မှု။ ဓာတ်ဆီ။ စတော့ရှယ်ယာဈေးကွက်။ လမ်းများ။ ” စသဖြင့်၊ တခန်းချင်းစီတွင် စက်မှုခေတ်ကြောင့် တိုးတက်လာသော လူ့ကမ္ဘာကို မြင်ရသကဲ့သို့ ။ ဓနရှင်များ၏ သွေးစုတ်မှုများ။ လူလတ်တန်းစားတို့၏ တွေဝေတတ်မှု။ မသိချင်ယောင်ဆောင်မှုများ။ အလုပ်သမားလူတန်းစား၏ ရောင့်ရဲတင်းတိမ်နိုင်မှု။ မိမိဘ၀၏ မိုးကောင်းကင် တကွက်ကိုသာသိသောကြောင့် စိတ်ကျရောဂါကစ၍ အသက်အထိ ပေးရပုံကို(ကွန်မြူနစ်ဝါဒ၏ လှိုင်းပြင်းထန်နေသော်လည်း အသက်ရှင်ရပ်တည်နိုင်မှုအတွက်) (အီလျာအာရင်ဘတ်၏ ဇာတ်ကောင်စရိုက်ကို ဖော်ပြသည့်အတိုင်း) တွေ့ရသည်၊ ဥပမာအားဖြင့် ကြည့်ကြပါစို့ 
“ကွန်ဗေယာကြိုးများ”
အလုပ်သမား စံဒင်၏ အဖြစ်အပျက်။ “စံဒင် အိပ်ပျော်နေပါသည်၊ သို့ရာတွင် လက်ချောင်းများကတရေးမျှ အိပ်မပျော်ပါ၊့  သူညအိပ်ရာဝင်သည်အထိ။ သေသည်အထိ” (နှာ- ၈၀)
စက်ရုံပိုင်ရှင်၏ ဒုက္ခ။ “မော်တော်ကား သူဌေးကြီး စီထရွန်သည် သူမနိုင်သော ၀န်ကို ထမ်း၍ရုန်းနေရသည်၊့  လူတိုင်းကို ကားတစီးစီ ထောက်ပံ့နေရသည် မဟုတ်လော၊့  ကိုယ့်အဓိဌာန်ဖြင့် ကိုယ်လုပ်နေရခြင်းဖြစ်သည်၊ ”(နှာ- ၉၂)
ဤ အခန်းသည် ကွန်ဗေယာကြိုးများ အခန်း ဖြစ်သည်၊ စိတ်ထိခိုက်စရာ အဖြစ်အပျက်တခုက ပေါ်လာသည်၊ ကျွမ်းကျင် လုပ်သားများက မကျွမ်းကျင်သည့် အလုပ်သမားများကို အလုပ်လုပ်ဆောင်ပုံကို ရှင်းပြရသည်၊ နည်းပြများဟု ခေါ်သည်၊ ကျွမ်းကျင်သူများ၏ ခန့်မှန်းသတ်မှတ်ချက်ကြောင့် အလုပ်သမားများအနေဖြင့် အချိန်မှီအောင် လုပ်ဆောင်ကြရသည်၊ ထိုအခါ ထိခိုက်ဒဏ်ရာရရှသူများ ဖြစ်ပေါ်လာသည်၊ သို့သော် ငွေသည် ငွေသာဖြစ်၏၊ လူသည် လူသာဖြစ်သော်လည်း ဖိနှိပ်သူနှင့် အဖိနှိပ်ခံသူတို့ ကွာကြသည်၊ လူတိုင်း ငွေမရှိကြ။ သို့သော် လူတိုင်း ငွေလိုသည်၊ ထို့အတွက် နောက်ဆက်တွဲအနေဖြင့် ငွေရရန် အလုပ်လိုသည်၊ အလုပ်လုပ်သည့်အခါ မတရားမှုကြောင့် ငွေရသော်လည်း လုပ်ရသည့် အချိန်နှင့် မမျှ၊ ထို့အတွက် ကားစက်ရုံအတွင်းရှိ အလုပ်သမားတိုင်းသည် နည်းပြများကို ဒေါတင်းသည်၊ မဆက်ဆံကြ၊ ထိုအခါ လူသည်လူသာဖြစ်သည်၊ လူ့ပတ်ဝန်းကျင်က ကျဉ်သောလူသည် မည်သို့နေမည်နည်း၊ ဤစာအုပ်တွင် ပြထားသည်က “ဆိန်းမြစ်ထဲခုန်ချကြမှာဘဲ၊့  မြစ်ရေသည် အညှိုးတကြီးဖြင့် တောက်ပဆဲ၊ လီပွန့်သည့့်  သည်အတိုင်းအသက်ရှင်မနေချင်၊ ပင်ပန်းလှပြီ။့ ရဲက့ သူတာဝန်ကျခဲ့သည်မှာ လေးနှစ်ရှိပြီ၊ မြစ်ရေပြင်ကို လူတွေ ဘာ့ကြောင့် စိမ်းစိမ်းကြီး စိုက်ကြည့်သည်ကို သူသိသည်၊့  ” (နှာ၁၀၀-၁၀၁)
ကွန်ဗေယာချိန်းဆက်ကြိုးသည် လူတွေနှင့် နှောင်ဖွဲ့တည်းထားသည်ဟု စာရေးဆရာက ဆို၏၊ အရင်းရှင်ကလည်း ငွေအတွက်။ အလုပ်သမားကလည်း အသက်ရှင်ရေးအတွက် စက်မှုခေတ်တွင် ရပ်တည်နေရသည်၊ သူ့ထက်ကဲသည့် အထက် နိုင်ငံရေးအလွှာမှ အမတ်တဦးက ကွန်ဗေယာနှင့် ပတ်သက်၍ “ကွန်ဗေယာ ခါးပတ်ကြိုးကြီးဟာ လူကို ကျွန်ပြုဖို့ လုပ်ထားတာမဟုတ်ဘူးဗျ၊ လောကကြီးကို ပြည့်စုံအောင်လုပ်ပေးတဲ့ နည်းလမ်းဖြစ်တယ်၊့  ” (နှာ-၁၀၉) သူတို့ကတော့ ဥပဒေပြုသူများဖြစ်သည် မဟုတ်လား၊
ကျနော်တို့သည် တရားမ၀င် အလုပ်သမား အခွင့်အရေးအတွက် ယခု အခါ ပြောနေကြသည်၊ သို့သော် ထိုခေတ်အခါက တရားဝင် ဖြစ်သည့် အလုပ်သမားများသည်ပင် အခွင့်အရေး ချိုးဖောက်ခံနေရကြောင်းကို ဖော်ပြထားသည်၊ မော်တော်ကား စက်ရုံတွင် လုပ်သည့် အလုပ်သမားတယောက်က “လက်ချောင်းနှစ်ချောင်း။ လက်ချောင်းနှစ်ချောင်း”ဟု အော်သွားသည်၊့  ဒါက စက်ရုံအပြစ်မဟုတ်ဘူးခင်ဗျ၊့  သူတို့ကလည်း သူတို့ဘဲ၊ စက်နဲ့အလုပ်လုပ်တယ်ဆိုတာ မေ့နေကြတယ်၊”နှာ-၁၂၃-၁၂၄
“တာယာများ”
အီကွေတာမျဉ်း အောက်ဘက်ရောက်နေသည့် လူဝါလူရိုင်းများအကြောင်းလှည့်ကြဦးစို့၊ ရော်ဘာပင်သည် အီကွေတာနှင့် နီးစပ်သည့် ဒေသများတွင်သာ ပေါက်နိုင်သည်၊ ထို့အတွက် သွေးဖြူ သို့မဟုတ် ရော်ဘာစေးသည် ကားအတွက်တင်မက ကျန်သော အရာများအတွက်လည်း အရေးကြီး အရာဖြစ်သည်၊ ထိုအခါ အာရှဒေသအား လွန်ခဲ့သည့် နှစ်များစွာအတွင်းမှ ကိုလိုနီ ပြုထားခဲ့သည့် အင်္ဂလိပ် ပြင်သစ် ဒက်ခ်ျ တို့သည် ရော်ဘာစေး၏ အရေးကြီးမှုကို လျစ်လျူ မရှုခဲ့ကြ၊အနိမ့်ဆုံး မော်တော်ကားအတွက် တာယာများလိုသည် မဟုတ်လော၊ သို့သော် ဟေဗီယာအပင်များသည် နောင် ရာစုများအတွင်း အတိတ်ကိုလိုနီ လူဝါများ၏ နာကျည်းခံခက်ဘွယ်ဝေဒနာများကို လေလာလာ။ မလာလာ ပြောပြနေကြလိမ့်မည်၊ ကျောတခုလုံး အပုပ်ခံပြီး ရှင်သန်ခဲ့ရသည့် လူဘ၀ ခဏတာသည် ဆန်တဆုတ်။ ဆန်ပြုတ်တခွက်အတွက်သာဖြစ်ခဲ့ရသည်၊ ကိုလိုနီပြုသူများက သီးစုံအရက်များ။ အခြားခဲဖွယ်ဘောဇဉ်များကို မြိန်ရှက်စွာစားသုံးနေချိန်တွင် ဟေဗီယာ ခေါ် ရော်ဘာပင်များသည် သူတို့ပင်စည်မှ သွေးဖြူများထွက်ရေးအတွက် ရော်ဘာခြစ်အလုပ်သမားများ၏ ခန္ဓာာမှ သွေးနီများဖြင့် ပူဇော်နေရခြင်းကို မသိမဟုတ်၊ သို့သော် မည်သို့တတ်နိုင်မည်နည်း၊ သက်ရှိသတ္တ၀ါမပြောနှင့် သက်မဲ့ဖြစ်သော သူတို့ကိုယ်တိုင်ပင် လှီးဖြတ်သွေးစုတ် ခြင်းခံနေရသည်မဟုတ်လော၊
ဤအခန်းတွင် ထာဝရ မိတ်ဆွေမရှိ။ ထာဝရ အကျိုးစီးပွားသာရှိသည် ဟူသော အယူအဆကို ဖော်ပြထားသည်၊ “ ရော်ဘာခြံများကို အင်္ဂလိပ်လူမျိုးတွေ ပိုင်ကြသည်၊ မော်တော်ကားကို ထုတ်လုပ်သူမှာ အမေရိကဖြစ်သည်၊ ထို့ကြောင့် အမေရိကန်တို့သည် ရော်ဘာကို အင်္ဂလိပ်တို့ထံမှ ၀ယ်ရသည်၊” (နှာ-၁၆၉) အမေရိကန် ရော်ဘာကုမျွဏီမှ အရာရှိများ အင်္ဂလန်နန်းရင်ဝန် ချာချီ လာရောက်တွေ့သည့်အခန်းတွင် “ လွတ်လပ်စွာ ကုန်သွယ်မှုဟာ ကျနော်တို့ အမျိုးသားအကျိုးစီးပွားနဲ့ …. မစ္စတာချာချီက ယဉ်ကျေးစွာ ပြုံးက္ဖာ အင်္ဂလိပ်ရော်ဘာခြံပိုင်ရှင်တွေက ဘာကြောင့် ရော်ဘာတွေကို အရှုံးခံပြီး ရောင်းရသလဲဆိုတာကို….” (နှာ ၁၇၂) ဤကဲ့သို့ မဟာမိတ်နိုင်ငံအချင်းချင်း ရော်ဘာစစ်ပွဲတိုက်နေစဉ် ကြားညှပ်ခံရသည်မှာ အီကွေတာမြောက်ဘက်ရှိ ၁၀ ဒီဂရီအကွာအဝေးအတွင်းရှိ နီကာရာဂွာနိုင်ငံ၊ အမေရိကန်၏ အာသာငမ်းငမ်းလိုအပ်နေသော ရော်ဘာကြောင့် ကိုလိုနီအပြုခံခဲ့ရသည်၊
“ကဗျာဆန်သောဖီဆန်မှု”
စက်ရုံအလုပ်သမားများသည် မဖြစ်စလောက်သော လုပ်ခကို ယူ၍ သူ့ မိသားစုနှင့်သူ အသက်ရှင်နေထိုင်နေရသည်မှာ သွေးစုတ်ခံရခြင်းဟု နားလည်လာသောအချိန်တွင် လုပ်ခလစာ တိုးမြ‡င့်ရေး။ အလုပ်ချိန် လျော့ချရေး စသည့် အခွင့်အရေးများအတွက် ဆန္ဒပြလာကြသည်၊ ထိုအခါ ပိုင်ရှင်များနှင့်တဘက်တည်း ရပ်တည်သည့် အလုပ်သမားကလည်း သူရပ်တည်ရေး အတွက် သခင်အလိုကျ အကြိုက်ဆောင်ပေးရတော့သည်၊ ဤတွင် ဖီဆန်မှု၏ နောက်ကွယ်တွင် ရုန်းရင်းဆန်ခတ်မှုပါလာသည်၊ သွေးထွက်သံယိုမှုများ ပါလာသည်၊ အသက်ပေးကျဆုံးရမှုများပါလာသည်၊ ထို့နောက် တရားဥပဒေ၏ ရှေ့မှောက်သို့ ပို့ဆောင်ခံရသည်၊ သို့သော် တရားဥပဒေအကြောင်းထက် စာလျှင် ကိုယ်ယုံကြည်သည့် အယူဝါဒဘက်မှ ရပ်တည် စဉ်းစားကြသည်၊ လက်ဝဲ။ လက်ယာ။ စက်ရုံပိုင်ရှင်အကျိုးစီးပွားနှင့်ဆက်စပ်နေသော ၄င်းတို့၏အကျိုးစသဖြင့် ငြင်းခုံရင်း သေဆုံးသူနှင့် တရားခံ ကိစ္စသည် နောက်ရောက်သွားသည်၊ သာမန် ရဲအရာရှိငယ်တဦး၏ မှန်ကန်သော အမြင်သည် ဤခေတ်။ဤစနစ်။ ဤဥပဒေအောက် မရှူမလှ နောက်ကောက်ကျခဲ့ရသည်၊ နောက်ဆုံး မဲခွဲဆုံးဖြတ်ကြတော့ မဲသာသူက အနိုင်ရသွားသည်၊ သေဆုံးသူ၏ ကျန်ရစ်သော ဇနီးနှင့်သားကိုတော့ ဖုတ်လေသည့် ငပိ ရှိသည်ဟု မထင်၊
တရားခံရှေ့နေ၏ ပြောစကားက ပြောင်မြောက်လှသည်၊ ‘တကယ်လို့ ဆာဗေးတီးယား (သေဆုံးသူ) အဲဒီနေ့က အလုပ်ခွင်ကို ဆင်းရင် သူအသတ်ခံရမှာမဟုတ်ဘူး္ဖ’ (နှာ၂၄၁)၊
တရားချမှတ်ပြီး လူတယောက်မှ မရှိသည့် တရားရုံးတော်ကို ဖွဲ့နွဲ့ရာတွင် “ ရုံးတွင် အိုမင်းဝါကြန့်နေသော သာမီစာရီ တရားဥပဒေစောင့် နတ်သမီးသာလျှင် ကျန်ရစ်ခဲ့သည်၊ သူ့မျက်လုံးများကို ပ၀ါစည်းထားသည်၊ မျက်လုံးတွေက ဘာမှမမြင်ရဆိုတော့ မကောင်းဘူးပေါ့၊ (နှာ၂၄၃)
ဤစာအုပ်၏ ကျန်သုံးခန်းဖြစ်သည့် “ဓာတ်ဆီ။ စတော့ရှယ်ယာဈေးကွက်။ လမ်းများ” စသည်တို့သည်လည်း အထက်မှ ညွှန်းခဲ့သည့် အခန်းများတွင် ပါသလို မော်တော်ကားနှင့် သက်ဆိုင်နေသည့် အစိတ်အပိုင်းတခုချင်းစီအတွင်း ပါဝင်နေသည့် အစိုးရ။ ကုမ္ပဏီပိုင်ရှင်။ ပွဲစား။ အလုပ်သမား။ နိုင်ငံရေးသမား။ သံတမန်များ။ စော်ဘွားများ စသည့် သူတို့၏ ဆက်ဆံမှုများ။ ဖိနှိပ်မှုများ။ တောင်းဆိုမှုများ။ ကလိန်ကျလုပ်ဆောင်မှုများ စသဖြင့် တခန်းချင်းစီအလိုက်ဖော်ပြထားသည်၊ စာဖတ်သူတို့ ကိုယ်တိုင် ဖတ်ကြည့်ခြင်းသည်ကတော့ စာအုပ်၏ ပေးလိုသည့် အကြောင်းအရာကို ထိထိမိမိ ခံစားရမည်ဖြစ်သည်၊ သို့အတွက် ဤသုံးခန်းကိုတော့ ကျနော့်အနေဖြင့် ကောက်နှုတ်မဖော်ပြတော့ ပေ၊
အဖွင့်စာပိုဒ်တွင် ကျနော်ရေးခဲ့သလို “ခေတ်တို့သည် ဖန်တီးတည်ဆောက်မှုမျုားဖြင့် ရွေ့လျားကြသည်၊ ထို့အတူ ကမ္ဘာသည်လည်း ခေတ်နှင့် အတူ လိုက်ပါ၍ရွေ့လျားရသည်၊” ကျနော်တို့ ခေတ်ကြီးကရော၊ ဤ၀တ္ထုတွင် ဖော်ပြထားသည့် နိုင်ငံရေး။ လူမှုရေး။ စီးပွားရေး စသည့် ဆက်ဆံမှုများ ရှိပါသေးသလော၊ ကျနော်တို့ ဖြတ်သန်းနေသည့် ခေတ်သည် မော်တော်ကားပေါ်ကာစ ခေတ်မဟုတ်တော့၊
ဂလုပ်ဘယ်လိုက်ဇေးရှင်းခေတ်။ နည်းပညာခေတ်ဖြစ်သည်၊ ဤခေတ်၏ နိုင်ငံရေး။ လူမှုရေး။ စီးပွားရေး ဆက်ဆံရေးများကား မည်သို့ရှိသည်ဆိုသည်ကို ဤခေတ်နှင့်အတူ ဖြတ်သန်းသူများကသာ အသိဆုံးဖြစ်မည်၊ ယခုခေတ်တွင် လူတန်းစားများကြား ဆက်ဆံရေးပုံစံ ပြောင်းလဲသွားပြီလား၊ အလုပ်သမားများအပေါ် ဖိနှိပ်မှုများ ပျောက်သွားပြီလား၊ အသားအရောင်ခွဲခြားမှုများ ပျောက်ကွယ်သွားပြီးလား၊ ကိုလိုနီပြုမှုများ ကင်းမဲ့သွားပြီလား၊ ရော်ဘာကဲ့သို့သော ကုန်ကြမ်း သယံဇာတကို ရယူလို၍ တိုက်ခိုက်သည့် စစ်ပွဲများရပ်တန့်သွားပြီလား၊ မဟာမိတ်အချင်းချင်း နောက်ကျောဒါးနှင့် ထိုးသည့်ဖြစ်ရပ်များ ပျောက်ဆုံးပြီလား၊ လက်ဝဲ။ လက်ယာတိုက်ပွဲ ပြီးဆုံးပြီးနောက် လက်ယာများက အနှိုင်းအဆမဲ့ အောင်မြင်ခဲ့ပြီလား၊ မအောင်မြင်ရင် မည်သည့်ဝါဒသစ်တွေ တိုးဝင်လာခဲ့သလဲ၊ ဘယ်လောက်အထိ လွှမ်းမိုးနိုင်ခဲ့သလဲ… စသဖြင့် မေးခွန်းများကို မျက်မှောက်ခေတ်က ကျနော်တို့အား ပြန်မေးနေသည်ဟု ဤစာအုပ်ဖတ်ပြီး ကျနော် နှိုင်းယှဉ်ခံစားမိသည်၊ ဤမေးခွန်းများအားလုံးသည် ယေဘုယျ သဘောဆောင်သည့် အမေးများသာဖြစ်သည်၊ သို့သော် ဤယေဘုယျမေးခွန်းများအတွက်ပင် ကျနော်တို့အားလုံးတွင် အဖြေအသင့်ရှိနေပြီလားဆိုသည်ကို ကျနော်မသိနိုင်၊ သို့သော် ကျနော်တို့ ကြိုးစား၍ အဖြေရှာရန်တော့ လိုပါသည်၊ အဘယ့်ကြောင့် ဆိုသော် ကျနော်တို့အားလုံးသည် ဤခေတ်ထဲတွင် ပါဝင်ဖြတ်သန်းနေကြရသည် မဟုတ်ပါလား၊
ခေတ်ပြိုင်ဝက်ဆိုက်တွင် ဤဆောင်းပါးအား ငြိမ်းဇေ နာမည်ဖြင့် ဖော်ပြပြီးဖြစ်သည်။
မြင့်ဇေရေးသားအိပ်မက်သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment