Sunday, July 22, 2007

အမှန်တရားတစ်ခုကိုချပြကြည့်ခြင်း

ဘယ်တော့မှမမှားနိုင်တဲ့အမှန်တရားတခုကိုချပြကြည့်တာပါ ။

ဘယ်အရာမဆိုဆုံးရှုံးပြီးတော့မှတန်ဖိုးထားတတ်ကြတာလူတိုင်းရဲ့အကျင့်တခုလိုဖြစ်နေပါပြီရှိနေချိန်မှာသူ့ရဲ့တန်ဖိုးကိုမသိကြဘူး

။အဲဒီလူတွေထဲမှာကျွန်တော်ဆိုတဲ့ဘာမှအသုံးမကျတဲ့ကောင်တကောင်လည်း အပါအ၀င်ပေါ့အမေဆိုတာ လူတိုင်းအတွက်တန်ဖိုးမဖြတ်နိုင်တဲ့မေတÅာတရားတွေနဲ့ လုံခြုံအေးချမ်းတဲ့ကမÇာကြီးတခုပါ ကျွန်တော်တို့တွေဟာအမေရဲ့အရိပ်မှာနေပြီးအရာ ရာတိုင်းအပူအပင်ကင်းစွာနေနိုင်ခဲ့တယ်။ အမေခူးခပ်ကျွေးတဲ့ထမင်းကိုစားပြီးအမေ လျှော်ပေးတဲ့အင်္ကျီကိုဝတ်ပြီးတော့ အမေရဲ့စေတနာကိုနားမလည်းခဲ့ဘူးအမေရဲ့ မေတÅာတွေကိုမြင်အောင်ကျွန်တော်မကြိုးစားခဲ့မိဘူးအခုတော့ကျွန်တော်သိနေခဲ့ပါပြီ။ အမေနဲ့ခွဲခွာခဲ့ရတာသိပ်မကြာသေးပေမယ့်ကျွန်တော်သဘောပေါက်ခဲ့ပါပြီး။ အမေရဲ့ စကားသံတွေ၊ ဆူပူသံတွေ၊ ကျွန်တော်ရဲ့ကျရှုံးခြင်းတွေကို အမြဲတမ်းအားပေးနှစ်သိမ့် မူတွေအားလုံးကိုပါ၊ဟိုအရင်အချိန်က အမေဆူရင်စိတ်ဆိုးခဲ့မိတယ်၊အပြင်သွားလို့ အိမ်ပြန်နောက်ကျရင်အမေဆူတာကိုမကျေနပ်ခဲ့ဘူး၊အမေကိုအပြစ်တွေမြင်ခဲ့မိတယ်၊ ဒီအချိန်အမေရဲ့ အဆူအပူအကျိမ်းအမောင်းတွေကိုခံချင်ရင်တောင်မှအမေနဲ့ ကျွန်တော်ကတနယ်ဆီဝေးနေကြပါပြီ။အမေဆီဖုန်းဆက်ပြီးအမေနေကောင်းလားလို့မေးရုံကလွဲလို့ဘာမှပြောလို့မရတော့ဘူး။ အမေကလည်းကျွန်တော်ကိုအရင်လိုမဆူ တော့ပါဘူး။ အခုချိန်မှာအမေကိုအရမ်းသတိရတယ် အမေကိုအရမ်းတွေ့ချင်တယ်၊ အမေရဲ့နားမှာနေပြီးတော့ အမေချက်တဲ့ထမင်းဟင်းတွေကိုတ၀ကြီးစားချင်တယ်၊ ကျွန်တော်စိတ်ညစ်တိုင်း အားပေးနှစ်သိမ့်တတ်တဲ့အမေရဲ့အရိပ်လေးကိုတမ်းတမိ တယ်။အမေ့ရင်ခွင်နဲ့ဝေးတော့မှအမေမေတÅာကိုကျွန်တော်နားလည်ခဲ့တယ်၊အနားမှာ အမေမရှိတော့မှအမေတန်ဖိုးကိုသဘောပေါက်ခဲ့တယ်။ အမေဆူပူဆုံးမသံတွေမရှိ တော့မှအမေစေတနာကိုနားလည်းတတ်လာတယ်၊ကျွန်တော်အမေ့ဆီကို ပြန်ရတော့ မယ်ခဏဆိုပေမယ့်ကျွန်တော်အရမ်းပျော်နေတယ်၊ ဒီတခါအမေကျွန်တော်ကိုဆူ လည်းစိတ်မဆိုးတော့ဘူး၊ အမေရဲ့ငြိမ်းချမ်းတဲ့ကမÇာလေးမှာတခဏလောက်လေး ကျွန်တော်ပြန်ရောက်ခွင့်ရခဲ့တဲ့အချိန်မှာ အမေ့ကိုစိတ်ချမ်းချမ်းသာသာနဲ့ပျော်ရွင် အောင်ထားမယ်။ အမေပြောသမျှကိုနာခံမယ်အမေရဲ့ရင်ခွင်ကိုတနေတော့ ကျွန်တော်အပြီးအပိုင်ပြန်ခိုလှုံနိုင်အောင်ကျွန်တော်ကြိုးစားနေပါတယ်လို့ကျွန်တော်လိုအမေနဲ့ခွဲနေရတဲ့သူတွေကိုအထူးပြောနေစရာမလိုပေမယ့်အမေ့အနားမှာရှိနေသူ များအမေ့ရဲ့မေတÅာကိုနားလည်းပြီးကျွန်တော်လိုမဖြစ်ပါစေနဲ့လို့။ ။

*** *** ***


No comments: