Wednesday, August 29, 2007

ကဒေါင်းသစ်တွေးပြန်ပြီ

အတိတ်ဖွေရှာ နမိတ်ခြေရာ စိတ်၏စေရာ အနာဂတ်မှာ ၉၀ နောက်ပိုင်း ဂိုလ်းဒမ်းလမ်း (Golden Land) ရွှေနိုင်ငံပေါ့၊ ကျယ်ကျယ်လောင်လောင်နဲ့ သန်းရွှေကလည်း သူ့နာမည်ရွှေပါပြီ ဆိုပြီး ပီတိတွေနဲ့ပေါ့၊ လေတိုက်နေလိုက်တာ ၁၅နှစ်လောက်လဲကြာရော ပျက်ချင်လာတော့ ကြက်ပြေးဆိုလား၊ ကျက်ပြေးဆိုလား ပျဉ်းမနား နားက အရပ်မှာ မြို့စတည်ပါရော၊ အဲဒီမှာ စဒုက္ခဖြစ်ပါရော၊ ကြက်ဆိုတဲ့မျိုးကလည်း ဆန်ရော ချီးရော လျှောက်ကောက်တာ၊ ခွေးလိုက်လို့ပြေးရတာ၊ ကြက်ဆိုတာသိတယ်မလား၊ သမီးတော်တွေဇာတ်ထုပ် တွေ့တယ်လူနဲ့ ဆွဲစိရတာပေါ့၊ ပျဉ်းမနားဆိုတာ ကြားဖူးရဲ့လား၊ ရှေ့မှီနောက်မှီ ပြောရအုံးမယ်၊ မြို့သားတွေတော့ အားနာပါရဲ့၊ ပြင်းရင်တောင် မနားနဲ့၊ နားသာနားလေ မအိပ်လေနဲ့၊ အိပ်သာအိပ်လေ မပျော်လေနဲ့၊ သူခိုးပေါလွန်းလို့ဗျာ။ အဲဒါနဲ့ ဒုက္ခက စလာတော့ မေမြို့နား ရတနာပုံ အမည်ပေးပြီး အခုပြောင်းဖို့ ကြံပြန်ပြီ။ စဉ်းစားကြည့်ကြပါ .. အဲဒီ ရတနာပုံဆိုတဲ့ နာမည်အောက်မှာဘဲ ကုန်းဘောင်ဆက် သီပေါ နန်းဆက်ပျက်သွားတာလေ၊ အဲဒီတော့ နီးပြီးပေါ့။ နေရဲနေကြည့်ကြပါ။

သေချာပါတယ် အတိတ်ပုံ နိမိတ်ကတော့ စုံလာပြီ။ ကြက်ပြေး၊ ပျဉ်းမနားဆိုတာလည်း ဗကပတွေနောက်ဆုံးခြေကုပ်ယူပြီးရွာပျက်တာ၊ ရတနာပုံဆိုတာလည်း ကုန်းဘောင်ခေတ်ရွာပျက်ခဲ့တာဘဲ၊ အင်း ... သေချာသလောက်တော့ရှိလာပြီ။ ဒီတော့ မြန်မာ့ရိုးရာနည်းပညာ တပိုင်းတနိုင်၊ တတပ်တအား လုပ်လိုက်ကြရအောင်၊ ကိုယ့်နေရာမှာတင် ကိုယ်လုပ်လို့ရတယ်၊ မြန်မာ့ဓာတ်ပညာမှာ ကက်ကင်းသေရှင်သူ ထက်အောက်ပြန်လှန်ကူ နံတူသတ်က သေသတဲ့၊ မကြာခင်ကမှ ကက်ကင်းဆိုတဲ့ ရှပ်ရုင် ရုံတင်သွားတယ်လေ၊ အဲဒါကိုက နိမိတ်ပေါ့၊ ဒီတော့ သန်းရွှေရဲ့ဓာတ်ပုံ (သတင်းစာတွေမှာ လွယ်လွယ်ရတယ်) အဲဒီဓာတ်ပုံကို ရေသန့်ဘူးမှာ ဇောက်ထိုးကပ်၊ ဘူးပေါ်မှာ သန်းရွှေပြေးစေ ဆိုပြီး ဆော့ပင်နဲ့ရေး ((သရက်ရွက်ရရင်ပိုကောင်းတယ်) သရက်ရွက်ပေါ်မှာရေးပြီး ရေသန့်ဘူးမှာထပ်ပတ်)၊ မီးဖိုချောင် သို့မဟုတ် အိမ်သာမှာ ဇောက်ထိုးထောင်ထား၊ ဓားမအပြားနဲ့ တစ်နေ့သုံးကြိမ်ရိုက်၊ တစ်ခါရိုက် ၁၀ချက် သို့မဟုတ် စနေနေ့တိုင်း ညနေ ၄နာရီခွဲနဲ့ ၇နာရီခွဲကြားမှာ ၁၀ခေါက်ရိုက်ပါ၊ ၁၀လပိုင်း လတ၀က်ထိရိုက်ပါ၊ စိတ်ပါလက်ပါရိုက်ပါ၊ ထိရောက်ပါလိမ့်မယ်။ သေချာတယ်။ ခင်ကြီးပျော်ရဲ့နည်းပါ။ စွမ်းအားရှင်တောင် ဖွဲ့ပြီး ယုတ်မာမှတော့ ဒီလောက်ကတော့ လုပ်သင့်ပြီ။ ထိရောက်မှုကတော့ စောင့်ကြည့်ပါ။ စစချင်း နေမကောင်းဖြစ်မယ်။ သွေးတိုးမယ်။ ရောဂါဟောင်းကြွမယ်၊ လေဖြတ်မယ်။ ယုတ်မာလွန်းရင် သေတောင်သေနိုင်တယ်။ နည်းစပ်ရာကို လက်တို့လိုက်ပါ။ ဘယ်နိုင်ငံကမဆို ဘယ်အရပ်ကမဆို လက်ဖျားနဲ့တောင် သွားထိစရာမလို၊ သန်းရွှေလွတ်ဖို့တစ်နည်းသာရှိတယ်၊ ဘုန်းကြီးဝတ်နေမှသာရမယ်။ ကျန်တာဘယ်အရပ်ပြေးပြေး မလွတ်ပါဘူး။

စိတ်ချလက်ချသာ လုပ်ကြပါ။ အကယ်၍ လွယ်မယ်ဆိုရင် ကက်ကင်းတွေကို ထပ်ဆင့်အားဖြည့်မယ်ဆိုရင် ၆လက်မ သံချောင်းကို ရွှံစတိသုတ် အဲဒီရေသန့်ထည့် သွပ်နန်းကြိုးနဲ့ချီ သရက်ပင်တစ်ပင်မှာ ဇောက်ထိုးတွဲလောင်းဆွဲ၊ တမာကိုင်း သို့မဟုတ် ၀ါးကိုင်း သို့မဟုတ် ဓားမနဲ့ စနေနေ့ မနက် ၆နာရီနဲ့ ၇နာရီခွဲခြားမှာ တခါ၊ ညနေ ၄နာရီခွဲနဲ့ ၇နာရီခွဲ ကြားမှာတစ်ခါ ၁၀ချက် ၁၀ချက် ရိုက်ပါ။ မြန်မာပြည်သား ဒီမိုကရေစီဘက်တော်သားအပေါင်း ဆောင်ရွက်နိုင်တဲ့နည်းပါ။ ရဟန်းရှင်လူပြည်သူမရွေးပေါ့။ အကြောင်း အမျိုးမျိုးကြောင့် အချုပ်အနှောင် မခံနိုင်တဲ့သူတွေလုပ်လို့ ရနိုင်တဲ့ နည်းပါ။ လက်တွေ့နည်းတွေပါ။ မောင်အေးတက်လာရင် ဘဲဥနဲ့လုပ်လို့ရတယ်။ ကျော်ဆန်းဆို ဇကောပေါ့၊ တပြည်လုံး တကမ္ဘာလုံး စနေတရက် တစ်ချိန်တည်း တစ်ပတ်တစ်ခါလုပ်ရင် မခံပါဘူး .. မြန်စွာအကျိုးထူးပါလိမ့်မယ်။

2 comments:

ခင်မင်းဇော် said...

အင်းလေ သိပ်မှ မခက်တာ
လုပ်ကြရအောင်ဟေ့။

Anonymous said...

ကဒေါင်းသစ် က အခါတော်ပေးမှတော့ ကျုပ်တို့လည်း စမ်းသပ်ရမှပေါ့ ။ အင်း ... ဘာဘဲဖြစ်ဖြစ် ရတယ် ။ ခေါင်းကိုက်ရင်တောင် ကျေနပ်တယ်ဗျာ ။