Friday, July 20, 2007

ဆုံမှတ် နှစ်ခုရဲ့ ဒိုင်ယာရီ အပိုင်း ( ၁ )

မျက်ရည်များ ဝေ့ တက်လာပေမယ့် ကျွန်တော် အသံကို တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့ တယ် ။ သူ့ ကိုတော့  ကျွန်တော် မသိနိုင်ခဲ့ ပေမယ့်  အရာရာက ဖန်တီးလို့ မှ မရနိုင်ခဲ့ ပဲလေ . . . ။

"သူကျွန်တော့် ရဲ့  ပကတိဘ၀လေးထဲက အပြီးအပိုင် ထွက်ခွာသွားခဲ့ ပြီ " . . . လို့ ယောင်္ကျားတန်မဲ့  ရှိုက်သံမစွက်ရလေအောင် အနိုင်နိုင် ထိန်းထားရင်းက ပြောခဲ့ တဲ့ စကားသံများက ပြတ်တောင်းနေခဲ့ ရဲ့ ။ မျက်နှာချင်း ဆိုင် ပြောကြကြေးဆိုရင် ကျွန်တော်ခံစားနိုင်မယ် မထင်ခဲ့ မိပါဘူး ။

" ရဲရဲဝံ့ ဝံ့  ပြောပါလား " ဆိုတဲ့  သူ့ ရဲ့  ပွင့် လင်းမှုကို ကျွန်တော် လေးစားခဲ့ ရပါတယ် ။ ဒါပေမယ့်  ကိုယ့်ဝမ်းနာ ကိုယ်အသိမို့ ကျွန်တော့် လေသံ မမာနိုင်ခဲ့ ဘူး။

တိတ်ဆိတ်မှုတွေနဲ့  တုံ့ ပြန်သံက ငြိမ်သက် နေမှုက အပြင်က လေပြင်းတွေ တိုက်ခတ်နေတာကို လှောင်နေသလိုပါပဲ ။ နှလုံးသားရဲ့  တုန်ယင်နာကြင် နေမှုတွေကို ဖြေဖျောက်ပေးဖို့  ခက်နေလေရဲ့  ။ တိုက်တိုက်ဆိုင်ဆိုင် လမင်းလည်း ကွယ်ပျောက်နေလိုက်တာ . . . ။ မင်း ငါ့ ဘ၀ထဲက အရာရာကို ထုတ်ယူသွားသလိုပါဘဲ လရိပ်ချို . . .

ဆောင်းမနက်ခင်း တစ်ခုလို အရာရာဟာေ၀၀ါးလို့ နေဆဲ . . .


အခန်း ( ၁ )

နှောင်ခဲ့တဲ့ ဒီဇင်ဘာလ တစ်လရဲ့ နှင်းမကျခဲ့ တဲ့  ဆောင်းရက်တွေ...
လရိပ်ချို ဆိုတဲ့  အမည်လေးနဲ့  စတင်ရင်းနှီးခဲ့  ချိန်ကပေါ့  . . . ။

" ငါး . . . ကောင်းလို့  တစ်ကြောင်းစာဆွဲလာတယ်ဟေ့ " ပြောပြောနဲ့  အခန်းထဲဝင်လာသော ကိုမျိုးကြောင့်  ကျွန်တော် လွန်စွာမှ ကျေးဇူးတင်စွာ ကြည့်ရင်း က . . .
" ကောင်းလိုက်မယ့် ကောင်ဗျာ ။ ကိုမျိုးယူလာရင် ကျွန်တော်စိတ်ချတယ် ။ " စ " လုံး(စင်ကာပူ) ငါးက ခင်ဗျားမှ ရှာတတ်တာဗျာ ။ "

" မကြိုက်ဘူးလား ကောင်လေး ၊ လေးဝင်း တို့ ကို ပြန်ရောင်းလိုက်မယ် ။ "
" မလုပ်ပါနဲ့  ချစ်ကိုကြီးရယ် . . . ဒီမှာ ကိုကြီးအတွက် Whisky တစ်လုံး ခွန်လေးလာပို့  ထားတယ် ။ ကျွန်တော် အမြည်းစီစဉ်ပေးမယ် ။ အိုကေ လား . . . "
ဒီလို ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့  မျက်နှာပေးမျိုးနဲ့  ကိုမျိုးတစ်ယောက် မိန့် မိန့် ကြီးပြုံးပြီး ကျန်ရစ်ခဲ့ တာကို မနာလိုသလို ခံစားရပေမယ့်  " ငါး " မျက်နှာက ထောက်ရဦးမယ်လေ ။

တစ်ခွက်တစ်ဖလား ချီး(စ်)ယား ဟေ့ ဆိုမှတော့  နိုင်ငံကြီးသား မပီသမှာစိုးလို့  ခပ်ပါးပါးတော့  မော့ ရသေးတယ် ။ သောက်ကြစားကြ ကုန်ခါနီးမှာမှ ကိုလတ်တစ်ယောက် ရောက်ချလာတယ် ။

" Sorry ... ကိုလတ် ၊ ရော့  . . . လက်ကျန်ဖြတ်ပေါ့  . . .သိပ်မရှိတော့ ဘူး ။ ဆိုင်တွေလည်း ပိတ်လောက်ပြီ ။ "
ကျွန်တော့်  အပြောက ကိုလတ်အတွက် စိတ်ဝင်စားမှု လစ်မစ်တစ်ခုတောင် မစွမ်းဆောင်နိုင်ခဲ့  . . .

" နေပါစေ ကိစ္စမရှိပါဘူး ။ ငါက Beer လောက်ပဲကြိုက်တာ . . . ငါ ဒီည နားတယ် cyber လစ်မယ်ကွာ . . . "

ကျွန်တော် နည်းနည်းစိတ်ပါသွားလေရဲ့  ။ ဟိုစပ်စပ် ၊ ဒီစပ်စပ် account တွေဖွင့် ပြီး ဘာမှ မယ်မယ်ရရ မလုပ်တတ်သေးပေမယ့်  ကိုလတ်ကတော့  ကျွန်တော့် ကို ဆရာတင်လေရဲ့  ။ မတတ်တဲ့  သူဆိုတော့  မသိတဲ့ သူ ကို ထုံးစံအတိုင်း ဆရာယောင်ယောင် ၊ ဘာယောင်ယောင် လုပ်ရသေးတာပေါ့  ။ ပြီးတော့  အရက် နဲ့  ငါး နှစ်ပင်လိမ် ထားမှတော့  တွေ့ ကရာလူ စူးစူးနစ်နစ် ကြူပစ်လိုက်ချင်သေးတော့  . . .

" ကျွန်တော်လည်း ချက်တင်ထိုင်မယ်ဗျာ ။ " ကဲ သွားမယ်ဆိုတော့  . . .
" နေဦး ...! " ဆိုတဲ့  တားမြစ်သံ နဲ့ အတူ ဇက်ကျိုးလုဖြစ်နေသော ကိုမျိုးက
" ငါလည်း လိုက်မယ် ။ commend တိုက်မယ် ။ counter ပစ်မယ် " တဲ့ 
ကဲ . . . မှတ်ကရော . . . အဆိုတင်သွင်းတာက တစ်ဦး ၊ ထောက်ခံမဲ နှစ်မဲ ၊ စာရင်းရှိသုံးယောက် ၊ ကန့် ကွက်သူမရှိ ချီတက်ကြရအောင် ဆိုတော့ 

ကိုမျိုးက . . .
ကန့် ကွက်သူရှိရင် ဗီတို အာဏာသုံးမယ်တဲ့  ၊ လုပ်လို့ ရမှာလားဆိုတော့  . . . မရဘူးဆိုတာမရှိဘူးတဲ့  ။ အမူးသမား များ ဆိုးပါတယ်ဗျာ ။ သူ့ စကား တရားလုပ်ချင်သေးတယ် ။ သူကြားအောင် ပြောမိရင်လည်း စင်ကာပူ ငါး ကျေးဇူး မသိတတ်ရာ ကြဦးမယ် ။ အခုမှ အစွမ်းပြစရှိသေးတယ် ။
ကဲသွားစို့ လား . . . ။

Cyber ရောက်တော့  . . .
ကိုမျိုးရစ်ချေပြီ ။ commend မတိုက်မနေရဆိုတော့  မဆော့ ချင်ပဲ ဆော့ ပေးလိုက်ရတယ် ။ ပြီး . . . ပြီးရော အရှုံး ပေးလို့ လည်း မရ ။ ဒီလူက ရှော်တာလည်းသိ ၊ ရော်တာလည်းသိ . . . ဘုန်းကြီးသရဲ ဆိုတော့  ခက်ပါရဲ့ နော် ။
သူနဲ့  ဟန်ပြတိုက်ရင်း မသိမသာ mail ဖွင့် လို့  သီချင်းခိုးနားထောင်မယ်ပေါ့  ။ ကိုမျိုးလည်း နည်းနည်း အမူးလွန် နေတော့  ကျွန်တော် ဘာလုပ်နေတယ် သူမသိနိုင်တော့  . . . ။ လှုပ်ရှားမှု အချို့  game ထဲမှာပြထားရင်း ကျွန်တော့် စိတ်တို့ က chatting စာရင်းမှာ . . . ။ layait.cho@gmail.com ဆိုတဲ့  အသစ်စက်စက် accept လုပ်ထားတဲ့  nick တစ်ခုက ကျွန်တော့် အာရုံကို လန်းဆန်းစေခဲ့ တယ်လေ ။ သို့ သော်လည်း offline icon နေဦးပေါ့  နောက်မှ တွေ့မယ် ။

ကိုလတ်ကို လှမ်းကြည့်တော့  ကိုမျိုးကို သဲသဲမဲမဲ တိုက်ခိုက်နေဆဲ . . . ။ ကိုမျိုးလည်း ထိုနည်းအတိုင်းပင် ။ ကျွန်တော်က ကြားချောင် မတိုက်ရပါပဲ ဟန်ပြနေခွင့်  ရနေပြီ ။ game window ကို တစ်ခါပြန်ဝင်ရင်း သူတို့  နှစ်ယောက်ကို အလစ်ဝင်တိုက်ဖို့  ပြင်ဆင်နေခဲ့ တယ် ။ ကျွန်တော့်  တပ်တွေကို စစ်အင်အား ဖြည့်တင်းရင်း အတွေးတွေက မနက်ဖြန်တွေဆီကို . . . ။ ကိုလတ် နဲ့  ကိုမျိုးကို နောက်မှ ကပ်ကြွားရမယ် ။ လရိပ်ချို ... လရိပ်ချို . . . နာမည်လေးကို တဖွဖွ ရွတ်ရင်းက မနေ့ က အဖြစ်ကို ပြန်သတိရမိတယ် . . .

တစ်ကယ်ဆို အနေဝေးတဲ့  ရွှေ (မြန်မာ) အစ်ကိုကြီးတို့  နည်းတူ မြန်မာလိုမစားရ ၀မခန်း (မိန်းကလေးများ နဲ့  သာ )ပြောချင် စမ်းတာကြောင့် online မှာ chatting ထိုင်ဖို့  account လုပ်ခဲ့ မိတာ မင်းနဲ့  စတွေ့ ဖို့  အကြောင်းကံပေါ့ . . . ကွာ ။ နာမည်ကြီ communication network တစ်ခုမှာ မင်းဓာတ်ပုံတစ်ခု စတွေခဲ့ လို့  အကြောင်းရှာရင်းက စကားကြီး စကားကျယ် ပြောတတ်တဲ့ မင်း ရဲ့  စာအရေးအသားအချို့ ကို နောက်ပြောင်ချင်ရုံ သက်သက်ထက်တော့  မပိုခဲ့ ပါဘူးကွာ ။

ကဲ . . . အမရပူရ သူလေးရေ . . .
မနက်ဖြန်မှာတို့ တွေ ဆုံကြမယ် ။ ကောင်းကင်မှာ ကြယ်စင်များ လင်းလက်နေခဲ့  . . . သြော် နှင်း မကျတဲ့  ဒီဇင်ဘာရေ ...
တစ်ခါတစ်ရံ တော့  အိမ်လွမ်းပြန်သားကွယ် . . . ။

ရွန်းလဲ့ နေတဲ့  လရောင်ကို မျှော်ကြည့်ရင်း လရိပ်ချို ဆိုတဲ့ အမည်လေး ရေရွတ်ခဲ့  ခြင်းက ကျွန်တော့်  ဘ၀ကို သူတိတ်တဆိတ် ၀င်ရောက်ခဲ့ ခြင်းလား ၊ ကိုယ့်  ကိုယ်ကို ဝေဖန်ခြင်းငှာ မတတ်နိုင်ခဲ့ လောင်အောင် . . . လရိပ်မှာ အတွေးတွေနဲ့  တိတ်ဆိတ်နေခဲ့ မိတယ်လေ . . . ။

################################
အခန်း ( ၂ )

ဒေသစံတော်ချိန် . . . ၁၆း၀၀
နှိုးစက် Alam ကို ၂၀ နာရီ ၄၅ မိနစ်ကို ပေးရင်း ကျွန်တော်တရေးအိပ်ဖို့  ဆုံးဖြတ်လိုက်တယ် ။ ငါးကွဲ ပြီး မနေ့ က အိပ်တာနောက်ကျခဲ့ လို့  အိပ်ဖို့ လိုအပ်နေပြီလေ . . . ။ ဒီကနေ့  ငါးကလည်း ရနိုင်စရာမမြင် အဖမ်းအဆီး ရှိလို့  နောက်နေ့ မှ ရောက်မယ်ဆိုပဲ ။ အကြံကုန်မှတော့  အိပ်တော့ မယ်ပေါ့  ။ အိပ်လို့ မှ ပျော်လုပျော်ခင် ရှိသေးရဲ့ 

" ညီလတ် . . . ၊ ညီလတ် . . ." ရယ်လို့  အခန်းတံခါးကို ဖွဖွခေါက်ရင်း ခေါ်လာတဲ့  အသံကြောင့်  ဒိန်း . . . ဆို ရင်ထဲမှာ လှုပ်ရှား သွားရသေးတယ် ။ ငါး လက်ကျန်ကြောင့်  ထင်ပါရဲ့ နော် ။ သိလိုက်ပါပြီ ။ ဇော်ဇော် လို့  လူတကာလို မခေါ်တတ်တာ ကိုလတ်ဘဲ ရှိတယ်လေ ။ ဒီအချိန်ကြီး ဘာထူးလို့ လဲ ရယ်လို့  တွေးချင်ချင် ဖြစ်လာသော အတွေးစကို ဖြတ်လို့  တံခါးထဖွင့် ပေးလိုက်တယ် ။

" လာလေ . . . ကိုလတ် အထဲဝင်ဦး ၊ မျက်နှာသစ်လိုက်ဦးမယ် ။ "
" နေနေ . . . ဟေ့ ကောင် မျက်နှာတင် မသစ်နဲ့  ရေပါချိုးလိုက် ပြီးရင် Pub မှာ Beer သွားသောက်မယ် ။ "
Beer သရဲတစ်ယောက်ရဲ့  ဖိတ်ခေါ်မှုက နည်းနည်းပါးပါးလောက် မဖြစ်နိုင် ။

" လခ ထုတ်ရက်လည်း မဟုတ်ပဲနဲ့  . . . ထူးတော့ ထူးပြီ ။ ဘာလဲ မိန်းမယူတော့ မလို့ အကြိုကြွေးတာ လား ။"
" မဟုတ်ဘူး ။ ညကဖဲ နိုင်လို့  . . . ရှိုးရိုက်တာ ၁၅၀၀ လောက်နိုင်တယ် ။ လောက်ပြီလား . . . "
" O.K မျက်နှာသစ်ရင် ပလုပ်မကျင်းတော့ ဘူး ။ Beer နဲ့ ဘဲ ပလုပ်ကျင်းတော့ မယ် ။ "
အေးဆေးတဲ့  Club တစ်ခုမှာ Beer နဲ့  အချိန်ကြာကြပြီပေါ့  ။

Beer မြုံ့ ရင်းနဲ့  တစ်ယောက်နဲ့  တစ်ယောက် ပွားမယ်ကြံတုန်း waiter ယောင်လည်လည်နဲ့  ရောက်လာပြီး ပျင်းနေပြီ ထင်ရရဲ့  ဘာလိုသေးလဲလို့  အဓိပ္ပါယ် ရသော English ဘာသာစကားနဲ့  လာမေးလေတော့  . . . ။ ငြိမ်ငြိမ်မနေချင်တဲ့ ကျွန်တော် စကားစပြီပေါ့  . . . ။

" ကိုလတ် ပဲလှော်ဝါးမယ်ဗျာ . . .။ "
နည်းနည်းတော့  ကျွဲမှီးတိုတဲ့  ပုံစံရှိပေမယ့်  ကိုလတ် ကျွန်တော်ကို ဘာမှပြန်မပြာပဲ waiter ကို ကိုလတ်ပဲ တီးတိုးပြောရင်း ကျွန်တော်အတွက် မှာပေးခဲ့ တယ် . . . ။

" H-5 ပဲ ရမယ်ပြောတယ် ။ ကျန်တာတွေ ပစ္စည်းပြတ်နေလို့ တဲ့  . . . "
" ဖြစ်တယ် . . . ကိုလတ် . . . မနေ့ ကငါးဒဏ် ပြန်ဖြေရတာပေါ့  . . . ။ "

ယူမယ်ဆိုတဲ့  ကိုလတ်ရဲ့  မျက်ရိပ်ပြဟန်အပြီးမှာ waiter က ခပ်သွက်သွက် ထွက်ခွာသွားလေတယ် ။

" ကိုလတ် တစ်ကယ်တန်းဆို ဒီဒေသ၊ ဒီနေရာမှာ တီးတိုးပြောဖို့  သိပ်မလိုလှပါဘူး ။ Disco Hall ဘက်က လျှံထွက်လာတဲ့  အသံနဲ့ တင် လုံလောက်နေပြီ။ ပြီးတော့  ဒီလိုမျိုး Club တွေမှာက ဒါမျိုးတွေ အတွက် လမ်းရှင်းပြီးသား ။ "

ကိုလတ်ကတော့  Beer သမားသက်သက်မို့  ကျွန်တော်လို မဟုတ် . . . ။ Beer သက်သက်ကိုသာ အရသာခံ ရင်း က စကားတွေပြောဖြစ်ကြတယ် ။ ဒါပေမယ့်  မူးယစ်ဆေး နှစ်မျိုးရဲ့  ပေါင်းစပ်မှုနဲ့  လွန်စွာမှ အရှိန်တက်နေသော ကျွန်တော်၏ စကားလုံးများကိုတော့  ကျော်လွှားစေခြင်းငှာ ကိုလတ်တစ်ယောက် မတတ်နိုင်ခဲ့ ပေ ။ ကျွန်တော်ကပဲ စကားတွေ ဦးဆောင်ပြောနေရင်းက ရပ်တန့် ဖို့ ရာ အချိန်တန်ပြီဖြစ်ကြောင်း Mobile Phone မှ Alam သံမြည်လာ တော့ တယ် ။

၂၀ နာရီ ၄၅ မိနစ် တိတိ . . .
Remainder icon မှ to meet with Layait Cho ဆိုတဲ့ စကားစုလေးကြောင့်  ကျွန်တော် လရိပ်ချို နဲ့  chat မှာ တွေ့ဖို့ ချိန်းထားတာကို သတိရမိလိုက်တယ် ။

" ကဲ . . . လက်ကျန်ဖြတ် ကိုလတ်ရေ . . . Chat မှာ ဒီည ဦးနှောက် စားစရာ ဇာတ်လမ်းတစ်ခု ရှိတယ် ။ လရိပ်ချို တဲ့ဗျ ။ အမရပူရ သူနော် . . . ။ လူကတော့  ဂျစ်တစ်တစ်ပုံစံ နဲ့  စကားပြောတော့  ညက်မယ်ထင်ရဲ့  ။ မနာလို မဖြစ် ကြေးနော် . . . ။ "

" အေးလေ ... မင်းတို့ ရဲ့ ခေတ်ကို ၊ မိုးကောင်းတုန်းတော့  ရွာထားဦးပေါ့ ကွာ . . . ။ နေပူမှ . . . ဟင်း . . . ဟင်း . . . ဟင်း . . . ။ "
နေပူရင် ဘာဖြစ်မှာလဲ ဆိုတာ ကျွန်တော်လည်းသိပေမယ့်  ။ အတွေးနှစ်မျိုးမတွေးပဲ ... ၊ စာတွေး သက်သက်နဲ့  ပြန်ပြောလိုက်ရဲ့  . . ..
" အခုတော့  မိုးရွာနေလေရဲ့ ၊ သိတယ်နော် ဒီမှာမှ မိုးကုန်ရင် ဘယ်မှာမှ မိုးမရွာတော့ ဘူး ။ "

ကိုလတ် နဲ့  ကျွန်တော် နှစ်ဦးသား ရယ်ရယ်မောမော နဲ့  စကားပြောရင်း ဒီဇင်ဘာရဲ့  မိုးဖွဲလေးတွေ ထဲမှာ အရသာခံ လမ်းလျှောက်ရင်းနဲ့  နီးစပ်ရာ cyber cafe ကဖေးကို ချီတက်ခဲ့ ကြတော့ တယ် . . . ။ ဒီဇင်ဘာရဲ့  မိုးက ကျွန်တော်တို့ နှစ်ယောက်ကို ထူးပြီး မနှောက်ယှက် နိုင်ခဲ့ ဘူး ။ မိုးတိမ်လိပ်တို့  အကြားက မှုန်ပျပျ လရောင်လေးက မင်းကိုတော့  သတိတရ ရှိစေခဲ့ တယ် လရိပ်ချိုရေ . . . ။ တွေ့ ရင်ပွားဖို့  စကားတွေရွေးရင်းက . . . . ငါ့ ရဲ့  မသိစိတ်ထဲမှာ ငါ ကိုယ်တိုင်ပဲ မင်းကို မှတ်မိစေခဲ့ တာလား ? အရာရာကို ကြိုမမြင် နိုင်ခဲ့ ဘူးလေ . . . ။

##################################
အခန်း ( ၃ )

G-Talk ကို ဖွင့် တော့  အစိမ်းရောင် on-line icon မှာ လရိပ်ချို ဆိုတဲ့  အမည်လေးကို တွေ့ လိုက်ရတယ် ။
စတွေ့ ကြပြီပေါ့ ကွာ . . .။

" ကိုလတ် ဒီမှာ လရိပ်ချို တဲ့  တွေ့ လား ? "
ကျွန်တော်ရဲ့  ပြောချင်မှုထက် ကြွားချင်မှု ပိုနေသောအပြောကို နားမကြားဘူးဆိုတဲ့  သင်္ကေတနဲ့  ကိုလတ်က တုံ့ ပြန် ခဲ့ တယ် ။

လရိပ်ချိုကို ( ဒီနေရာမှာ )နိုင်ငံကြီသား ပီသစွာဖြင့်  ကျွန်တော်ကပဲ စတင်နှုတ်ဆက်လိုက်တယ် ။
me : Hi How are you ?

တခဏချင်းပဲ typing icon ပေါ်လာပြီး . . .
layait.cho : fine thanks and you ?
လို့ ပြန်လာလေတော့ 

" ဘယ်လိုလဲ ကိုလတ် တွေ့ လား ? "
" အင်း . . . ကြားနေတဲ့  နားတွေက အမှားတွေပေါ့ ကွာ " . . . ဆိုတဲ့  ကြေမလည်ဖြေသံကြီးနဲ့  ကျွန်တော်ကို နှိပ်ကွပ် လေရဲ့  ။
" ကိစ္စ မရှိပါဘူးဗျာ . . . ။ မုဒိတာ ပွားစမ်းပါ " . . . လို့  ပြန်ပြောရင်း လရိပ်ချို ဆီကို စာပြန်ရိုက်လိုက်တယ် ။

me : me? Yo! I wanna fine . :) thanks !
I'm Zaw Nyi Nyi Latt .

" ကဲ . . . မိတ်ဆက်ပြီကွာ . . . ။ ဘယ်လို လာလာ ရအောင်ဝင်ပြစ်မယ် ။ "

layait.cho : oh nice to meet you .
" အိုဟိုး . . . ရိုးလွန်းတာလား ? မသိချင်ယောင်ဆောင်တာလား ? မရှောင်နဲ့  မင်းအလှည့် . . ."
me : and you ? your name please . . . . :)
" ဘယ်ရမလဲ ? ဖြေပေတော့  . . . "

layait.cho : I'm La Yait Cho.
" သိပြီးသားပဲ၊ ကိစ္စမရှိဘူး ... ကဲ . . . စလုံးရေ စလိုက်ပြီ . . . "
me : Oh , so sweet .

layait.cho : what do you mean ?
" ဖြည်းဖြည်းပေါ့ ကွာ . . . ။ အခုဖြေလို့  ဘယ်ဖြစ်ဦးမှာလဲ ? "

me : nothing special . . . :) By the way . . .
" နည်းနည်းလေး အချိန်ဆွဲထားမှ နောက်ကစကားကို သူ စိတ်ဝင်စားမယ်ထင်ရဲ့  "
layait.cho : carry on . . .
" ဟော . . . လာပြီ ။ ရော့  နောက်တစ်ဆင့်  . .. .. "

me : Where are you from ?
layait.cho : I'm from Amaya Puya .
" သိပြီးသားကွ . . . ။ အဲဒါ intro ၀င်တာ . . . ။ "

me : May I call you ?
" ထင်ချင်တာထင် ပြန်ပြောမှ ရှင်းမယ် . . . ။ အဲဒါ ဂွင်ဗျ . . ။ "

" ကမ္ဘာကျော် လူလိမ်ကြီးတစ်ယောက် တစ်ယေက်ထဲစကားတွေ ပြောနေပါတယ် " ဆိုတဲ့  သတင်းကြေငြာတဲ့  လေသံနဲ့  ကျွန်တော်ကို လှမ်းနောက်နေသော ကိုလတ်ရဲ့  စကားသံကို ဥပက္ခာပြုရင်း . . .
layait.cho : what mean it ?
ဆိုတဲ့  စကားကို
me : sorry , I want to talk you with mic . so . .. .
လို့  ပြန်ဖြေရင်း .. . .

" come on baby . . . come on ကို မင်းရဲ့ အဖြေစောင့် နေတယ် ။ "
layait.cho : . . . call me ! O.K .

" Yo ! Nice ya ! ကဲ . . . ကိုလတ် ၀င်မရှုပ်ကြေးနော် .. .. .. ။ မိုက်နဲ့ ပြောမှာ ဘေးလူရှိနေတယ်လို့  ပြောလို့ မရဘူး။ please . . . "
" စားသောက်ထားတာ ကြာပြီ ။ ဒီကပြန်ရင် ဗိုက်ဆာနေမယ်ထင်ရဲ့  ။ "
ရှေ့ နေတစ်ယောက်လို နိမိတ်ပြစကားလုံး နှင့်  သုံးနှုန်းသွားလေသော ကိုလတ်ရဲ့  စကားကို . . .
" O.K ! Please man . . . ဒီကနေပြန်ရင် ၂၄ နာရီ ဖွင့် တဲ့ ဆိုင်မှာ အ၀စားဗျာ . . . ။ " လို့ ပြန်ဖြေကာ အတန်တန် တောင်းပန်ရင်းက call on လုပ်လိုက်တော့ သည် ။

ဒီလိုနဲ့  ဆေး နှင့်  Beer နှစ်ပင်လိမ်ပြီး တော်တော်လေး နှုတ်သွက်နေသောကျွန်တော်ရဲ့  သာမာန်ထက် ပို၍ ချိုနေသော စကားသံတို့ နှင့်  စကားဝိုင်းကို ဦးဆောင်ခေါ်သွားပြီး ၊ ရင်းနှီးခဲ့  ရတယ် ။ နောက်တော့  သူနဲ့ စကားတွေ ပြောရင်းနဲ့ 
အင်တာနက် အသုံးပြုခ (၁) နာရီ ၁၂၀၀ ကျပ်တဲ့  ၊
မန္တလေးဘက်ရောက်ရင် လာလည်ပါလား ဆိုတဲ့ 
စကားလုံးတွေကို .. .. .. ကျွန်တော် မြန်မာပြည် ပြန်ရောက်ရင် ဆက်ဆက်လာခဲ့ ပါမယ်ပေါ့  ။

စကားမစပ် . . .
သူက စင်္ကာပူ သွားဦးမယ်ဆိုတော့  . . .
ရောက်ရင်ဖုန်းဆက် ၊ မလေးရှားဘက် ရောက်ရင်လည်း ၀င်ခဲ့ ရယ်လို့ နှုတ်ဆော့ လိုက်သေးတယ် ။
ထူးထူးဆန်းဆန်း အတွေးအခေါ်တွေနဲ့  ခံယူချက်တွေ ရှိတဲ့  သူနဲ့  စကားပြောရတာ အချိန်ကုန်လွန်းမက ကုန်နေတာ မသိခဲ့ ပါဘူး ။

" သူ sign out လုပ်တော့ မယ် . . . ။
christmas မှာ စင်္ကာပူ သွားမယ်။
ပြန်ရောက်မှ Chat မှာ တွေ့ ကြမယ် . . .။
call end တော့ မယ်. . . ။
နောက် ဖုန်းဆက်လိုက်မယ်
" ဆိုတဲ့ သူ့  စကားတွေ နဲ့  ကျွန်တော့် အတွက် ခရစ္စမတ် ဆုတောင်းဆုံးမှ အချိန်တွေ ကုန်လွယ် လွန်းလိုက်တာလို့  ဘ၀မှာ ပထမဆုံး အကြိမ်အဖြစ် တွေးနေမိခဲ့တော့  တယ် ။

layait.cho : now i'll go out .
see you when i'm back .
have a great time for you!
see you , take care !

ဆိုတဲ့  စာတန်းတွေကိုသူ offline ဖြစ်ပြီး အချိန်တော်တော် အကြာအထိစိုက်ကြည့် နေခဲ့ မိတာ ကျွန်တော့် နှလုံးသားထဲ ကိုသူ ပထမဆုံး ခြေရာချခဲ့  ခြင်းလားလို့  ကျွန်တော် လုံးဝ မတွေးခဲ့ မိပါဘူး ။

" ကဲ . . . သားတော်မောင် တော်ပြီ ။ မယ်မယ်တို့  ခါနာ ခါတီးနား ရအောင် " ဆိုတဲ့  နတ်ကတော်မကျ ၊ အိန္ဒိယ မကျ စကားတွေနဲ့  ကိုလတ် ကလောဆော်ပြီမို့  ၂၄ နာရီဖွင့် တဲ့  ကုလားဆိုင်တစ်ဆိုင်မှာ ထမင်းစားဖို့ ထွက်လာခဲ့ ကြတယ် ...။

အခန်းရောက်မှ နာရီပြန်ကြည့် မိတယ် . . .
01 : 30 A.M
တော်တော်တောင် နောက်ကျနေပြီဘဲ . . . ။ မနက် ၇ နာရီ အလုပ်ဆင်းရ ဦးမယ် ။ အိပ်ဦးမှ ဆိုပေမယ့် . . . စိတ်ကူးတွေနဲ့  တစ်ခါမှ မရောက်ဘူးတဲ့  အမရပူရမှာ လျှောက်လည်လိုက်တာ မိုးလင်းလုမှ အိပ်ပျော်ခဲ့ တယ် ။

#########################
အခန်း ( ၄ )

ခရစ္စမတ်နေ့ တဲ့  ကျွန်တော်နဲ့ တော့ ဘီး နဲ့  ဘုန်းကြီး ၊ သိကြား နဲ့  အသူရာ လိုပါပဲလား ? နှိုးစက် Alarm ကို အကြိမ်ကြိမ် Snoop နှိပ်ပြီး မရတဲ့  အဆုံးမှာ အတင်းရုန်းကန်ထပြီး ရေချိုးဖို့  အနိုင်နိုင် မျက်နှာကို ကပျာကရာ သစ်ပြီး အလုပ်ကို ပြေးခဲ့တော့  ၇ နာရီ ၊ ၃၅ မိနစ် ။ နာရီဝက်တိတိ နောက်ကျပြီး အလုပ်ဆင်းတာတောင်မှ ခေါင်းကမကြည် ၊ လူကယောင်ဝါးဝါး နဲ့  အမှားအမျိုးမျိုး လုပ်ပြီး ၊ နေ့ တစ်နေ့  ကုန်ဆုံးခဲ့ ရတယ် ။

သြော် . . . ခရစ္စမတ်နေ့  ဆိုပဲ . . .

ညနေ ၄ နာရီလောက် အလုပ်က ပြန်ရောက်ရောက်ချင်း နောက်ကျိရှုပ်ထွေးနေတဲ့  စိတ်အစိုင်အခဲတွေကို လက်ကျန် H-5 ၂ ပြားနဲ့  Beer တစ်လုံး ပေါင်းစပ်လို့  M.T.V တစ်ခွေဖွင့် ပြီး အရာရာကို မေ့ ပျောက်နေနေခိုက် . . .

ကိုမျိုးရောက်ချလာပြီး . . .
" ဇရက် (ဆက်ရက်) မင်း စည်းစိမ်ရစ်နေပါရော့ လား ? Christmas ညမှာ အစီအစဉ် မရှိဘူးလား ? ဒီည ကိုလတ်တို့  စက်ရုံမှာ ပါတီ ရှိတယ် ။ ကဲ ... ဘယ်လိုလဲ ? "

ကျွန်တော် တော်တော်လေး အဖြေရ ကျပ်သွားတယ် ။ ဘာလုပ်ရမယ် စဉ်းစားနေခိုက် တိုက်တိုက်ဆိုင်ဆိုင်ပဲ ကိုလတ် ဆီက ဖုန်းဝင်လာတယ် ။

" ပြော . . . ကိုလတ် . . . ။ အိမ်မှာ အခုပဲ ကိုမျိုးရောက်လာတယ် ။ "
" ငါ မပြောတော့ ဘူး ။ ဒီမှာ အသေးလေးရောက်နေတယ် ။ မင်းနဲ့ ပြောချင်တယ်ဆိုလို့  . . . ကဲ...ပြောလိုက်ဦး ။ "

အင်း ... အသေးလေးပါ ရောက်နေမှတော့  ကျွန်တော်ငြင်းလို့  မရနိုင်တော့  . . .

" ပြော .. . အသေးလေး ။ မင်းနဲ့  မတွေ့ ရတာတောင် ကြာလှပြီ ။ "
" ဘာမှပြောမနေနဲ့  ဒီည စက်ရုံမှာလူစုံမယ် ။ တွေ့ ချင်ရင်ညကျလာခဲ့  . . . ။ မလာရင် မင်းပြောတဲ့  ဘော်ဘော် ဇယားတွေ မြောင်းထဲသွား . . . O.K လား ? "
ဘာကိုမှ ငြင်းစရာလမ်း မရှိတော့  . . .

" လာခဲ့ မယ် . . . ။ ဘယ်အချိန်စမှာလဲ ? "
" စောစောပိုင်းက လူကြီးဝိုင်း ၊ တို့ ပွဲက ၁၀ နာရီလောက်မှ စမှာ ၉ ခွဲလောက်လာခဲ့ လေ . . . ။ "
" O.K အသေးလေး ကိုလာခဲ့ မယ်။ "
" Promise နော် promise . . . "
" O.K man I promise you. "

ဖုန်းပြောလို့  အပြီးမှာ . . .
" ကဲ . . . ဘယ်လိုလဲ မောင်ညီလတ် ၊ မင်းအခုတော့  ငြင်းနိုင်သေးရဲ့ လား ? " ဆိုပြီး ခပ်လှောင်လှောင် မေးလာခဲ့သော ကိုမျိုးအမေးကို ခေါင်းဆတ်၍သာ ကျွန်တော်ပြန်အဖြေပေးခဲ့ မိတယ် ။

" ကိုမျိုးရေ . . . အပြင်သွားရင် lock ချခဲ့  ၊ ကျွန်တော်အိပ်ဦးမယ် ။" လို့ ပြောပြီး ကျွန်တော်အိပ်မယ် ပြင်တော့  ...

" ငါလည်း အလုပ်နားထားတော့  ပျင်းနေတယ် ။ လုပ်စရာမရှိဘူး ။ သီချင်းနားထောင်မယ် ။ အိပ်လို့ ရရင်အိပ် " တဲ့ ။ မဆိုးပါဘူး ။ ကိုမျိုးက သီချင်းကို ကျယ်ကျယ်လောင်လောင် နားထောင်တတ်တာမှ မဟုတ်တာ . . . ။ ကျွန်တော်ပါ သီချင်းနားထောင်ရင်း အိပ်မယ်ပေါ့  ။

ဒါပေမယ့်  ကျွန်တော်ရဲ့  အထင်နဲ့  လက်တွေ့ တက်တက်စင်အောင် လွဲခဲ့ ရတယ် ။ R.ဇာနည် ကို အရမ်းကြိုက်တဲ့  ကိုမျိုးရဲ့  လမင်းလေး သီချင်းကြောင့်  ကျွန်တော်တစ်ယောက် အတွေးတွေထဲမှာ စီးမျှောနေရင်း မှိန်းနေရုံ သက်သက်နဲ့  အတော်ကြာတဲ့ အထိ မအိပ်စက်ဖြစ်ခဲ့ ဘူး ။

နားထဲကို တိုးဝင်လာသော ခရစ္စမတ်ရဲ့  ဂီတသံစဉ် လေးတွေကြောင့်  ကျွန်တော်နိုးထလာရင်း လမ်းမသို့  လှမ်းကြည့်လိုက်မိတယ် ။ သာယာလှပနေတဲ့  ခရစ္စမတ် ညချမ်းလေးပဲ ။ နေ့ လည်တုန်းက နဲ့  လားလားမျှ မသက်ဆိုင် ဆွတ်ပျံ့  နှစ်မြို့ ဖွယ် ခံစားကြည်နူးရင်း ကောင်းကင်ယံကို မော့ ကြည့်မိလိုက်မှ တစ်စုံတစ်ခု ကို သတိရလိုက်မိတယ် ။ ရွန်းလဲ့ တောက်ပနေသော လမင်းကြီး . . .။ လရိပ်ချို ...မင်းကတော့  ဒီညဆို စင်္ကာပူမှာ ပျော်နေလောက်ရောပေါ့  ။ ကျွန်တော့် ခေါင်းထဲမှာ အကြံတစ်ခု ရုတ်တရက် ပေါ်လာခဲ့ တယ် ။ ဒီည ခရစ္စမတ် ပါတီကလည်း အချိန်လိုဦးမယ် ...။ ကျွန်တော် ကိုယ့် အကြံအစီနဲ့  ကို လေလေးချွန်ရင်း အိမ်ထဲလှမ်းဝင်ခဲ့ တယ်။ လရိပ်ချိုကို ခရစ္စမတ်လက်ဆောင် တစ်ခုခု ပေးမယ်လို့ ပေါ့  .. . ..။

" ဟေ့  ... ညီလတ် . ...ပျင်းတယ်ဟေ့  . . . အစောကြီး ရှိသေးတယ်ကွ ။ ပါတီက အချိန်လိုသေးတယ် ။ ဘာလုပ်ရင် ကောင်းမှာလဲ ? "

ကံကြမ္မာက ကျွန်တော့် ကို မျက်နှာသာပေးချေပြီ ။ ရေငတ်တုန်း ရေတွင်းထဲ ကျသလို နဂိုကမှ အကြံအစီရှိနေသော ကျွန်တော်ကို ... ကိုမျိုးက အကြံဥာဏ် တောင်းလာပြီမို့  စဉ်းစားဟန်ဆောင်ရင်း . . .

" အင်း ... အခုမှ ၈ နာရီပဲ ရှိသေးတယ် ။ cyber သွားမယ် .....။ christmas ဆိုတော့  လူရှင်းလိမ့် မယ် ။ အေးအေး ဆေးဆေး လုပ်ချင်တာလုပ်လို့  ရတယ် ။ မကောင်းဘူးလား ? "

" အေးအိမ်မှာနေတာထက်တော့  အပျင်းပြေဦးမယ် ။ သွား ရေမြန်မြန်ချိုး လစ်မယ် " ကိုမျိုးထံမှ ထိုစကားမျိုး ပြန်လာမည် ဟု ကြိုတင်တွက်ဆထားသော ကျွန်တော်က ကိုမျိုးစကား မဆုံးခင်မှာပင် ရေချိုးခန်းထဲ ရောက်နှင့် နေပြီ။

+++++ အချစ်အကြောင်း မသိခဲ့ ဘူး . . . ငယ်စဉ်က အသက် ရွယ်မှာ . . . . . ရူးလောက်တဲ့  အချစ်မျိုးလည်း .... ကိုမတွေ့ ခဲ့ ဘူးပါ. . . . +++++ ကိုဇော်ပိုင်ရဲ့  မင်းနဲ့ မှ ချစ်တတ်ပြီ သီချင်းကို ရေချိုးရင်း သီဆိုရင်းမှ . . . . . . . .
မင်းနဲ့ မှ ချစ်တတ်ပြီပေါ့  ဆိုတဲ့ စာသားလေးကိုပဲ ဓါတ်ကျကာ အထပ်ထပ် သီဆိုနေမိတော့ တယ် ။

" စိတ်မဆိုးနဲ့  လရိပ်ချိုရေ ... မင်းနဲ့ မှချစ်တတ်ခဲ့ တာ မဟုတ်ပါဘူး ။ လိမ်တတ်ခဲ့ တာကွ ဟာ...ဟ။ ဒီညလည်း မင်းကို သတိရလွန်း ရဲ့  ဆိုပြီး ၊ message ပို့ ထားဦးမယ် ။ မိန်းကလေးသူငယ်ချင်း ဆိုတာ ငါ့ အတွက်တော့  ရုပ်ရှင်ကား တစ်ကားလိုပါကွာ...။ ကားသစ်တင်တိုင်း ကြည့်ချင်ပါရဲ့ ...။ "

နှုတ်မှ တီးတိုးအသံထွက် ရေရွတ်ရင်း သဘောအကျကြီးကျ နေသော ကျွန်တော် တစ်ယောက် ...သေနေပြီလား?ရယ်လို့  မေတ္တာပို့  မေမြန်းလာသော ကိုမျိုးကြောင့်  ရေချိုးခန်းထဲမှ ခပ်သွက်သွက် ထွက်ခဲ့ ရတယ်။

" O.K ! Lets go .... သွားမယ်... ကိုမျိုးရေ . . . "
အ၀တ်လဲရင်း ကိုမျိုး စိတ်ချမ်းသာစေရန် အသံပြုရင်း ကျွန်တော် ခပ်သွက်သွက်ထွက်လာခဲ့ တယ် ။
လရိပ်ချိုရေ . . . ငါမင်းအတွက် မုသားချိုချိုလေးတွေ သယ်ဆောင်လာလေရဲ့  . . .

##########################
အခန်း ( ၅ )

တဒင်္ဂ ဆိုတဲ့  အချိန်လေးအတွင်းမှာ အရာရာ တိတ်ဆိတ်သွားတယ်လို့  ခံစားလိုက်ရတယ် . . .
အစိမ်းရောင် on-line icon လရိပ်ချိုတဲ့ ...
လုံးဝ မျှော်လင့် မထားခဲ့ တာပါ ...။ သူဒီညနေဆို စင်္ကာပူမှာ ရှိနေရမယ်လေ ... ။ နိုင်ငံခြားတိုင်ပြည် တစ်ခုကို အလည်အပါတ် သွားတဲ့ သူက on-line ပေါ်မှာ ရှိနေနိုင်စရာလား ... ? သူကညာခဲ့ တာလား . . . ? မေးခွန်းတွေ တစ်ယောက်ထဲ ရေရွတ်ရင်းက တွေဝေမှုတွေ စတင်ခံစားနေရသော ကျွန်တော့် ကို ကိုမျိုးတစ်ယောက် သတိမထား မိခဲ့ ချေ . . . ။

" Hi " ဆိုတဲ့  နုတ်ခွန်းဆက် စကားကို အကြိမ်ကြိမ်ရိုက်ရင်း ၊ ပြန်ဖျက်ရင်းနဲ့  တွေဝေမှုတွေ ကြီးစိုးနေခဲ့ တယ် ။ အချိန်တော်တော် ကြာသည်အထိ တွေဝေငြိမ်သက်နေသော ကျွန်တော့် ကို ...

" ဟေ့ ကောင်လေး ...ပါးစပ်သေနတ်မပစ်တော့ ဘူးလား ? " ... ဆိုတဲ့  ကိုမျိုးကြောင့်  ဟန်ဆောင်အပြုံးတစ်ခု ခက်ခက်ခဲခဲ ဖန်တီးရင်း ပြန်လည်ရယ်မော နောက်ပြောင်ဖို့  ကျွန်တော်ကျိုးစားခဲ့ ပေမယ့်  မအောင်မြင်ခဲ့ ။ ဒါတွေကို ကိုမျိုးတစ်ယောက် သတိမထားမိတာပဲ တော်လှပါပြီ...။

အချိန်သိပ်မကြာလိုက်ခင်မှာပဲ လရိပ်ချို sign out လုပ်သွားလို့  offline icon ဖြစ်သွားတယ် ။
အရာရာ ပြီးဆုံးသွားသလိုပါပဲ ...။ ကျွန်တော့်  ရင်ထဲမှာ တစ်စုံတစ်ခု လွတ်ကျသွားသလို mခံစားလိုက်ရတယ်...။ "ဘာကြောင့် လဲ ?" .... ဆိုတဲ့  မေးခွန်းကို ကိုယ့်  ကိုယ်ကို ပြန်မေးဖို့  မကြိုးစားမိပဲ ၊ တွေဝေစွာနဲ့  သူ့ ရဲ့  personal web; က profile ကို အထပ်ထပ်ကြည့်နေမိတယ် . . . ။ နောက်ဆုံး သူရဲ့  profile က ရှားရှားပါးပါး မထင်မရှား ဓါတ်ပုံလေး (၃) ပုံ ကို download လုပ်ပြီး save ထားလိုက်မိတယ် . . . ။

တစ်နာရီ ဆိုတဲ့  အချိန်ကို ကျွန်တော်ခက်ခက်ခဲခဲ ရင်ဆိုင်လိုက်ရတယ် . . . ။ အချိန်တွေ ကုန်ခဲလွန်းလိုက်တာဗျာ ။ ပါတီချိန်ကိုသာ ကျွန်တော် မျှော်လင့် နေမိတော့ တယ် ။ စိတ်လွတ်ကိုယ်လွတ် ပျော်မယ်ပေါ့  ။

ပါတီပွဲ စတော့  ပျော်ရွင်မှု ဆိုတာ ကျွန်တော့်  အထင်သာဖြစ်ခဲ့ ပါတယ် ။ ဖွင့် နေတဲ့  music D.J က အမျိုးမျိုးလက်စွမ်းပြနေလေရဲ့ ...။ ကျွန်တော် ဘယ်လိုမှ ခံစားလို့ မရခဲ့ ဘူး ။ သောက်နေတဲ့  Black Label ကလည်း မူးဝေစေခြင်းမှ အပ ကျွန်တော့် ကို လွတ်လပ်စွာ ပျော်ရွင်မှု မပေးနိုင်ခဲ့ ဘူး ။ အရာရာ အစီစဉ် မကျနခြင်းတွေကို မခံစားနိုင်တဲ့ အဆုံးမှာ သူငယ်ချင်းတွေကို နှုတ်ဆက်ရင်း ကျွန်တော် ပါတီပွဲ ကို ကျောခိုင်းဖို့  ကြိုးစားခဲ့ တယ် ။ ကျွန်တော့် အကြံအစီ အပြည့်အ၀ မအောင်မြင်ခဲ့ ...။

" မင်းပြန်ရင် တို့ ပါပြန်မယ် ။ မင်းအိမ်မှာပဲ ထပ်သောက်တော့ မယ် " ဆိုတဲ့  အသေးလေးရဲ့  စကားအဆုံးမှာ အားလုံးက ကျွန်တော့် အိမ်မှာ ဆက်လက်သောက်ကြဖို့  ဆုံးဖြတ်လိုက်ကြတယ် ။ ကျွန်တော် စိတ်ကမပါပေမယ့်  ခေါင်းညိမ့် ခဲ့ ရတယ် ။ ခွင့် မပြု့ လို့ ကလည်းမဖြစ် ၊ အသေးလေး က ၃ လလောက်မှ တစ်ခါရောက်ဖြစ်တဲ့ သူ ။ ရောက်တုန်းရောက်ခိုက် စိတ်မပါလည်း ငြင်းလို့  မကောင်းတတ် . . . ။ စိတ်တော့  နည်းနည်း ရှုပ်သွားတယ် ။ အေးအေး ဆေးဆေး ပြန်နားချင်ပါမှ . . . ။

ဒီလိုနဲ့  ည ၁၁ နာရီ ခွဲလောက်မှာ အိမ်ပြန်ဖြစ်ခဲ့ တယ် . . . ။

xxxxx nick name တွေအများကြီးကြားက လမင်းလေးကို ချစ်မိလို့ xxxxx

တိုးတိတ်စွာ ရင်ထဲတိုးဝင်လာတဲ့ သီချင်းလေးတစ်ပုဒ်က နှလုံးသားကို ရိုက်ခတ်သွားစေရဲ့ . . .
မယုံကြည်နိုင်စွာနဲ့ ကိုယ့်ကို ကိုယ် ပြန်မေးလိုက်မိတယ် . . . ။ အဖြေကေ၀၀ါးနေဆဲ .....။ တစ်ကယ်ဆို ကျွန်တော်က တွေဝေတတ်ခဲ့တာလား ?

ဆောင်းအတိတ် လရိပ်ကေ၀၀ါး
နှောင်းခဲ့တဲ့ ပုံရိပ်များစွာက
စင်စစ်အမှန် ရိပ်ထင်ကျန်ခဲ့
နှလုံးသားမှာ ရေးတဲ့ကျမ်းစာ
မင်း ...
ဘယ်နံမယ်နဲ့ ပါမှာလဲ ?


####################
အခန်း ( ၆ )

ထူပူလာသော စိတ်တွေကို သတိထားထိန်းချုပ်နေရင်းက ကျွန်တော် ရင်ကို လာမှန်တဲ့စကား တစ်ခွန်းကြောင့် လွတ်ထွက်သွားခဲ့တယ် ။

" မင်းဟာက . . . အလကားတွေပါကွာ ...... ဒီပုံတွေကိုဘဲ ထိုင်ကြည့်နေလို့ ကြာရင်ရူးသွားလိမ့်မယ်" တဲ့
မင်းဟာ ဆိုတဲ့ အသုံးအနှုန်း က ကျွန်တော့်ကို ထိန်းချုပ်နိုင်စွမ်းတွေ လျှော့ပါးသွားစေခဲ့တယ် ။

" ဟေ့ကောင် ... အသေးလေး... မင်းအခု အခန်းထဲက ထွက်သွားတော့ " လို့ ကျွန်တော် သူငယ်ချင်း တစ်ယောက်ကို ရိုင်းရိုင်းစိုင်းစိုင်း မောင်းထုတ်မိလိုက်တယ် ... ။

"ငါ့ညီ အချင်းချင်းတွေ ဒီလိုလုပ်ရင် မင်းမှားမှာပေါ့ ... ။ "ကိုမျိုးရဲ့ တားမြစ်သံက ကျွန်တော်ကို ဟန့်တားဖို့ မတတ်သာတော့ ...။ နောက်ဆက်တွဲ စကားလုံးအဖြစ် ...

"ခင်ဗျားတို့ပါ အားလုံးထွက်သွား " လို့ ကျွန်တော် ရင့်ရင့်သီးသီး အားလုံးကို မောင်းထုတ်ပြစ်လိုက်တယ် ။

မတတ်သာသည့်အဆုံးမှာ ကိုမျိုးတစ်ယောက် ခေါင်းငိုက်စိုက်ချရင်း အားလုံးကို ဖေးမကာ အပြင်ထွက်သွား တော့တယ် ။ ဘ၀ရဲ့ ပထမဦးဆုံး အကြိမ်အဖြစ် ကျွန်တော် အားလုံးကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံလိုက်မိတယ်။

အာလုံးအခန်းထဲမှ ထွက်သွားတော့မှ ကျွန်တော့်စိတ်အစဉ်ကို လျှော့ချဖို့ ကြိုးစားလိုက်တယ် ။ လက်ကျန် အရက် တစ်စိတ်လောက်ကို ရေမရောပဲ သောက်ချလိုက်မိတယ် ။ လည်ချောင်းတစ်လျှောက် ပူဆင်းသွားယုံမက ၊ အရက်သီး သွားသည့် ဒဏ်ပင် အတော်ခံစားလိုက်ရသည် ။ ဒါပေမယ့် ရင်ထဲက ခံစားမှု ဒဏ်ရာကို မဖျောက်နိုင်ခဲ့ ။

........ မပီမသ ၊ သက်ပြင်းချသလို နှုတ်မှထုတ်၍ ရေရွတ်ရင်း desktop ပေါ်က ပြေးလွားနေသော ဓါတ်ပုံလေးများကို ငေးကြည့်နေမိခဲ့တာ ဘယ်လောက်ကြာသွားမှန်း မသိလိုက်ရ ၊ ပါးပေါ်က စီးဆင်းလာသော မျက်ရည် စီးကြောင်းအစုံ ကြောင့် ကျွန်တော်တွေဝေနေရာမှ သက်ဝင်လာခဲ့တယ် ။

မျက်ရည် ... ကျွန်တော် အံ့သြစွာ ရေရွတ်လိုက်မိတယ် ။ ကျွန်တော် မျက်ရည်တွေကျနေပါလား ? ဘယ်တုန်းက ကျွန်တော် မျက်ရည်ကို နားလည်သွားတာလဲ ? ဘ၀ ရဲ့ အဘိဓ္ဓါန် မှာ မျက်ရည်ဆိုတဲ့ စကားလုံး ပျောက်ဆုံးနေတဲ့ ကျွန်တော် မယုံကြည်ခြင်း များစွာနဲ့ တစ်စုံတစ်ရာကို နားလည်သွားမိတော့တယ် ။

ကျွန်တော် လရိပ်ချိုကို နက်နက်ရှိုင်းရှိုင်းကို ချစ်မိသွားပြီ ဆိုတာပါဘဲ ... ။ ကျွန်တော် လက်မခံနိုင်သေးခင်မှာဘဲ ၊ နှလုံးသားက ရွေးချယ်လိုက်မိပြီ ။ အကြောင်းပြချက် မယ်မယ်ရရ မရှိပါပဲ သူ .... လရိပ်ချို ကျွန်တော့် နှလုံးသားကို သိမ်းပိုက်သွား ခဲ့ပြီ ။ ကျွန်တော် ထိရှရှခံစား ချက်တွေနဲ့ လုံးပန်းနေရင်းမှ သံသယ ဆိုတဲ့ ဝေါဟာရက ရင်ကိုထပ်မံ ရိုက်ခတ်လာပြန်တယ် ။

သူ... ဘာကြောင့် လိမ်ညာခဲ့တာလဲ ? တကယ်ဆို သူ ကျွန်တော်ကို အရူးလုပ်ချင်တာလား ? မေးခွန်တွေ အကြားမှာ လွင့်မျောရင်း မနှစ်မြို့စရာ နာကျင်ခြင်း ဆိုတဲ့ ခံစားချက်တွေကို ခံစားရင်းက keyboard ပေါ်ခေါင်းစိုက်ကျကာ လောကနဲ့ အဆက်အသွယ် ပြတ်သွားခဲ့ရတယ် ။

########################

2 comments:

ခင်မင်းဇော် said...

ကောင်လေးရေ
အဲဒါ ကောင်လေးနဲ့ ကောင်မလေးရဲ့
ချစ်ကိုယ်တွေ့လားကွယ်။
ဟီးစပ်စုကြည့်တာပါ။
ဖြေနိုင်မှ ဖြေပါလို့၊

Anonymous said...

မခင်မင်းဇော်ခင်ဗျာ ...
ကျွန်တော်ရဲ့ တင်ဆက်မှု အနုပညာလေးတစ်ခုပါ ခင်ဗျာ ။
မပြီးခင် ဗမာ အမြင်စေနဲ့ ဆိုသလိုပေါ့ ။ ဇာတ်သိမ်း ပြီးမှ အဖြေပါလာပါ့မယ် ခင်ဗျာ ...။
လောလောဆယ်တော့ ပြောပါရစေနဲ့ဦး ခင်ဗျာ ...။