Sunday, September 2, 2007

မီဒီယာတပ်မှူးကြီး ကိုကျော်ဆန်းသို့ (ဘိုမှုးကျုပ်) (ပြန်စားရေး ၀ံကြီးဌာန)

ယခင် ကာတွန်းဆရာကြီး ဦးကျော်ဆန်း ကဆနဲ့ အခုတပ်မှူးကြီး ကိုကျော်ဆန်းတို့ကတော့ အရည်အချင်းများ မိုးနဲ့မြေလို ကွာပါ့။ ဘာတဲ့ မီဒီယာရှင်းလင်းပွဲမှာ ကြက်သွန်ဈေးကြီးလို့ မေးတော့ ခုတဧက စိုက်လို့ ဒီလောက်မြတ်ရင် နောက်နှစ်ကို ဧက တစ်သိန်း စိုက်ပါလိမ့်မယ်။ အတွေးအခေါ်က ကလေးအတွေးလေ .. ကဲခုတော့ ရွာပျက်နေဘီ။ ရွှေသွေးမျိုးညွှန့်တောင် သတိရမိသေးရဲ့၊ အတူအတူနေဖို့ကောင်းပါရဲ့။ ကိုကျော်ဆန်း လက်ကလေးတွေနဲ့ ကိုင်ပြခဲ့တဲ့ စပါးပင်တွေလည်း အကုသိုလ်လက်မို့လို့လား မသိပါဘူး၊ အခုတော့ ရေအောက်ရောက်ကုန်ပြီ။ ပြောသမျှ ရွှံ့ဖြစ်၊ ထိသမျှ ပျက်စီးခဲ့တော့ Killer Than Shwe ဆိုတဲ့ စာလုံးတောင် ထည့်တဲ့လူက အဖြေပြောမှ တကမ္ဘာလုံး သိပြီးတော့မှ နောက်ဆုံးသိရတဲ့ ဘ၀။ ရှက်တတ်ရင် လူလုပ်ဖို့တောင် မကောင်းတော့ဘူး။ ဒါနဲ့များ ပြောရဲသေးတယ်။ မီဒီယာကို မီဒီယာနဲ့ တိုက်ဆိုဘဲ။ ပြောလို့တောင်မပြီးသေးဘူး။ dvb က တိုးချဲ့စလောင်းရေဒီယိုတောင် လွှင့်နေပြီ။ ကဲ ဘာနဲ့တားမလဲ။ ၈၈ ခေတ်မှာ အိပ်နေခဲ့သလား၊ dvb ရုပ်သံ/ရေဒီယို၊ bbc, voa, rfa နဲ့တင်မကဘူး အင်တာနက်, ဒီဂျစ်တယ်ကင်မရာ, လိုင်းဖုန်း, ဟန်းဖုံး, ဟန်းဖုံး-ကင်မရာ, နောက်လာအုံးမှာ ...... အရင်းစစ်တော့ မီးကျိုးပေါင်းပျက် ရုပ်သံလေး တစ်ခုနှစ်ခုနဲ့ သတင်းစာလေး ၁စောင်၊ နှစ်စောင်၊ ဂျာနယ်မှာ ချောင်ကြိုချောင်ကြားက ဆောင်းပါအစုတ်လေး တစ်ပုဒ်နှစ်ပုဒ်နဲ့ မီဒီယာကိုင်ပြီး လိမ်ဖို့ စာဖွဲ့ပြမနေနဲ့။ ခေတ်သစ်မှာ အမှန်တရားကို ဘယ်လို လိမ်လိမ်၊ ဘယ်ပြည်သူကမှ မယုံတော့ပါဘူး။ သတင်းစာဆိုတာလည်း နာရေးနဲ့ကြော်ငြာ ဖတ်ဖို့လောက်သာ လူမှုရေးအရ ပြည်သူက ၀ယ်နေတာ။ နောက်လာပါအုံးမယ်၊ ပြည်သူတွေကို နှိပ်စက်ပြီး တဘ၀စာ ဥာဏ်နီဥာဏ်နက်နဲ့ ပူးပေါင်းလုပ်စားသူ လူတွေရဲ့ (ဥပမာ - ကြံဖွတ်၊ စွမ်းအားရှင်) အမည်တွေ၊ လိပ်စာတွေ၊ မိသားစုအဖွဲ့တဲ့နာမည်တွေ၊ လုပ်စားနေတဲ့ နည်းလမ်းတွေ။ မတရားယူထားတဲ့ ပိုင်ဆိုင်မှုတွေ၊ ကြမ်းကြုတ်မှုတွေ၊ ပြည်သူအများစု ငတ်ပြတ်ရုန်းကန်နေရတဲ့ အချိန်မှာ အခွင့်ထူးခံတွေရဲ့ အခွင့်အရေးယူနေပုံတွေကို ငြင်းမရတဲ့ မှတ်တမ်းတွေ တချိန်မှာ ပြန်ပေးဆပ်ရလိမ့်မယ်။ အနုနည်းရော၊ အကြမ်းနည်းရောပေါ့။

မီဒီယာတပ်မှူးကြီး ကိုကျော်ဆန်းရေ .. မြန်မာသမိုင်းမှာ ပြုတ်သွား၊ ဖြုတ်ချခံရတဲ့ သူတွေရဲ့ သားသမီး ဆွေစဉ်မျိုးဆက်တွေဟာ လူရာမ၀င်တော့တဲ့ အဖြစ်ဟာ ဒီနေ့ထိ ရှိနေသေးတယ်။ ဂဠုန်ဦးစော အမျိုးတွေ၊ ဦးနေ၀င်းအမျိုးတွေ၊ အနီးဆုံး ခင်ညွှန့်နဲ့ ပတ်သတ်တဲ့ သူတွေကြည့်ပါ။ အနာဂတ်ခေတ်တွေက တဖက်သတ်ခေတ် မဟုတ်တော့ဘူး။ အလွန်နည်းပညာတိုးတတ်တဲ့ခေတ်ပါ။ ပုန်းစရာ မြေမရှိတော့ပါဘူး၊ အထက်က ခိုင်းလို့ပါလို့ ဆင်ခြေပေးလို့လည်း မရတော့ပါဘူး။ ဆက်ဒန်ဟူစိန်နဲ့ အဖွဲ့ကိုကြည့်လိုက်ပေါ့၊ ကိုယ့်တစ်ယောက်အတွက်နဲ့ မိသားစု တဆွေမျိုးလုံး မျိုးကန်းမဲ့ အဖြစ်ကို မရောက်စေချင်ပါနဲ့၊ အချိန်မနှောင်းခင်ပြုပြင်ပါ ...

No comments: