Friday, August 10, 2007

ဆုံမှတ် နှစ်ခုရဲ့ ဒိုင်ယာရီ အပိုင်း ( ၂ )

အခန်း ( ၇ )

" ..... ၊ အင်း ... ၊ အင်းဟင်း .... "

မပီမသ ပါးစပ်မှ ငြီးညူရင်း အာခေါင်တွေ အရမ်းခြောက်သွေ့ နေပြီး ၊ ရေကိုသာ တောင့်တနေမိခဲ့တယ် ။ စိုစွတ်မှုအချို့ နှုတ်ခမ်းမှ စတင်ခံစားလိုက်ရပြီး ။ အတန်ငယ် အာသာပြေသွားခဲ့ရပေမယ့် ။ တစစ်စစ် နာကျင်ကိုက်ခဲ နေသော ဦးခေါင်းခွံကြီး နဲ့ မပီမသ ကြားနေရသော အသံများကို တွန်းလှန်ဖို့ ကြိုးစားရင်း က အရာအားလုံး ကျွန်တော် နံဘေးမှ ပြေးထွက်သွားသလို ခံစားလိုက်ရပြီး လရိပ်ချို နဲ့ ကျွန်တော်တွေ့ရှိခဲ့ရတယ် ။ အရာရာကို ကျွန်တော်ပြန်လည် မေ့ပျောက်ပြီး ၊ လရိပ်ချို နဲ့ စကားတွေ အများကြီး ပြောဖြစ်ခဲ့ကြတယ် ။

ပျော်ဝင်စီးဆင်းခြင်း တစ်မျိုးမှာ ကျွန်တော်နစ်မွန်းနေဆဲ ... ရနံ့တချို့စတင်ရရှိလိုက်မှ လွန်စွာဆာလောင်နေမှန်း သိလိုက်ရတယ် ။ ကျွန်တော် ကြုံးထဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး ။ နောက်မှ မျက်လုံးတွေ ဖွင့် ကြည့်ဖို့ သတိရသွားတယ် ။ ခေါင်းထဲမှာ နာကျင်မှု အနည်းငယ်သာ ကျန်တော့ပေမယ့် . . . . . . . အမြင်တွေေ၀၀ါးနေဆဲမို့ တော်တော်ကြီး ကြိုးစားပြီး ကြည့်လိုက်မိတယ် ။

ကျွန်တော် အိပ်ယာပေါ် ရောက်နေပါရောလား ။

" ညီလတ် သတိရပြီလား ?" ကိုမျိုးရဲ့ စကားသံက လတ်တလော အခြေအနေကို အတွေးတွေနဲ့ ပိုရှုပ်ထွေး သွားစေခဲ့တယ် .... ။


သတိရပြီလား ? တဲ့ ၊
ငါ သတိမေ့ခဲ့လိုလား ?
ငါ အိပ်ရေးပျက်လွန်းလို့ စားပွဲပေါ်မှာ အိပ်ပျော်သွားခဲ့တာကို အိပ်ယာထဲ ပို့ပေးရုံနဲ့ ငါ့ကိုနောက်နေတာလား ? ကျွန်တော် အတွေးတွေထဲမှာ အပြန်ပြန် အလှန်လှန် စဉ်းစားနေရင်းက တစုံတစ်ခု ကို သတိရသွားမိသည် ။

ကိုမျိုး တစ်ယောက် အခန်းထဲကို ဘယ်လိုရောက်နေတာလဲ ?
အခန်းတံခါးကို ကျွန်တော်ကြည့် မိမှ အလုံးစုံကို ကျွန်တော် သဘောပေါက်ခဲ့ရတယ်။ ကျိုးပျက်နေတဲ့ အခန်းတံခါး သော့ .... ကျွန်တော် အခုမှ မေးခွန်းတွေ နှုတ်မှ ထုတ်မေးဖို့ သတိရတော့တယ် ။

" ကိုမျိုး .... ကျွန်တော်သတိမေ့ နေတာ ဘယ်လောက်ကြာပြီလဲ? "

ကိုမျိုး နှုတ်မှ မဖြေဘဲ လက်နှစ်ချောင်း ထောင်ပြခဲ့တယ် ...
" နှစ်နာရီ တော့ မဟုတ်လောက်ပါဘူးနော် ? "

" ဟုတ်ပဗျာ ... ။ နှစ်ရက် .... ၊ နှစ်ရက်တိတိ ရှိပြီ ။ "

ကျွန်တော် ဘာကြောင့် ဒီလောက်တောင်မှ အိပ်ပျော်သွားတာလဲ ?
အိပ်ရေးပျက်ခဲ့ တာတွေများခဲ့လို့လား ?
ဘေးနားမှာတွေ့တဲ့ အားဆေး ပုလင်းတွေကြောင့်လား ?
ဘာဘဲဖြစ်ခဲ့ဖြစ်ခဲ့ ကျွန်တော် နည်းနည်းလောက် ဆက်အိပ်ချင်နေမှတော့ ကိုမျိုး စီစဉ်ပေးတဲ့ ခေါက်ဆွဲပြုတ်ကို စားပြီး ပြန်အိပ်ဖို့ ကြိုးစားလိုက်တော့တယ် ။

ဒီတစ်ကြိမ်တော့ ပေါ့ပါးစွာ အိပ်စက်နိုင်ခဲ့တယ် ။ လရိပ်ချို .... ငါ စောစောက မက်တဲ့ အိပ်မက်လေးကို သတိရနေဆဲပါ ကွာ ... ။ အခုတစ်ခါလည်း ငါ့အိပ်မက်ထဲ လာလည်ပါဦးကွာ ...။ အိပ်မက်လှလှ မက်ပါစေလို့ ကိုယ့် ကိုယ် ကို ဆုတောင်းပေးရင်း ပြန်လည်အိပ်ပျော် သွားခဲ့တယ် ။

#########################

အခန်း ( ၈ )

အိပ်မက် .... ၊ အိပ်မက် ... တဲ့ ကျွန်တော် နှုတ်မှ ရေရွတ်ရင်း နေ့တစ်နေ့ကို ငြီးတွားမှုနဲ့ စတင်နှုတ်ဆက်လိုက် မိတယ် ။ တစ်ကယ်ဘဲ အိပ်မက်ကလေး တစ်ခုတလေမှ မမက်ခဲ့ဘူးလေ ... ။ ကျွန်တော်အခန်းထဲမှာ တစ်ယောက်ထဲ မှိုင်တွေစွာ ထိုင်နေမိခဲ့တယ် ... ။

ညီလတ် ...

ငါအလုပ်သွားပြီ ။ မင်းအိပ်ပျော်နေလို့ စာရေးထားခဲ့တာ ။ ဘယ်မှသွားမနေနဲ့ ဦး ။ မင်းအတွက် ခွင့်တစ်ပါတ် တင်ပေးထားတယ်။ စားဖို့သောက်ဖို့ အကုန်စီစဉ်ပေးထားခဲ့တယ် ။ ဒီနေ့ အနောက်ဆိုဒ်ထဲ သွားရမှာဆိုတော့ ငါဖုန်းပိတ်ထားလိမ့်မယ် ။ လိုချင်တာ ရှိရင် message ပို့ထားလိုက် ။ ပြန်မှ ၀ယ်ခဲ့ပေးမယ် ။ အသေးလေးလည်း ပြန်သွားပြီ ။ အေးအေးဆေးဆေး အနားယူလိုက်ဦးကွာ .....။

ကိုမျိုး

ကျွန်တော် ဘာလုပ်ရမှန်း မသိတော့ တဲ့ အဆုံး လန်းဆန်းသွားအောင် ရေချိုးဖို့ ထွက်ခဲ့ တော့တယ်။ ရေချိုးခန်းက ပြန်လာတော့ message တစ်ခုက ဖုန်းထဲမှာ စောင့်ကြိုနေခဲ့တယ် .. ။ ဆိုးတော့မဆိုး နေ့လည်လောက်ကြရင် ခွန်လေး လာမယ်ပေါ့ ။ စာအုပ်စင်ထဲ ဟိုဟိုဒီဒီ ရှာရင်းမှ ကို လတ်ရေးထားတဲ့ တစ်ပိုင်းတစ်စ ဒိုင်ယာရီကို သွားတွေလိုက်တယ် ။

အိပ်မက်မြို့တော်မှ ပန်းကလေး တဲ့ ... မဆိုးလှ ကိုလတ်လည်း ဇာတ်လမ်းလှလှလေးတွေ ရှိနေခဲ့တာဘဲ ။

ဒါတွေဟာ အိပ်မက်လား ? အိပ်မက် ဆိုရင်လည်း အဲဒီအိပ်မက်ကလေးကို နောက်ဆုံးအချိန်ထိ ဆုပ်ကိုင်ထားချင်သေးတယ် ။ တချိန်မှာ ပြန်မက်ခွင့်ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့ ။ ........................... ...................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................................... ကျွန်တော့်ရဲ့ နှလုံးသား မြို့တော်မှာ တည်ဆောက်ထားတဲ့ မျှော်လင့်ချက် အိပ်မက် ၊ အနာဂတ် ၊ ပျော်ရွင်မှုတွေကို ဖြိုဖျက်ဆီးမယ့် ...........

ကျွန်တော် ကိုလတ်ရဲ့ ဒိုင်ယာရီ ကို ဖတ်အပြီးမှာ တစ်စုံတရာကို တီးတိုးရေရွတ်လိုက်မိတယ် ။

" တော်တော်ပျော့ညံ့တဲ့သူဘဲ ၊ လမ်းဆုံးအောင် မလျှောက်ဘဲ နောက်လှည့်ဖို့ဘဲတွေးတယ် ။ ဒါကြောင့်လည်း ဒီတသက်မိန်းမ ရဖို့လမ်း မမြင်တာ ။ "

အခွင့်အရေး ဆိုတာ စောင့်မျှော်ဦးလှည့်သူထံသာ ရောက်လာလိမ့်မည် ။
( moderator - ဇော်ညီညီလတ် )မှတ်လောက် သားလောက်အောင် မှတ်ချက်ပေးလိုက်တယ် ။

" ကဲ ... ပန်ကာတွေ ပိတ် ၊ ပစ္စည်းပါတယ် .... " ခွန်လေး လူမလာခင် အလုပ်ကပါလာတယ် ။ အင်း ... မဆိုးလှပါဘူး။ အပျင်းပြေပေါ့ ....

" ဘာတွေလဲ ? ခွန်လေး .... ။ ငါ နေသိပ်မကောင်းလို့ အရမ်းပြိုင်းနေတယ် ။ "

" ပြိုင်းနေရင် .... ချန်နေခဲ့ ... ရေခဲက ရတုန်းယူလာတာဟေ့ ......... "
ရေခဲ .... ရေခဲဆိုတဲ့ စကားက ကျွန်တော့်ကို အငြင်းရခက်သွားစေခဲ့တယ် ။ ပင်ပန်းနေတဲ့ အချိန်တိုင်း ကျွန်တော် ရေခဲကို တောင့်တမိတတ်တယ် ။ အခု နေမကောင်းစအချိန် ၊ နေမကောင်းတာ မဟုတ်ပါဘူး ပင်ပန်းလွန်းလို့ ဖြစ်တာနေမှာပါ ။

" ကဲဗျာလုပ် .... ကျုပ်ပါချမယ် .... "

ရေခဲရဲ့ အာနိသင်လေး တဖြည်းဖြည်း ပြလာချိန်မှာ စိတ်အစဉ်က လရိပ်ချိုထံ ရောက်သွားပြန်တယ် ... ။မထူးပါဘူး .... သူဆီကို စာတစ်စောင်လောက် ရေးထားဦးမှ ဆိုတဲ့အတွေးနဲ့ စာတစ်စောင်ချရေး ဖြစ်ခဲ့တယ် ။ note pad ကို ဖွင့်ပြီး မှ ဘာရေးရမယ် စဉ်းစားနေတုန်း Marlboro ဗူးကိုသတိရသွားတယ် .....

Marlboro ; " Man always remember lady because of romantics only "

" 0.K ! ... ရပြီကွ ..... "

" တိတ်တိတ်နေကွာ .... feel နင်တယ်ကွာ " ဆိုတဲ့ ခွန်လေး စကားက နားထဲမရောက်တော့ သီချင်းတစ်ပုဒ် ကို earphone နဲ့ နားထဲထည့်ရင်း စာရေးနေမိတော့တယ် ။


##############################

အခန်း ( ၉ )

လရိပ်ချို ....

အလွမ်းဆိုတဲ့ ခံစားချက်ကို စတင်သိရှိခဲ့ချိန်မှာ ငါ့ ကိုယ်ငါ ထိတ်လန့်ခြင်းတွေ နဲ့အတူ အရမ်းလည်း အံ့သြမိခဲ့တယ် ။ စွဲလမ်းတွယ်တာခြင်း ဆိုတဲ့ ပုံရိပ်လေး တစ်စုံက ငါ့ကို ဖမ်းစားသွားပြီကွာ ။ ငါ .... ဒီရောက်ကတည်းက Dunhill ကိုမှ စွဲစွဲမြဲမြဲ သောက်ခဲ့တာကွ ။ အခုတော့ ငါ Dunhill မသောက်တော့ဘူး ။ မင်းကို သတိရတိုင်း Marlboro ဘဲ သောက်တော့တယ် ။ Man Always Remember Lady Because Of Romantics Only လေကွာ .... ။ မနေ့ညက .... miss called တစ်ခု ၀င်တယ်ကွာ ။ ငါ မင်းလားလို့ on-line ပေါ်ကို ချက်ချင်း တက်လိုက်သေးတယ် ။ မင်းရဲ့ update နေ့စွဲလေးနဲ့ profile လေးကို ကြည့်ရင်း အချိန်တွေကုန်ခဲ့ ရတယ် ။

မင်း စင်္ကာပူ က ပြန်ရောက်မယ့်နေ့ကို ငါမျှော်နေပါတယ် ။ ရင်ခုန်သံတွေနဲ့ ဒီ messag လေးက မင်းကို နွေးထွေးပါစေကွာ ။

..................................................................

သက်ပြင်းတစ်ချက် လေးလေးပင်ပင် ရှိုက်ထုတ်လိုက်ရင်းက ပို့လိုက်တဲ့ message ကို နောက်တစ်ခေါက် ထပ်ဖတ်ကြည့် လိုက်တယ် ။ မဆိုးလှ ....။ ဘ၀ ရဲ့ ရေးသားဖွဲ့နွဲ့မှု အရိုးရှင်းဆုံး ၊ အရိုးသားဆုံး နဲ့ ဘ၀ရဲ့ ပထမဆုံး မုသားမပါတဲ့ ရည်းစားစာ ။ ဘာဘဲဖြစ်ဖြစ် ရင်ခုန်သံစစ်စစ် တွေနဲ့ နှလုံသားရဲ့ ဆန္ဒတွေအတိုင်း ရေးခဲ့တာမို့ တန်ဖိုးထား ပေးနိုင်ပါစေကွာ ။

အင်း ..... ဘာဘဲပြောပြော မနက်က ၀င်ခဲ့တဲ့ ပြန်ခေါ်လို့ မရခဲ့တဲ့ ဖုန်းနံပါတ်လေး တစ်ခုရဲ့ miss called ကတော့ မင်း ငါနဲ့ အနီးဆုံးကို ရောက်ခဲ့တယ် ဆိုတဲ့ သင်္ကေတပေါ့နော် ။ မင်း နဲ့ ချက်တင်မှာ တွေ့ရမယ့်နေ့တွေကို မျှော်နေတယ်ကွာ ... ။


############################

အခန်း ( ၁၀ )

January 4 .......

ထူးထူးခြားခြား လွတ်လပ်ရေးနေ့ က ကျွန်တော့်ရဲ့ ခွင့်ရက်ရှည်ခရီး အဆုံးသတ်တဲ့နေ့ပေါ့ ။ ငါ အင်ဒိုနီးရှား မလေးတစ်ယောက်နဲ့ ဇယားဖြစ်နေပြီ လို့ ဆိုလာတဲ့ ကိုမျိုး ၊ ထိုင်းမလေး တစ်ယောက်နဲ့ ဇာတ်လမ်းတစ်ခု ဖြစ်ခဲ့တယ် ဆိုတဲ့ ကိုလတ် သူတို့တွေအတွက် မင်္ဂရှိသောနေ့ တစ်နေ့ဖြစ်ခဲ့ ရပြန်တယ် ။

ထူးထူးခြားခြား လန်းဆန်းနေတဲ့ စိတ်တွေနဲ့ ကျွန်တော် ဘုရားဝတ်ပြုရင်း တရားရှု့မှတ်ဖြစ်ခဲ့တယ် ။ ပေါ့ပါးခြင်း စိတ်အစဉ်နဲ့ လွတ်လပ်စွာပျံဝဲဖို့ ကျွန်တော်ရဲ့ စိတ်တွေ တက်ကြွနေခဲ့တယ် ။ ဒီနေ့ သူပြန်ရောက်မယ်လေ ... ။
တောင်တောင်အီအီ လျှောက်တွေးရတာ အတွေးတွေနဲ့တင် ပျော်ရွင်နေခဲ့ရတယ် ။ သူနဲ့ တွေ့ရရင် ....

" အင်း ... ညနေချိန်တွေ အကုန်မြန်ပါစေကွာ .... " နပိုလီယံ ကြားသွားလို့ ကျွန်တော့်ကို အပြစ်တင်တင် ၊ ဒီရေတွေ ကြားသွားလို့ လူမိုက်လို့ ဆိုဆို ကျွန်တော်ကတော့ အချိန်တွေ ကို လက်ရေချိုးရင်း ဆည်းဆာ ကုန်လွန်ဘို့ စောင့်နေလေရဲ့ ။ ကောင်းသော ညချမ်း ဖြစ်ပါစေ ............

...................................

အကြိမ်ကြိမ် ပြန်ဖတ်ကြည့်ပြန်လည်း စာရဲ့ အဓိပ္ပါယ်က ပြောင်းမသွား ... ။

ညီလတ်ရယ် ... နင်ဘယ်လိုဖြစ်လို့ ဒီလောက် မြန်မြန်ဆန်ဆန် ကြီးပြောင်းလည်းသွားတာလဲ ? ဘာဘဲဖြစ်ဖြစ် ငါနင့်ကို ဒီည ပြောစရာရှိတယ် ။ စောင့်နေပါ ။ ငါလာခဲ့မယ် ။



" Great ! Yo ... " .... .... .....
တောင်စဉ်ရေ မရ ပါးစပ်ထဲတွေ့သမျှ အော်ဟစ်မိရင်း ကျွန်တော် ပျော်ရွင်မှုတွေ နဲ့ အတူ ရင်ခုန်သံတွေ မြန်နေခဲ့တယ် ။ အတန်ကြာမှ ပါတ်ဝန်းကျင်ကို သတိရသွားပြီး လှည့်ကြည့်မိလိုက်တယ် ။ တော်ပါသေးရဲ့ ... ကိုယ်စီ earphone နဲ့မို့ ကျွန်တော့်ရဲ့ စိတ်လွတ်ကိုယ်လွတ် တဒင်္ဂ ရူးသွပ်မှုကို ဘယ်သူမှ မသိလိုက်ကြ ။

" အင်း ... cyber မှာ သုံးရတာ မလွယ်ပါလားနော် ... "

ကျွန်တော် အပျော်လွန်းဆို့ သွားသလို ၊ စိတ်ထဲမှာ ဘာကို မယ်မယ်ရရ လုပ်ရမယ်မှန်း မသိရတော့တဲ့ အဆုံး အိမ်ပြန်ခဲ့တော့တယ် ။ တုန်ယင်နေတဲ့ စိတ်ကိုထိန်းထားရင်း ကဗျာတစ်ပုဒ် ကောက်ခြစ် မိလိုက်တယ် ...

စိတ်ကူးသက်သက် နဲ့  အိမ်မက်ဖြစ်ခဲ့ လေဦး
နေ့ ရက်လက်ချိုး ပြန်မနိုးပါရစေနဲ့ 
နိုးစက်တွေ နာရီရပ် ဘ၀ကအေးခဲ
အရာရာ ပြောင်းလဲသွားလည်း
ငါ ... မလွမ်းရက်ပါဘူး၊
ငါ ... မမေ့ ရက်ပါဘူး၊
ငါ ... မမုန်းရက်ပါဘူး၊
မင်းက ငါ့ ရဲ့ ဘ၀ပါ။
စိတ်ကူးသက်သက် နဲ့  အိမ်မက်ဖြစ်ခဲ့ လေဦး
ဘ၀ရဲ့  စာမျက်နှာတွေ မပျောက်ရှစေရပါဘူး
အတိတ်ဆိုတာ ငါ့ ရဲ့ သမိုင်းမို့ 
အရာရာ ပြောင်းလဲသွားလည်း
ငါ ... မလွမ်းရက်ပါဘူး၊
ငါ ... မမေ့ ရက်ပါဘူး၊
ငါ ... မမုန်းရက်ပါဘူး၊
မင်းက ငါ့ ရဲ့ ဘ၀ပါ။
စိတ်ကူးသက်သက် နဲ့  အိမ်မက်ဖြစ်ခဲ့ လေဦး
ကြားခဲ့ ဖူးတဲ့ စကားသံလေးတွေ
ရွတ်ဆိုခဲ့ တဲ့  ကတိစကားတွေ
ဘ၀ရဲ့  ဇာတ်ညွန်းတွေက
အရာရာ ပြောင်းလဲသွားလည်း
ငါ ... မလွမ်းရက်ပါဘူး၊
ငါ ... မမေ့ ရက်ပါဘူး၊
ငါ ... မမုန်းရက်ပါဘူး၊
မင်းက ငါ့ ရဲ့ ဘ၀ပါ။
စိတ်ကူးသက်သက် နဲ့  အိမ်မက်ဖြစ်ခဲ့ လေဦး
ဆောင်းခဲ့ ဖူးတဲ့ နေရောင် ၊ လျှောင်းခဲ့ ဖူတဲ့ မြေပြောင်
အတူလျှောက်ခဲ့ ဖူးတဲ့ 
ရွှေရောင် နေ့ ရက်တွေက
အရာရာ ပြောင်းလဲသွားလည်း
ငါ ... မလွမ်းရက်ပါဘူး၊
ငါ ... မမေ့ ရက်ပါဘူး၊
ငါ ... မမုန်းရက်ပါဘူး၊
မင်းက ငါ့ ရဲ့ ဘ၀ပါ။
စိတ်ကူးသက်သက် နဲ့  အိမ်မက်ဖြစ်ခဲ့ လေဦး
ပေးခဲ့ ဖူးတဲ့  နှစ်သိမ့် စကားတွေ
နွေးထွေး ဖူးတဲ့  တိမ်းမူးခြင်းတွေ
လေပြေ တသုပ် သွေထုပ်ရုံလေးမှ
အရာရာ ပြောင်းလဲသွားလည်း
ငါ ... မလွမ်းရက်ပါဘူး၊
ငါ ... မမေ့ ရက်ပါဘူး၊
ငါ ... မမုန်းရက်ပါဘူး၊
မင်းက ငါ့ ရဲ့ ဘ၀ပါ။
စိတ်ကူးသက်သက် နဲ့  အိမ်မက်ဖြစ်ခဲ့ လေဦး
နောက်ဆုံးထိငါ . . .
စိတ်ကူးကို ရင်မှာပိုက် ဆုလာဒ်အမှတ်နဲ့ 
အိမ်မက်ကို ပြန်လည်တူး ဘာထူးမှာလဲပြော
ငါ ရူးသွားဦးတော့ 
မင်း မှ မင်း ၊ မင်း က . . .
ငါ့ ရဲ့  ဘ၀ပါ ချစ်သူ ။ ။

##############################

အခန်း ( ၁၁ )

" အခုမှ လာလားကွာ ... ။ စောင့်နေတာကြာလှပြီ .... ။ " ခရီးရောက် မဆိုက် လရိပ်ချို ရဲ့ အရင်ဦးစွာ ပြစ်တင်ခြင်းကို ကျေကျေနပ်နပ် ကျွန်တော်ခံစားခဲ့ ရတယ် ။ ဒီလောက်ဆို မဆိုးလှပါဘူး ။ ရာသီဥတု ကောင်းပါရဲ့ ။

" ကျွန်တော် အိပ်ပျော်နေလို့ပါ . . . ။ မနေ့က overtime ရှိလို့ ဒီနေ့နေ့လည် ရောက်မှ အိပ်ရလို့ ...." ခွင့်လွှတ်ပါ လရိပ်ချို တကယ်ဆို မုသားက လိုအပ်နေခဲ့လို့ပါ ။ ငါ့ရဲ့ နောက်ကျမှုက မင်းရဲ့စိတ်တွေ ငါ့စီရောက်နေစေဘို့ထက် မပိုပါဘူးကွာ .....။

" Sorry ... ကွာ ....။ ကျွန်တော် အပြစ်တင်စောသွားတယ် .... " ကျွန်တော် တဲ့လား ? လရိပ်ချို ရယ် .... ။ မင်း အရင်ထက် ပိုပြီး နီးစပ်သွားစေတဲ့ အသုံးအနှုန်းလားကွာ .... ။

" ရပါတယ် ...။ ကိစ္စ မရှိပါဘူး ။ မင်းအခု ဘာလုပ်နေလဲ ? သိခွင့်ရှိရင် ၊ သိပါရစေ .... "

" အင်း ... နည်းနည်း အလုပ်ရှုပ်နေတယ် ။ Profile page မှာ ဓါတ်ပုံ တွေ တင်နေလို့ ... ။ စင်္ကာပူ မှာ ရိုက်လာတဲ့ ပုံတွေလေ ... ။ သွားကြည့်ကွာ ...၊ ပြီးရင် ဝေဖန်ပေး ... ဟုတ်ပြီလား ? "

" O.K ! .... ကဲ လစ်ပြီ ။ လိုက်ရှိုးလိုက်ဦးမယ် ။ "

" Wait ... wait .... wait ! နေဦး ခဏ ... ။ လစ်မယ်ဆိုပြီး sign-out လုပ်မသွားနဲ့ ဦးနော် ။ ဒီည စကားပြောရမှဖြစ်မှာ ကျွန်တော် အခုတော်တော် အလုပ်ရှုပ်နေလို့ ပြီးမှ တွေ့မယ်နော် ။ "

" O.K Layaitcho .... I promise you . O.K ? "

" O.K ... keep your promise ... see you soon nyi "

" Carry on layait . Take your time & have a great time " You too ... ဆိုတဲ့ စကားလေး အနောက်မှာ ကျွန်တော် သူ့ကို ၂ နာရီလောက် ထိုင်စောင့်နေခဲ့ရတယ် ။ သူခေါ်ရင် မသိလိုက်မှာစိုးလို့ game window ထဲ တောင် မ၀င်ရဲခဲ့ဘူး ။ game ကလည်း ဒီနေ့မှ တော်တော်လေး စိန်ခေါ်သူတွေ များနေလေရဲ့ ။ အားလုံးကို တောင်းပန်ပြီး ၊ အရှုံးပေးနေရတယ် ။ စိန်ခေါ်မှုကို ပယ်ရင် အရှုံးတဲ့။ အရှုံးသမား ဖြစ်ရကြိုးနပ်ပါတယ် ။ ဒီနေ့ ကျွန်တော် လရိပ်ချို ရဲ့ ဓါတ်ပုံ ပုံပေါင်း ၃၀ လောက်ရခဲ့တာကို ....။

တစိမ့်စိမ့် ကြည့်နေရင်းနဲ့ ပိုပိုလှလာသလို ထင်ရပါတယ် .... လရိပ်ချိုရယ် .... ။

အင်း .... တကယ်ဆို သူက Photo slid ကို privite လုပ်ဖို့ မေ့နေခဲ့လို့ ကျွန်တော့်အတွက် ခပ်ကောင်းကောင်း ဖြစ်သွားရတာပါ ။ လူတိုင်းအတွက်တော့ မကောင့်သင့်ဘူးကွာ ....။ privite လုပ်ဖို့ ကျွန်တော် မေးလ် ပို့ပေးလိုက်တယ် ။

လရိပ်ချို ....
မင်းဓါတ်ပုံတွေ သူများ မယူစေချင်ရင် account မှာ album ကို privite လုပ်သင့်တယ် ။
:) ... ငါတော့ ယူသွားပြီးပြီ ။


ဒီဆိုဒ်က မေးလ်ပို့ခဲ့ ရင် မနက်ဖြန်မှ ရောက်မယ်လို့ သိထားခဲ့လို့ တခါထဲ မေးလ်ပို့လိုက်တယ် ။ သိပ်စောင့်လိုက်ရပါဘူး ။ သိပ်မစောင့်ရဘူး ဆိုပေမယ့် ၂ နာရီခွဲလောက်တော့ ရှိခဲ့မယ် ထင်တယ် ။ idel icon ကနေပြီး ပြန်စိမ်းလာခဲ့တယ် ။

" ဟာ ...ညီအခုထိ စောင့်နေသေးတယ်နော် ။ အခုမှ အားလုံးပြီးသွားလို့ ကျွန်တော် နည်းနည်း ပိုကြာသွားတယ် ထင်တယ် ... ။ ... sorry နော် ..." သြော် ... မလိုပါဘူး လရိပ်ချို ရယ် ... ငါ အနားမှာ ရှိခွင့်ရခဲ့ရင် မောနေမှာ စိုးလို့ မင်းအတွက် အမောပြေသောက်ဖို့ coffee တစ်ခွက်လောက် တောင် ပြေးဝယ်ပေးချင်သေးရဲ့ကွာ .... ။

" ကိစ္စ မရှိပါဘူး ။ ကျွန်တော်မှာ လုပ်စရာ ထွေထွေထူးထူးမှ မရှိဘဲ ။ မောဖြေပါအုံး ။ "
စိတ်မြန် လက်မြန် ရှိလွန်းတဲ့ ကျွန်တော်တောင် သူနဲ့ တွေ့မှ ကိစ္စ မရှိပါဘူးဆိုတဲ့ စကားနဲ့ ဆန္ဒတွေကို အကြိမ်ကြိမ် မြိုသိပ်တတ်နေလေရဲ့ ။

" အမောဖြေလို့ အချိန်သိပ်မရဘူး ။ ကျွန်တော်ပြန်ရဦးမယ် ... အခုတောင်မေးစရာရှိလို့ .... "

သြော် ... လရိပ်ချို ရယ် ....
ကျွန်တော် အတွေးတွေနဲ့ ခပ်မဆိတ် တိတ်တိတ်နေပြီးမှ ... တစ်လုံးချင်း ဖြေးညှင်းစွာနဲ့ ...
" မေး .... ပါ .... ကျွန်တော် ဖြေဘို့ စောင့်နေတယ် ... "

" အခုရော ... Marlboro ဘဲ သောက်တော့တာလား ? " တဲ့ ချိုလိုက်တဲ့ မေးခွန်းလေးကွာ .... ။
" အင်း .... " လို့ တိုးတိုးလေးဘဲ အဖြေပေးလိုက်မိတယ် ။ လုံလောက်မယ် ထင်ပါရဲ့ကွာ ... ။

အမှတ်မထင်ဘဲ စကားလုံးတွေ ပြောစရာမရှိသလို တိတ်ဆိတ်သွားပြီး သူ့ဘက်က သက်ပြင်းချသံ သဲ့သဲ့ ကို မကြားချင်ဘဲ ကြားလိုက်ရတယ် ။ ကျွန်တော်လည်း အတွေးတွေနဲ့ နှုတ်ဆိတ်နေမိခဲ့တယ် ... ။
အတော်ကြာမှ....

" ..... "
" ကျွန်တော့်ကို ဘာလို့ချစ်တာလဲဗျာ .... ။ ကျွန်တော်မှာ ချစ်သူရှိနေရင်ရော .... ။ ကျွန်တော် ခင်ဗျားကို သူငယ်ချင်းလို ခင်လို့ မရဘူးလား ။ ... ?....?.....? "

မေးခွန်းတွေ ဆက်တိုက် ၀င်လာခဲ့ပေမယ့် ကျွန်တော် ချက်ချင်းပြန်ဖြေနိုင်ခဲ့ပါတယ် ။

" အကြောင်းပြချက်မယ်မယ်ရရ မရှိခဲ့ပါဘူး ။ ချစ်သွာမိတာဖြစ်ပါလိမ့်မယ် ။ ကျွန်တော် အကြောင်းပြချက်ရှာဖို့ ဘယ်တော့မှလည်း ကြိုးစားမှာလဲ မဟုတ်ဘူး ။ အချစ်သက်သက် နဲ့ ချစ်ခဲ့ရုံလေး ချစ်ခဲ့တာပါ ။ ကျွန်တော်ဘ၀မှာ လရိပ်ချိုကို ချစ်ခဲ့တာ ။ ချစ်နေခွင့် ရရုံ သက်သက်နဲ့ ချစ်ခဲ့တာပါ ။ "

ယောင်္ကျား တစ်ယောက်အနေနဲ့ ပျော့ညံ့လွန်ရာ ကြနိုင်ပေမယ့် သူရဲ့ costom massage လေး ပြောင်းသွားပုံက ကျွန်တော့်အတွက် မျှော်လင့်ချက်ရောင်ခြည်လေး တစ်ခုဘဲ ....

" There is no pain , without gains " တဲ့

ဒီလိုနဲ့ဘဲ ရင်ခုန်သံ ခပ်ဝါးဝါးကြားမှာ သက်ပြင်းငွေ့ငွေ့ရှိုက်ရင်း တစ်နေ့တာ နှုတ်ဆက်ခဲ့ရပြန်တယ် ။ နောက်နေ့တွေ့ကြမယ်ပေါ့ .....

ဓါတ်ပုံ ၃၀ ကို ၅၀ ဖြစ်အောင် အထပ်ထပ် edit လုပ်ရင်း music နောက်ခံနဲ့ video slid လုပ်လိုက်တာ မိုးလင်းလုမှ အိပ်ဖို့ သတိရခဲ့တယ် ... ။ dido ရဲ့ thank you ကြိုက်မယ်ထင်ပါရဲ့ ....

YouTube မှာ upload လုပ်ဖို့ အချောသတ်ပြီးမှ အိပ်ရာဝင်ခဲ့တယ် .... ။

03:15 A.M

မင်းအံ့သြသွားစေရမယ် ... လရိပ်ချို ....၊ ငါအစွမ်းကုန် ကြိုးစားထားတယ် ။

#############################

1 comment: