Friday, August 31, 2007

တခါတရံလဲ ပထွေးက ပိုကောင်းနေတတ်တယ်

မိဘအမျိုးအစား - ဘယ်လိုမိဘ အမျိုးအစားလဲ၊ သိပ်ပြီး မိဘဖြစ်ချင်တဲ့ အစိုးရတွေ၊ အစိုးရအောက်ယက်တွေကို စဉ်းစားခိုင်းခြင်းဖြစ်တယ်။ ယခုအစိုးရဟာ ဆင်ခြင်တုံမဲ့ ကိုယ့်လိုဘအတွက် ကိုယ့်ရင်သွေးအသာကို အရက်နဲ့မြည်းတဲ့ ပေါရိသာဒလို မိဘလား? မမွေးခင်ထဲကတည်းက ကိုယ့်ကို သတ်မယ်လို့ (တကယ်လဲသတ်ခဲ့တယ်) အဖြေထွက်နေတဲ့ သားရဲ့လက်က ခူနာဝေဒနာ ပြင်းထန်လို့ အိပ်ယာက လန့်နိုးမှာစိုးရိမ်လို့ ပါးစပ်နဲ့ ငုံထားရာက ပေါက်သွားချိန် ထွက်လာတဲ့ သွေးပြည်ပုတ်တွေကို မျိုချခဲ့တဲ့ ဗိမ္မိသာရ လိုမိဘ။ ဘယ်လိုမိဘမျိုးထဲမှာ ပါပါသလဲ? ဘယ်လိုမိဘမျိုးက မိစစ် ဘစစ် ပါသလဲ? ဘယ်လိုမိဘမျိုးက အနန္တဂုဏ်ရည် ထိုက်ပါသလဲ? ဒီလိုမိဘဆိုးထက်စာရင် ဂေါတမီလို မိထွေးမျိုး၊ မေဓာဝီရသေ့လို ပထွေးမျိုး အစိုးရက ပိုကောင်းမယ်လို့ မယူဆနိုင်ဘူးလား??????

No comments: