Sunday, July 22, 2007

ပုံစံကိုက်

ဒီ ပုံစံကိုက် ဆိုတဲ့အဌာကိုဗျာ ကျုပ်တော.သဘောမကျပေါင်ဗျာ။ကျုပ်တစ်ယောက်ထဲအတွက်ပြောတာပါ။ခင်ဗျား ကြိုက်ချင်မှကြိုက်ပေါ. ဒါခင်ဗျားအခွင့်အရေးဘဲဥစ္စာ။ကျုပ်ကတော. ကျုပ်ပတ်ဝန်းကျင်မှာ ပုံစံကိုက်လိမ္မာသူ မဟုတ်သလို ပုံစံကိုက်ဆိုးမိုက်သူလည်း မဟုတ်ပေဘူး။ အဆုံးဗျာ....မိန်းကလေးတစ်ယောက်ကို ချစ်တာကအစ ပုံစံကိုက်မဟုတ်ဘူးဗျ။တလွဲမတွေးပါနဲ.(အဲဒီ ချစ်ခြင်းမေတ္တာဆိုတာ..ပိုင်ဆိုင်ခြင်းလား၊စွန့်လွတ်ခြင်းလား)ယုံချင်ယုံ၊ မယုံချင်နေ..ကျုပ်ကတော့ အဲဒီနှစ်ခုလုံးနဲ့ မပတ်သက်ဗျာ။ကျုပ်ယုံတာ "နေရာယူခြင်းဘဲ "ကြားဖူးတယ်မလုပ်နဲ့ တက္ကသိုလ်ဘုန်းနိုင်ရဲ့စာတွေကြေရင် ခင်ဗျားသိမှာပါ)။အဲဒါကြောင့်လည်း ကျုပ်ကိုကောင်မလေးက ပစ်သွားသဗျ ဟဲဟဲ။ကျုပ်ဆိုတဲ့လူဟာ... တခါတရံ တရားထိုင်တယ်၊ တခါတရံ အရက်သောက်တယ်။တခါတရံအိမ်ထဲကမထွက်ဘဲစာဖက်တယ်၊ တခါတရံ အိမ်မပြန်ဘဲတစ်ပတ်လောက်အပြင်မှာလမ်းသလားနေတယ်။တခါတရံ...ဗျာ အများကြီးကျုပ်ရဲ့ဆန့်ကျင်ဘက်ကျုပ်တွေ...။ဆိုလိုတာက မတူညီတာတွေဟာညှို့ရမှာမဟုတ်ဘူး။ညှို့လို့လည်းမလွယ်ဘူး။နားလည်တတ်ဖို့ဘဲလိုတယ်။ပန်းချီကားတွေလိုပေါ့။မတူညီခြင်းတွေနဲ့ အလှတရားကိုဖန်တီးရတာမဟုတ်လား။ဒီမိုကရေစီ ဆိုတာလည်းအဲဒီလိုပါဘဲ။လူပြိန်းနားလည်အောင် ပြောရမယ်ဆိုရင်(ခင်ဗျားကို ပြောတာမဟုတ်ဘူးနော်၊ ခင်ဗျားဟာ တကယ်တော်တဲ့လူဆိုတာကျုပ်သိတာပေါ့)"သင်၏တုတ်ကို လွတ်လပ်စွာဝှေ့ယမ်းနိုင်ပါသည်။ကျွန်တော်ရဲ့ဦးခေါင်းကိုမထိမိပါစေနဲ့" ပေါ့ဗျာ။ စည်းတော့ရှိရတာပ တော်ကြာလူပြိန်းတွေက ဒီမိုကရေစီ ရပြီကွ ။ငါမကျေနပ်တဲ့ကောင်တွေကိုအားရပါးရရိုက်လို့ရပြီဆိုပြီးဆော်ပလော်တီးနေမှဖြင့်ဘယ့်နှယ်လုပ်ပ။ကျုပ်ကိုချဉ်တဲ့လူတွေကအားရပါးရရိုက်လိုက်မှဖြင့်....အမလေး....တွေးရင်းတောင်ခေါင်းယားလာသလိုဘဲ။အဲဒါပါဘဲဗျာ

No comments: