Sunday, August 5, 2007

လွမ်းနေခွင့်



တိမ်တိုက်တွေ ရဲ့ လှည့်စားခြင်းအသွင်မှာ
တောင်တန်းတွေ ပျော်မြူးကြသလိုပေါ့....
ရေစုန်မှာ မဆန်ချင်တော့ဘူး
မျောချင်ရာမျော
ဝိုင်တစ်ပုလင်းနဲ့  နံနက်ခင်းသစ်တွေ
သွန်းဖြန်းချင်တယ်.....
တိမ်တိုက်တွေ ရဲ့ လှည့်စားခြင်းအသွင်မှာ
တောင်တန်းတွေ ပျော်မြူးကြသလိုပေါ့....
မင်းရဲ့မာယာတွေကို မလှန်ချင်တော့ဘူး
ကွဲချင်လဲကွဲစေတော့ အသည်း
ကျရှုံးမှုအောက်မှာ
ငြိမ့်ငြိမ့်လး လွမ်းနေချင်တယ်...

No comments: