Sunday, August 26, 2007

သတိပြုစရာ အချက်အလက်တစ်ခု

ဘုရင်တွေ ဘုရားတည်ရင် ဘ၀ပျက်တယ်၊ မျိုးပါကန်းတယ်၊ အနော်ရထာ - ရွှေစည်းခုံတည်တယ်၊ ပြီးတောင်မပြီး သေတာဘဲ၊ ဘိုးတော်ဘုရား - မင်းကွန်းဘုရားကြီး တည်တယ်၊ ပြီးတောင်မပြီးသွား သေတာပါဘဲ၊ ဦးနေ၀င်း - မဟာဝိဇယတည်တယ်၊ ဘ၀ပျက်တယ်၊ မျိုးကန်းတယ်၊ ခင်ညွန့် - ကျောက်တော်ကြီး မင်းဓမ္မတည်တယ်၊ ဘ၀ပျက်တယ်၊ မျိုးကန်းတယ်၊ ခု သန်းရွှေ နေပြည်တော်မှာ ရွှေတိဂုံပုံတူ တည်နေပြန်ဘီ .. သေချာဘီ မလွဲပါဘူး .. မကြာပါဘူး .. မှီပါ့မလားမသိပါဘူး ..

ဘုရင် = မသန့်ရှင်းသော အလုပ်

ဘုရာတည်ခြင်း = အသန့်ရှင်းဆုံးအလုပ်

စပ်ဆက်၍မရလို့သာလျှင် သေတာပါ ..

3 comments:

ခွန်မြလှိုင် said...

ဘုရားတည်တာနဲ့ ပတ်သက်တာက နည်းနည်းပိုစဉ်းစားရမယ် အဲဒါ ဘုရင်လုပ်သူနဲ့လဲ ဆိုင်သေးတယ်လေ ရှင်စောပုတို့ ကျန်စစ်သားတို့ပေါ့ သူတို့ကျ ကောင်းနေရော ... ဘုရင်တိုင်း ဘုရားတည်လို့ သေတာ မဟုတ်ဘူးလေ ဘုရားဒါယကာ ခံထိုက် မခံထိုက် သူ့အကျင့်သီလနဲ့ သူ့ကံဇာတာနဲ့လည်း ဆိုင်သေးလို့ ဒီလိုချည့် သိမ်းကြုံး ပြောလို့တော့ မရပါဘူး။ အနော်ရထာ နတ်ရွာစံတာ ကံလည်းကုန်နေလို့ပါ။ သူ့အသက်ကပဲ တော်တော် ကြီးနေလို့ မီးစာကုန် ဆီခန်း ဖြစ်နေပြီးသားပါ။ ဘုရားတည်ရင်း နတ်ရွာစံတာ ထန်းသီးကြွေခိုက် ကျီးနင်းခိုက် ဖြစ်သွားတာ ရယ် ဘုမ္မိရပ် ဖြစ်တဲ့ မွေးနံအရပ်ရဲ့ ၄ခုမြောက် ကျတဲ့ အရပ်မှာ ထာဝရကုသိုလ် မတည်ကောင်း မလုပ်ကောင်းတာကို သွားလုပ်မိတာလဲ ပါပါတယ်။ မလုပ်ထိုက်တဲ့ မအပ်မရာလူတွေ က လျှောက်လုပ်ရင်သာ ထိတာပါ။ မင်းကျင့်တရား ဆယ်ပါးနဲ့ အညီ မကျင့်ဘဲ ဘုရားတရားကို အရေခြုံရုံလောက် လုပ်တဲ့သူတွေသာ ပိုထိပြီး မျိုးကန်းတာပါ။ ဘုရားတည်တယ် ဆိုတာ ကံ၊ ဉာဏ်၊ ၀ီရိယ အများကြီး မြင့်မြတ်မှ တည်လို့ အကျိုးပေးတာပါ။ အတည် မတတ်ရင် အပြစ်ကြီးလွန်းလို့ သံသရာနဲ့ချီပြီး ဒုက္ခရောက်တတ်ပါတယ်။ မနောကံ စေတနာ အကျိုးပေး မမှန်ရင်တော့ အမြန်ဆုံး ဒုက္ခရောက်တာ ဥပမာတွေ အများကြီးပါနော်

YeKyawAungMDY said...

ဟုတ်ပါတယ်။ မင်းကျင့်တစ်ရားဆိုတာ ဘာလဲဆိုတာကိုရော သန်းရွှေ သိပါ့မလားတောင်မသိဘူး။ သိခဲ့ရင်တောင်မှ မေ့ထားမဲ့ကောင်ပါ။ အခြေခံအကျဆုံးငါးပါးသီလတောင်မမြဲတဲ့ လူယုတ်မာ၊လူသတ်သမားသန်းရွှေဆိုတော့ ပိုပြီးတော့ မြန်မြန်ဆန်ဆန်ဇီဝိန်ချုပ်ပါလိမ့်မယ်။ ၀ဋ်ဆိုတာတကျော့လည်ပါလိမ့်မယ်။ သူကသံသရာအတွက် အကုသိုလ်တွေကို အလုံးလိုက်အထည်လိုက် ယူနေတာပါ။ နအဖ ရဲ့ ကံ ကုန်တော့မှာပါ။ ၂၀၀၈ က နအဖရဲ့ နောက်ဆုံးဇီဝိန်ချုပ်မယ့်နှစ်ပါ။ စောင့်ကြည့်နေပါ။

Anonymous said...

လဒတွေ လာနားသွားတာကိုလဲ ထည့်တွက်အုံး။
8888 မတိုင်ခင်ကလဲ လဒကျဖူးတယ်။ အမေရိကန်လင်းယုန်ဆိုပဲ သတင်းစာထဲမှာတော့။