ဒီခေါင်းစဉ်က လူ့ခွင့်အရေးရှုထောင့်ကနေ ဆွေးနွေးရရင် တော်တော်ကောင်းမှာပါ။ ဒါပေမယ့် ဒီစာထဲမှာ ဘာသာရေးရှုထောင့် တစ်မျိုးထဲနဲ့ ဆွေးနွေးသွားမှာပါ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် ဘာသာခြားတွေအပေါ်ဘယ် လိုသဘောထားသလဲ သိဖို့လိုမယ်ထင်လို့ပါ။ အခုလိုဆွေးနွေးပွဲတွေကို စိတ်ဝင်စားတဲ့ သူဆိုရင်တော့ သိထားဖို့ ပိုအရေးကြီးတာပေါ့။
ဗုဒ္ဓဘုရားရှင်က မိမိနှင့် အယူဝါဒ မတူသူများကို မတူရကောင်းလားဆိုပြီး နှိပ်ကွပ်လိုသောစိတ်မရှိပါ။ လိုအပ်လျှင် အကာအကွယ်ပင်ပေးခဲ့သေးပါသည်။ ၀ါဒပြိုင်လာလျှင်တော့ မိမိဝါဒက မှန်ကန်ကြောင်းကို ကောင်းကောင်းသက်သေပြ၍ လာပြိုင်လာသူကိုယ်တိုင်က လုံးဝလက်ခံနိုင်ပြီဆိုသော အခြေအနေရောက်မှ (သေချာစဉ်းစားစေပြီးမှ) တပည့်အဖြစ်လက်ခံတတ်ပါသည်။ လဘ်လာဘပေး၍လည်းကောင်း၊ အကြပ်အတည်းတစ်ခုခုဖြင့် ခြိမ်းခြောက်၍လည်းကောင်း မိမိအယူဝါဒကို အတင်းအကြပ် လက်ခံခိုင်းခဲ့ခြင်းလုံးဝ မရှိခဲ့ပါ။ အခုပြောပြခဲ့သော ဘုရားရှင်၏သဘောထားကို အောက်ပါ ပုံဝတ္ထုက ထင်ရှားသိသာစေပါသည်။
No comments:
Post a Comment