Thursday, August 16, 2007

နွေဦးပုံပြင်

တစ်ချိန်ကတော့ပလသိုင် ခုတော့ပြာသိုပေါ့
ခြေလေးချောင်းနဲ့  လူတစ်ယောက်
ခွာညိုတွေနဲ့ အတူ ဦးပိန်ကိုကျေးဇူးတင်
ကျောင်းတော်မှာ ပျော်ပွဲဆင်လို့ 
နေတစ်စင်း ထွန်းလင်းခဲ့ ဖူးတယိ....။
အတွေးတစ်ခုကိုသာ အမှန်ပြောကြေးဆိုလျှင်
ငါ့အတိတ်တစ်ခုလုံး ဧပရယ်နံနက်ခင်းသာသာပေါ့
မင်းသိဖို့ ကောင်းပါရဲ့.....


အဲ့ဒီ့မှာ ကံကော်တွေပွင့်ခဲ့ဖူးတယ်.....။
မိုးပေါ်ကကျလာတဲ့ ဖြူဖြူအခဲလေးတွေရဲ့ကြား
ဖဲကြိုးတစ်စ စံပယ်တစ်ကုံးနဲ့ 
ပါးလျလျဝဇီတစ်ခုထက် မင်းအပြုံးတွေ
ထစ်ချုန်းခဲ့ဖူးတယ်....။
နေ့ တစ်နေ့ ရဲ့အစ
ရှေးဟောင်းပန်းချီကားထဲမှာ
သဇင်နှစ်ခက် လက်အစုံယှက်လို့ 
ပုလဲခပွဲ ဆင်နွှဲခဲ့ဖူးတယ်....။
ကာလတစ်ခုရဲ့ ဆယ်စုနှစ်အလွန်မှာ
(PSYCHIC INFLATION) တွေလည်း
အတောင်တွေ ပေါက်ခဲ့ပေါ့..
မှတ်မိပါသေးရဲ့ နွေဦးရယ်..
ဘာတဲ့...........
င်္မလွမ်းကြေး ´....ဆိုဘဲ......။

No comments: