Wednesday, August 1, 2007

ရို့ ရို့ ကျိုးကျိုးကျန်ခဲ့တယ်

ဆန်းကြယ်ပုံများ
ပင်လယ်ရဲ့အတိမ်အနက်ကို
စမ်းထိလို့မရတာ
ဒါမျိုးလား။

ညှို့တော့ညှို့တယ်
ပြီးတော့ ပျောက်ကွယ်သွားပုံက
တိမ်တောင်သဖွယ်ဆန်လွန်း။

မွေးကင်းစကလေးကို
ဖခင်က
မချီတတ်ခင် မထိရဲသလိုမျိုး
နှောင်ကြိုးတွေကို အလီလီပြခဲ့ပါတယ်။

ဒီလိုနဲ့
စီးဆင်းသွားတဲ့ရေနဲ့ အချိန်ထဲ
သူမပါ ပါသွားတော့
ကိုယ်လည်း အိပ်မက်ကို ပြန်သိမ်းမိတယ်။

မြင့်ဇေ

1 comment:

OWAY AUNG said...

ကိုဖိုးဇေ အမှတ်တရ ဘလော့စာမျက်နှာလေးတခု
ထပ်ဖွင့်နိုင်ရင်ကောင်းမယ်နော်။
တာရာမင်းဝေအမှတ်တရ
ဘလော့လိုပေါ့။