Friday, August 31, 2007

တိုင်းပြည်ဖျက်တာ အစိုးရပါ

ဆက်ဒမ်ဟာ ကိုယ့်လူမျိုးကိုယ့်တိုင်းပြည်ကို သွေးခွဲအုပ်ချုပ်၊ နလံမထူအောင်လုပ်၊ လက်နက်နိုင်ငံတော်ထူထောင်၊ ကိုယ်နဲ့ လက်သင့်ရာတွေ ချီးမြှင့်၊ ဘေးကနေ ဖော်လံဖားတာ ဘ၀င်မြင့်လာတော့၊ မာနတက်ပြီး အရပ်ကို ပမာမခန့်လုပ်ခဲ့လို့ အီရတ်ဟာ ဒီနေ့ဒီလို အခြေအနေမျိုးတွေ ဖြစ်ခဲ့တာ။
အာဖကန်ကကော တာလီဘန်တွေက လူ့သိက္ခာရစရာမရှိအောင် ဖိနှိပ်၊ ပညာမဲ့တော့ ပညာမဲ့အောင်လုပ်ခဲ့တော့ ဒီနေ့ဒီလို အခြေအနေမျိုးတွေ ဖြစ်ခဲ့တာ။
မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားရဲ့ လူ့သိက္ခာလူ့စွမ်းအားအပေါ် တန်ဖိုးထားတဲ့ စိတ်ကိုကြည့်ပါ။ ငါသာ အာဏာရှင် ဆိုပြီး တိုင်ပြည်ငတ်ပါစေ၊ နူကလီယားဖြစ်စေဆိုပြီး လုပ်ခဲ့တော့ ယနေ့ တိုင်းပြည်ငတ်နေခဲ့ပြီ။ တောင်ကိုရီးယားကိုကြည့်စမ်းပါ။ ဘန်ကီမွန်တောင် အတွင်ရေးမှူးချုပ်ဖြစ်ခဲ့ပြီ။
ကုန်းဘောင်ဆက် အမြော်အမြင်နည်းတော့ နှစ်တစ်ရာကျော် ကျွန်ဖြစ်ခဲ့ပြီး။ စစ်အစိုးရ အာဏာမက်တော့ တိုင်းပြည်ငတ်ခဲ့ပြီ။

ဗိုလ်ချုပ်ကတော့ နှစ်ခါပြန်သေခဲ့ရတယ်။ (အာဇာနည်ကုန်းမှာ) နယ်ချဲ့ခံရတာထက်ဆိုးတဲ့ ဖြစ်ရပ်ပေါ့။ ခွေးဖြစ်မဲ့ နွားတွေကတော့ အဲဒီ မျောက်(မြောက်) တွေနဲ့ သူတော်ချင်းချင်း သတင်းလွေ့လွေ့လုပ်ပြီး အခုသံရုံးတောင် ပြန်ဖွင့်မလို့လေ အရှက်မရှိပုံများ။ ဒါပေမယ့် အစိုးရဟာ မြန်မာပြည်ကို တကယ်ချစ်တာပါ။ အလွန်လုပ်စားလို့ကောင်းတော့လေ ... ။ သူတို့ အာဏာယူစီမံနေသရွေ့တော့ ၆၂ကနေ ၈၈ကြားမှာ တခါ, ၈၈ကြားကနေ ၀၇မှာတခါ သူတောင်းစား ၂ခါဖြစ်ခဲ့ပြီ။ Gloden Land အစား Sinden Land ဒါမှမဟုတ် Sin Country (ငရဲ တိုင်းပြည်) လို့ အမည်ပြောင်းရမလား ဖြစ်နေပြီပေါ့။ ချုပ်လိုက်တော့ ၆၂ခုနှစ်ကနေ ၂၀၀၇ခုနှစ်အထိ ပိုဆင်းရဲလာတာဘဲ အဖတ်တင်တယ်။ ဒီအတိုင်းဆို ဒီအစိုးရနဲ့ ဒီစနစ်နဲ့ ပိုဆင်းရဲဖို့ဘဲ ရှိတော့တယ်။ အရင်းစစ်တော့ တိုင်းပြည်ဆင်းရဲတာ၊ တပါးကနေ ကျွန်ပြုတာ ဒေသအစိုးရတွေ အတ္တကိုယ်ကျိုးကြီးတာကနေ အခြေခံတာဘဲလို့ မြင်ပါတယ်။
ဝဋ်ဆိုတာ တကယ်လည်ပါတယ်။ သီပေါနန်းပျက်တော့ သားသမီးတွေ ကဆင့်ကလျားပေါ့။ ဦးစော ပေါက်ကရလုပ်တော့ မျိုးပါကန်းရော။ ဦးနေ၀င်း မျိုးဆက်တွေဆိုရင် ဘာဖြစ်ကုန်ပြီလဲ။ ခင်ညွှန့် သားသမီးအမျိုးတွေရော ခုတော့ မြောင်းထဲမှာ။ သန်းရွှေရော ... ???? အလှည့်ဆိုတာ လာမှာပါ။ အဖိုးတို့ ရွှေလရောင်က စလို့ ဗိုလ်ချုပ်၊ ဗိုလ်ချုပ်သမီးထိ မျိုးကောင်းတော့ နာမည်တောင် မသေဘူး။ ပတ္တမြားမှန် နွံ့မနစ်ပါဘူး။ မျိုးစေ့မျိုးမှန် အလှည့်ကိုရောက်တော့မှာပါ။
စပ်မိစပ်ရာသိချင်သေးတယ်။ ဗိုလ်ချုပ်မှာ အ၀တ်အစားဘယ်နှစ်စုံရှိပါလဲ။ သန်းရွှေမှာရော ဘယ်နှစ်စုံရှိပါသလဲ။ ဒေါ်ခင်ကြည်မှာ ရတနာဘယ်နှစ်ဆက်ရှိပါလဲ။ ဒေါ်ကြိုင်ကြိုင်မှာရော ဘယ်နှစ်ဆက်ရှိပါသလဲ။ ဒေါ်အောင်ဆန်းစုကြည်ရော ရတနာဘယ်နှစ်ဆက် ၀တ်တာ မြင်ဘူးပါလဲ။ သန္တာရွှေရဲ့ စိန်ဆက်တွေ ဘယ်လစာနဲ့ ၀ယ်ခဲ့ပါသလဲ။ သိရင်ပြောကြပါဗျာ။
တွက်ပြပါအုံးမယ်။ ထိုင်းရဲ့တံမြက်စည်းလှည်းသမားတစ်ယောက် တလ၀င်ငွေ အတိုင်ပြည်ရဲ့ အနိမ့်ဆုံးလစာ ဘတ်၆၀၀၀ ရှိတယ်။ မြန်မာငွေ ၁ဘတ်ကို ၃၀နဲ့ဘဲ တွက်အုံး။ ၁သိန်း၈သောင်းကျပ်ရှိတယ်။ မြန်မာပြည်ရဲ့ မူလတန်းပြကျောင်းဆရာမတစ်ယောက်ရဲ့ အမြင့်ဆုံးလစာ တလစာ ၄သောင်းထက် မပိုပါဘူး။ အဲတော့ ထိုင်းအလုပ်သမား တစ်နေ့ဝင်ငွေနဲ့ ဆရာမရဲ့ တစ်နေ့ ၀င်ငွေဟာ အလွန်ကွာခြားနေဘီ။ ဒီလိုတိုင်းပြည်မှ မမွဲရင် ဘယ်လိုတိုင်းပြည်ကမွဲမှာလဲ။ တစ်နေ့မှာ ၁ဒေါ်လာသာသာဘဲရတာလေ။ အဲဒီ နိုင်ငံတကာဈေးနဲ့ ယှဉ်ပြတဲ့ကောင်တွေ ဆံပင်ဆွဲ ပါးစပ်ထဲ ဓာတ်ဆီတွေ လောင်းထည့်ချင်တယ်။

1 comment:

Anonymous said...

ကောင်းလိုက်တဲ့ ယှဉ်ပြကွက်..
နိုင်ငံတကာဈေးထက်တောင် နည်းပါသေးတယ် ပြောတဲ့လူတွေ...
ပေးတဲ့ လစာကိုတော့ ထည့်မပြောရဲကြဘူး...
အသိမဲ့ တွေ...
ဒီစာဖတ်မိပါစေ..