Wednesday, August 8, 2007

ရတနာပုံတက္ကသိုလ်ဝင်းအတွင်း မြစ်ရေများဝင်ရောက်

အမရပူရမြို့နယ်၊ တောင်သမန်ကျေးရွာရှိ ရတနာပုံတက္ကသိုလ်ဝင်းအတွင်းသို့ ဧရာဝတီမြစ်ရေ ၀င်ရောက်မှုကြောင့် ရေအမြင့် ၂ ပေမှ ၄ ပေခန့်အထိရောက်ရှိ နေသည့်အတွက် တောင်သမန် ကန်ပတ်လမ်း (ရတနာပုံ တက္ကသိုလ်သွားလမ်း)၊ မြဘယက်ဘုန်းကြီးကျောင်းအနီး ကတ္တရာလမ်းမပေါ်မှာ ရေအမြင့် ၂ ပေမှ ၄ ပေရေကျော်လျက်ရှိပါတယ်.....

အဲ့ဒီလို ရတနာပုံတက္ကသိုလ်ဝင်းအတွင်းနှင့် အနီးပတ်ဝန်းကျင်နေရာများ၌ ရေများဝင်ရောက်မှုတွေကြောင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာသင်ကြားရန်အခက်အခဲဖြစ်ပေါ် လျက်ရှိတဲ့အတွက်ကြောင့် . . . . .

၁-၈-၂၀၀၇ မှ ၅-၈-၂၀၀၇ နေ့အထိ စာသင်ကြားမှု ယာယီရပ်ဆိုင်းထားခဲ့ရပါတယ်... ယခုအခါ ရတနာပုံ တက္ကသိုလ်ဝင်းအတွင်း ရေများဆက်လက် ၀င်ရောက်နေတဲ့အတွက်ကြောင့် ရတနာပုံ တက္ကသိုလ်တာဝန်ရှိသူ များက ၆-၈-၂၀၀၇ မှ ၁၂-၈-၂၀၀၇ နေ့အထိ စာသင်ကြားမှုကို ခေတ္တခဏ ယာယီဆိုင်းငံ့ထားပေးဖို့ အတွက် သက်ဆိုင်ရာ တွေဆီကို တင်ပြထားတယ်လို့ သိရပါတယ်.....

ရေများ စီးဝင်နေသော ကျောင်းတော်ကြီးဝင်းအတွင်းမှ မြင်ကွင်းအချို့များ

Photo Sharing and Video Hosting at Photobucket

Mai Soong Kha

1 comment:

ရွှေမင်းသား said...

ကိုချယ်ရီ....,ရေလျှနေတာက နှစ်တိုင်းနှစ်တိုင်းပါ..ဒါပေမယ့် အဲဒီအခက်အခဲကို ဘယ်လိုမှ သူတို့ ဖြေရှင်းမပေးနိုင်ကြဘူး..။ကြာလာတော့လည်း ဟိုသီချင်းလိုပဲ ဒါမျိုးတွေက ရိုးနေပြီ..။ ဟဲ ဟဲ...ချတိုင်းနှစ်တွေကဆို စာသင်ဖို့ထားတဲ့ ခုန်တွေဟာ တံတားဖြစ်သွားတယ်ဗျ....စဉ်းစားကြည့်ပေါ့ဗျာ...။