Sunday, August 26, 2007

ကဒေါင်းသစ်တွေအတွက် အားဆေးတစ်ခွက်

အမြင်တစ်ခုပြောပြမယ် ၊ ၁၉၁၅ ဗိုလ်ချုပ်အောင်ဆန်းမွေးတယ်။ တက္ကသိုလ်ရောက်တယ်၊ လှုပ်ရှားတယ်၊ ၄၇ ကျတယ်၊ ၄၈ လွတ်လပ်ရေးရတယ်၊ အစိုးရဖြစ်တယ်၊ ၁၉၆၂ စစ်အစိုးရ အာဏာသိမ်းတယ်၊ ၁၉၆၂-၆၅ ကြားမှာ မွေးတဲ့သူတွေ တက္ကသိုလ်ရောက်တယ်၊ လှုပ်ရှားတယ်၊ ၈၈ ဖြစ်တယ် အစိုးရပြောင်းတယ်၊ ၂၆နှစ်ကွာတယ်၊ (ဘုန်းမော်ပေးခဲ့ရတယ်)၊

၈၇-၈၈-၉၀ ကြားမွေးတဲ့သူတွေ တက္ကသိုလ်ရောက်တယ်၊ လှုပ်ရှားလိမ့်မယ်၊ (ယနေ့ အနှစ် ၂၀ထဲဝင်လာပြီ သိပ်မလိုတော့ပါ၊ ယခုအစိုးရသက်တမ်းကုန်တော့မယ်၊ လုံးဝမလွဲပါ၊ ဘာနဲ့မှတားမရပါ၊ ဘယ်လိုပုံစံနဲ့မှ တားမရပါ၊ (တစ်ယောက် ထင်ရှားသူပေးရမယ်)၊ ယခု ဒေါင်းမျိုးဆက်သစ် တက္ကသိုလ်ထဲမှာ သန္ဓေတည်နေပြီ။ ၈၈မျိုးဆက်တွေက အပြောင်းအလဲ ဖြစ်စေမှာ မဟုတ်ဘူး၊ မျိုးဆက်ကို သွေးဆက်စေသူတွေပါ၊ အခုအစိုးရအတွက် အရေးတကြီး စိုးရိမ်ထိတ်လန့်ရမှာ သူတို့မဟုတ်ဘူး၊ အနှစ် ၂၀ ချချ၊ သေဒဏ်ဘဲပေးပေး၊ အရေးမကြီးပါ၊ အရေးကြီးတာက ယခုတက်ဆဲ တက်လတန့် တက္ကသိုလ်ကျောင်းသားတွေပါ၊ မြန်မာပြည်သမိုင်းတွေကိုပြောင်းလဲလာတာ တက္ကသိုလ်ကျောင်းသားတွေပါ။ တက္ကသိုလ်တွေကို ရန်ကုန်နဲ့ဝေးရာ ဘယ်လောက်ဘဲ ပို့ပို့ တားဆီးလို့မရပါ၊ ခေတ်လည်းပြောင်းခဲ့ပါပြီ၊ နည်းပညာခေတ်ကိုရောက်နေပါပြီ၊ အရာအားလုံးဟာ နီးနီးလေးတင်ပါ၊ သိပ်မလိုတော့ပါဘူး၊

2 comments:

ခွန်မြလှိုင် said...

ရိုးရိုးလေး တွေးသလောက် သိပ်မှန်တာ ပါပဲ.. လူဆိုတာ စနစ်ကိုပဲ တုန့်ပြန်တာပါ။ သူများ ဦးဆောင်တိုင်း လိုက်တဲ့ သတ္တ၀ါ မဟုတ်ပါဘူး။ လူတော် တစ်ယောက်ကို လမ်းကြောင်း တစ်ခုပေါ် တွန်းတင် ပေးတာ လူတွေ တင် မဟုတ်ပါဘူး။ သူဖြတ်သန်း ရတဲ့ စနစ်တစ်ခုက ပေးတဲ့ အတွေးပါ ပါတယ်။ ဒါကြောင့် ဖိနှိပ်မှု ရှိတိုင်း တွန်းကန်မှု ရှိနေမယ်။ နယူတန် ရှာတွေ့ ခဲ့တဲ့ သက်ရောက်မှု တိုင်းမှာ တန်ပြန် သက်ရောက်မှု ရှိသည် ဆိုတဲ့ လောက နိယာမ အတိုင်းပါပဲ။ သေချာတာ တစ်ခုကတော့ အိမ်တိုင်းမှာ စစ်သား မရှိဘူး အိမ်တိုင်းမှာ ကျောင်းသား ရှိတယ်တဲ့။ သူများပြောတာပါ။ ဒါပေမယ့် ကျွန်မ လက်ခံတယ်။

ခင်မင်းဇော် said...

တော်လှန်ရေးတခုကို အချိန်တွေက သယ်ဆောင် နေပါတယ်။ ဘယ်လောက်ပဲ မျက်စိပိတ် နားပိတ် လုပ်ထားပါစေ။ ကိုယ်တိုင်ခံစားရတာကို ပြည်သူတွေက သိပါတယ်။ အခုအချိန်လို လှိုင်းတွေ နောက်ထပ် တလုံးပြီး တလုံး လာပါလိမ့်မယ်။ မျိုးဆက်တွေ တဆက်ပြီး တဆက် လာပါလိမ့်မယ်။ လှိုင်းတခု ပြီးတိုင်း နောက်လှိုင်းတခု အတွက် အားမာန်တွေ ပိုတက်လာတယ်ဆိုတာ စဉ်းစားတတ်ရင် သိမှာပါ။ လက်ဆင့်ကမ်းမျိုးဆက်တွေရဲ့ သတ္တိ၊ အင်အားတွေကို အသိအမှတ်ပြုလေးစားမိပါတယ်။ ကျောင်းသား ဆိုတာ ပြည်သူတွေရဲ့ ရင်သွေး စစ်စစ်တွေပဲ
ပြည်တင်းရင် မင်းမခံနိုင်ပါဘူး။ ခွေးရူးကောင်းစား တမွန်းတည့်ပါပဲ။ အမှန်တရားသာ အောင်ပွဲခံမှာပါ။အဲဒါကို ပြတ်ပြတ်သားသား ယုံကြည်ဖို့တော့ လိုပါတယ်။
ဒီပို့စ်ကို ရေးတဲ့သူအား လေးစားလျှက်