Wednesday, August 1, 2007

အိပ်မက် အပိုင်း အစ

ကျွန်တော်တို့နှစ်ယောက်ငယ်ငယ်လေးထဲက အတူတူကြီးပြင်းလာကြတဲ့ အိမ်နီး ချင်းသူငယ်ချင်းတွေပါ။ စိတ်ထည့်မှာရှိတာတွေဟာ တခါတလေကျရင်လက်တွေ့ မှာဖြစ်မလာတတ်ကျဘူး၊ အနီးဆုံးမှာအတူတူ ရှိနေခဲ့တဲ့ကျွန်တော်တို့နှစ်ယောက် ဟာသံယောဇဉ်ဆိုတဲ့ မြစ်လေးတစင်းထဲမှာ မျှောပါမှန်းမသိမျှောပါနေခဲ့တယ်။ ဘယ်အချိန်ဘယ်နေရာရောက်ရောက် ကျွန်တော်ဟာသူ့အတွက်ဖြစ်ခဲ့သလို သူဟာလည်းကျွန်တော့်ရဲ. အလိုကျဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့က အိမ်နီးချင်းတွေဆိုတော့ သူ့မိဘနဲ့ ကျွန်တော့် မိဘတွေက အရမ်း ရင်းနှီးကြတာပေါ့။ ကျွန်တော်တို့ရဲ့ သံယောဇဉ်ဟာပိုပြီးတော့ ခိုင်မာလာခဲ့တယ်။ ဖြူစင်တဲ့သံယောဇဉ်တွေကို အရောင်ဆိုးချင်ခဲ့တာကတော့ ကျွန်တော်ပေါ့။ တနေ့မှာတော့သူ့ကို ဖွင့်ပြောခဲ့ပါတယ်။ ပြန်ရခဲ့တဲ့ ကျွန်တော့်ရဲ့ ရလဒ်ကတော့ အကောင်ဆုံးတွေဖြစ်ခဲ့ပါတယ်။ ချစ်သူကအနားမှာ ရှိနေမှတော့ အရာရာဟာ ပျော်စရာကြီးပဲပေါ့ဗျာ။ နှစ်ယောက်တူတူ ဘုရားတွေသွားခဲ့ကြတယ်။ ဆုတွေတောင်းခဲ့ကြတယ်။ ကျောင်းဝင်းထဲက တခုတည်းသော ခုံတန်းကလေးဟာ ကျွန်တော်တို့နှစ်ယောက်အတွက် အမှတ်အသားလေးတခုပါ။



ပျော်စရာဆိုတာရှိရင် ၀မ်းနည်းစရာဆိုတာလည်းရှိတတ်စမြဲပါ။ သူရဲ့အမေက သူ့ကိုသူတို့ရဲ့ ရွာလေး မှာရှိတဲ့ အဖိုးနေမကောင်းလို့အဖော်သွားနေပေးရမယ်တဲ့၊ မျက်ရည်လေးစမ်းစမ်း လာပြောတယ်။ ကျွန်တော်သူနဲ့မခွဲချင်ဘူး၊ မသွားပါနဲ့လို့ ကျွန်တော်တားချင်တယ်၊ ဒါပေမယ့်ဗျာ အဲဒီလိုသာကျွန်တော်တားခဲ့ရင် ကျွန်တော် တရားပါ့မလား။ သူ့ရဲ့အဖိုးကို အဖော်အဖြစ် ၀ိုင်းကူပေးရမှာ၊ သူ့အဖိုးက အသက်လည်းကြီးပါပြီ၊ နေမကောင်းလို့ အဖော်မရှိလို့လှမ်းခေါ်တာပါ။ ကျွန်တော်က အဖိုးနေကောင်းတာနဲ့ ပြန်ခဲ့နော်လို့သာ ဘာမှမဖြစ်သလိုနဲပြောခဲ့တယ်၊ သူသွားမယ့်နေ့ မနက်မှာကျွန်တော်ကိုယ်တိုင်ဘူတာကိုလိုက်ပို့ပေးခဲ့တယ်။ ရထားပေါ် သူ့ကိုပို့ပေးပြီးကျွန်တော် အောက်ပြန်ဆင်းခဲ့တယ်။ သူ့ရဲ့ထိုင်ခုံကဒေါင့်ခုံဆိုတော့ ကျွန်တော် အောက်နားကနေရထားမထွက်ခင် အထိအတူရှိနေခဲ့တယ်။ တယောက်ကိုတယောက် တင်းတင်းကြပ်ကြပ်ဆုပ် ကိုင်ထားမိကြတယ်။ အဓိပါယ်တွေအများကြီးပါတဲ့ အကြည့်တွေနဲ့ ကျွန်တော်တို့ နှလုံးသားတွေ စကားပြောခဲ့ကြတယ်။ ခွဲခွါရတော့မယ်ဆိုတဲ့ အသိစိတ်တွေကရင်ထဲက အချစ်တွေကိုနိုးထစေခဲ့တဃ်။ ရထားကြီးထွက်ခွါသွားသလို ကျွန်တော့ကိုလည်း သူချန်ထားခဲ့ပြီလေ။ ဒါပေမဃ့် ဒါတွေဟာခဏပါဆိုတာ သိပေမဃ့် နှလုံးသားက လက်မခံဘူး အပြင်ဟန်ဆောင်မှုတွေနဲ့ ပျော်ရွင်နေပေမဃ့် ရင်ဘတ်ထဲ မှာတော့မိုးတွေရွာနေခဲ့ပြီလေ။ သူငယ်ချင်းတွေနဲ့လက်ဖက်ရည်ဆိုင်ထိုင်တိုင်းစကား အလွန်များတတ်တဲ့ ကျွန်တော်ဟာခုတော့ဆွံအသူတစ်ယောက် နဲ့မခြားတော့ပါဘူး သူငယ်ချင်းတွေကပြန်လာမှာပေါ့ကွာ၊ မင်းကလည်းဖြစ်နေလိုက်တာ၊ မင်းကလွန်ကို လွန်ပါတယ်တဲ့ သူတို့အမြင်မှာကျွှန်တော်အလွန် ဖြစ်နေတာပေါ့၊ ကိုယ်တိုင်ဖြစ်နေတဲ့ ကျွန်တော်ကတော့ အသိဆုံးပဲလေ ခုတော့ဒါတွေက ပြောင်းပြန်ဖြစ်ခဲ့ပြီးလေ ဒီတခါအဝေးကို ထွက်ခွာခဲ့သူက ကျွန်တော်၊ ကျန်ရစ်ခဲ့သူက သူပေါ့၊ သူကျွန်တော်လိုပဲ သတိရနေမယ်လို့ ကျွန်တော်ထင်ပါတယ်၊ ကျွန်တေိာထွက်လာ တုန်းကသူ ကျွန်တောိကိုလိုက်မပို့တော့ဘူး။ ကျွန်တော်နဲ့ သူဝေးသွားမှာ ကိုမမြင်ချင်ဘူးဆိုပြီး လိုက်မပို့ဘူး။ အိမ်မှာတော့ လာနှုတ်ဆက်ပါတယ်။ စကားပြောရင်း ၀မ်းနည်းလာပြီး ငိုလာတဲ့သူ ကျွန်တော်ပခုံးကိုလာမှီတယ်။ သူရဲ့ မျက်ရည်တွေကို ကျွန်တေိာမမြင်ရက်ဘူး။ သူရဲ့ အငိုမျက်လုံးတွေကို ကျွန်တော်ရင်မဆိုင်ရဲဘူး၊ ကျွန်တော်တို့နှစ်ဦးရဲ့ နှုက်ဆက် ချိန်လေးကို ဒီလိုပုံစံ့နဲ့ လက်မခံ့ချင်ဘူးသူကို ကျွန်တော်ကမငိုနဲ့လို့ပြောတော့ သူမငိုတော့ဘူး။ ကျွန်တောသူကိုလွတ်ထွက်သွားမှာ စိုးးသိအလား ဖက်ထားလိုက်မိတယ်။ ဒါတွေ ပြန်တွေးမိရင်အားလုံး ဟာမနေ့တနေ့ကလိုပါပဲ၊ သူကျွန်တော် ပခုံးပေါ် ကျခဲ့တဲ့ မျက်ရည်တစက်၊ သူ့ရဲ့ နှုက်ဆက်အနမ်းလေးတပွင့် အားလုံးကို မမေ့နိုင်သေးပါဘူး။ အခုမင်းရှိရာကို ကိုယ်ပြန်လာခဲ့ပြီး အချစ်ရယ် တို့နှစ်ယောက်ရဲ့ မဟောင်းနွမ်းသေးတဲ့ အချစ်တွေကို အသစ်တဖန်မွေးဖွားပြီး မင်းနဲ့အတူတူ ပျော်ရွှင်စရာ ဘ၀လေးတခုကို မျှော်လင့်ရင်းနဲ့ပါလေ။ တကယ်လို့ မင်းသာကိုယ့်ကို စောင့်နေခဲ့မယ်ဆိုရင်ပေါ့…………….

.........................................................................

စံစားမှုမပါခံစားမှုများစွာဖြင့်………...ရွှေမင်းသား(အိပ်မက်အိမ်)

No comments: