Sunday, July 22, 2007

သားကောင်

သားကောင်.......

သူတို့ပေါ့........
သူ့ထက်သာ မနာလို
သူ့ထက်မ သာလဲ မနာလို
လူလူချင်း ရန်ပိုနေ ကြတာ.......။



အောက်ကနေ ခေါင်းငုံ့
အောက်ကျို့နေတဲ့ သူကိုမှ အထက်ကနေ
ခေါင်းပုတ် ဆော့ကစား ချင်ကြတာ.......။

သူတို့ပေါ့.............
လူတကာ ကို အပူမပါဘဲ
ပြုံးပြရင်တောင် အကျိုးမရှိ ဘူးထင်ရင်
မမြင် ဟန်ဆောင် နေတတ်ကြတာ.........။

အဲဒီ သူတို့ပဲပေါ့..........
လောက ရဲ့ သစ္စာဆရားကို
ငွေကြေးနဲ့ လှည့်စားပြီး
အတ္တကို ခေါင်းမြီး ခြုံထား ကြတာလေ..........။
ရွှေမင်းသား(အိပ်မက်အိမ်)

No comments: