Thursday, July 19, 2007

သမိုင်းရိုး ဆိုးလည်းမမေ့နဲ့

အာဇာနည် မော်ကွန်းသွေးစွန်းတဲ့နေ့
မေ့ရက်စရာလားဗျာ...။
အတိတ်ကိုလျှော့တွေး ရေးရေးမျှမြင်
ဖြစ်စေချင်နေကြသလား ?
သွား!
နားထားစမ်းပါဗျာ။
အတိတ်ကိုဘယ်လောက်ဖျက်ဖျက်
ပျက်စရာလား ?
စိတ်ဓါတ်မယွင်း ၊ ဒို့မဖျင်းရင်
ဒင်းတို့ ကြံနိုင်ပါစ ...
မောဟ တောင်ပုံ ၊ လောဘဇုံမှာ
ဒေါသရုံဆောက် သေလောက်တဲ့ အမိန့်တွေ
မင်း သတ္တိနဲ့ ပေးတာလား ?
အမြှောက်ခံရုံ နဲ့ ကြောက်ကန်မကန်ပါနဲ့
သံသရာ စက်ဝိုင်းမဆုံးဘူးကွာ ...။ ။


သွေးမြေမလွှမ်း ၊ အေးချမ်းရိပ်နဲ့
ငြိမ်းချမ်းကြပါစေ ...။


ဒီမှာထပ်ရေး

No comments: