Sunday, August 5, 2007

အလင်းများစွာ

အမှောင်မှ အလင်းသို့
(သို့မဟုတ်)
အလင်းစင်္ကြာဝဠာ

အမှောင်ဘဝ
အမှောင်ညနဲ့
အမှောင်ဆူးကြမ်း
အမှောင်လမ်းကို
အမောင်လူသား လျှောက်ဦးမလားတဲ့။

အမှောင်ကမ္ဘာ
အမှောင်လွန်ကာ
အမှောင်ချင်းချင်း
အမှောင်ခင်းလည်း
အမှောင်ထဲ၌ ဇွဲနှင့်ဆက်ခဲ့။

အမှောင်ရဲ့လမ်း ဘယ်လောက်ပဲကြမ်းလို့
အမှောင်ရဲ့ ခရီး ဘယ်လောက်ပဲကြီးစေ။

အလင်းတစ်စက် တွေ့ရန်ဆက်၍
အလင်းကမ္ဘာ တွေ့အောင်ရှာကာ
အလင်းများစွာ စင်္ကြာဝဠာ။ ။

အလင်းဖြူ

No comments: