Wednesday, July 11, 2007

ခေါင်းစဉ်မဲ့

ဂစ်တာတစ်လက်နဲ့ ရင်ခုန်သံကိုကာရံပြီး
မင်းလေးရဲ့ လိုချင်တာတွေ ကို ...
သံစဉ်တွေနဲ့ ကြိုးစားရင်း ခရီးဆက်
ဝင်္ဂဘာတွေကို လှည့်ပါတ်ရင်း ၊
မူးယစ်နေတဲ့နေတဲ့ကြယ်...။

ဖူးပွင့်နေတဲ့ ပန်းတွေက
သန်းခေါင်ယံရဲ့ ခံစားမှု
တိတ်ဆိတ်တဲ့ညက လှပတဲ့သံစဉ်
အိပ်မရတဲ့အိမ်မက်တွေက
အနာဂတ် အတွက် ထာဝရရှင်သန်မှုပါပဲ...
ကွန်ပျူတာရယ် ...။



အချစ်ကို ရှေ့တန်းတင်
အချစ်မိုးတွေ ရွာပြီး
အချစ်ပန်းခင်း လေးများ ရှင်သန်နေပေမယ့်
အိမ်မက်တွေရဲ့ အချိန်တိုင်းမှာ
လင်းလက်နေတဲ့ မျက်ဝန်းအစုံက ကြယ်စင်...
အိမ်မက်ရဲ့ သခင်...။

အတ္တ နဲ့ မာန
ခံစားချက် နဲ့ ၀ိဥာဉ်
မျှေယ်လင့်ချက် ကင်းမဲ့ခဲ့တဲ့ ရိုစီ
မြတ်နိုးတွယ်တာမှုနဲ့ တော်ဝင်ပန်းလေး
တို့တစ်ကယ် တွေ့မယ့်တနေ့ ...
ဘယ်တော့မှ မမေ့ပဲ
ဒီနေရာက စောင့်နေမယ် ... ။ ။

No comments: