Monday, September 3, 2007

ဒေါက်ချမ်းနဲ့ ရဲချုပ်ခင်ရီသို့ အထူးရည်ညွန်းသည်

အာဏာအကြောင်းတွေ၊ လူ့အခွင့်အရေးအကြောင်းတွေ၊ ညီလာခံအကြောင်းတွေ၊ တရားမျှတမှုတွေ ခဏထားလိုက်ပါအုန်း။ အခုအဖြစ်အပျက်လေး နှစ်ခုကို ကြည့်လိုက်ပါ။
(မူလတန်းပြ ဆရာမလေး တစ်ဦး၏ ရက် ၃၀ ဘ၀ ဖြတ်သန်းမှု)

တလကို လခ ၃၂၀၀၀ ကျပ် ရရှိ
တနေ့ကားခ သွား/ပြန် ၂၀၀ကျပ် ၆၀၀၀
---------------
၂၈၀၀၀ ကျပ် ကျန်
တနေ့ နံနက်/ည ထမင်းဟင်း
ခပ်ညံ့ညံ့ ၁၀၀၀ ကျပ် ၃၀၀၀၀ ကျပ်
-------------
၂၀၀၀ ကျပ် အကြွေးတင်သွားပြီ။

အဲဒီ ဆရာမလေး ရေမချိုးဘဲ ကျောင်းသွား၊ မီးမရှိဘဲ မှောင်ထဲနေ၊ အ၀တ်အစားမရှိဘဲ ကိုယ်လုံးတီးနေ ဆေးမကုဘဲ မြက်ထောင်းသောက်၊ အိမ်ငှားခ မရှိလို့ လမ်းဘေးအိပ်၊ အလုပ်လုပ်နေရင်းနဲ့ တင်တဲ့ တစ်လ အကြွေး ၂၀၀၀ အတွက် ကျွန်ခံဆပ် .... ကဲ ဘယ်လိုလဲ
ကဲ ဒီဝင်ငွေဟာ တကယ်လစာ အစစ်ပါ။ တပြားမှ ပိုမပြောပါ။ ဒီငွေနဲ့ ရပ်တည်ဖို့ မိသားစု မပြောနဲ့ တစ်ကိုယ်စာတောင်မှ မလုံလောက်တာ သေချာနေမှတော့ အဲဒီ ဆရာမ ဘာလုပ်မလဲ။ ဒီလို အခြေအနေနဲ့ ဘယ်လို အနာဂတ်ပညာရေးကို တည်ဆောက်မှာလဲ။
နောက် အဖြစ်အပျက်တစ်ခု ရှိပါသေးတယ်။ တကယ့် အဖြစ်အပျက်ပါ။

မူ့သားပါရင် ဥာဏ်ပညာ ကန်းရပါစေရဲ့ .. အမှန်စကားဆိုရင် စီမံမှုညံ့တဲ့ အစိုးရမှန်သမျှ အမြန်ဆုံး အဖြစ်ဆိုးနှင့် ပြုတ်ကျပါစေသား .. ဟိုး .... မန္တ္တလေးမြို့နယ်တစ်ခုက ရဲစခန်းက နယ်ထိန်းလေး တစ်ယောက်ပေါ့။ ပြီးခဲ့တဲ့ သုံးလလောက်က အပြောင်းအရွှေ့တွေ ဖြစ်တော့ အဲဒီနယ်ထိန်းလေးက အခုလက်ရှိနယ်မြေက မပြောင်းချင်လို့ ဂွင်ကောင်းလို့ ပုဏ္ဏားဗေဒင်ဆရာလေး တစ်ယောက်ဆီမှာ ဗေဒင်တွက်တယ်ပေါ့။ ဟောတယ် ပြောတယ်ပေါ့။ ပြီးလဲ ပြီးရော `ဆရာတဲ့ .. ကျွန်တော့်မိန်းမကို နှစ်လုံးထီ ကော်မရှင်ရောင်းခိုင်းချင်လို့ ဖြစ်မလား´ လို့ မေးပါလေရောတဲ့။ အလွန် အံအားသင့်စရာ ကောင်းတဲ့ မေးခွန်းပါ။ ဒါနဲ့ ဗေဒင်ဆရာလေးက စပ်စုလိုက်တော့ နယ်ထိန်းလေးက ဒီလိုရှင်းပြတယ်။ သူ့မှာ ကျောင်းသား ကလေး ၃ယောက်ရှိတယ်တဲ့။ မိန်းမက ဈေးရောင်းရင် အရင်းကြီးလာတော့ လိုက်မရောင်းနိုင်ဘူးတဲ့။ သူ့မှာလည်း မပြောင်းချင်လို့ စခန်းမှူးကို ငွေရှာပေးရတယ်။ စခန်းအတွက်လည်း လစဉ် ငွေရှာပေးရတယ်။ စခန်းမှူးကလည်း အထက်ကို လစဉ်ငွေရှာပေးရတယ်။ အမှုမရှိတဲ့ လကြရင် အပြင်ကငွေတိုးနဲ့ ချီးပြီးပေးရတယ်။ အဲတော့ အတိုးတက်ပြီး အရမ်းကိုကြပ်တည်းလာလို့ မေးရပါတာတဲ့။ (ဒီလို အခြေအနေမှာ လာဘ်မစားရင် ဘယ်လိုအခြေအနေမှာ လာဘ်စားမှာလဲ)။ မတူညီတဲ့ ၀န်ထမ်းလောကနှစ်ခုက တကယ့်အခြေအနေ နှစ်ခုပါ။
ဒီအခြေအနေဖြစ်နေတာ အနည်းစုမဟုတ်ပါဘူး။ အလွှာတိုင်းမှာဖြစ်နေတာပါ။ အဲအခြေအနေရဲ့ ဆန့်ကျင်ဘက် မကြာသေးခင်က သန်းရွှေရဲ့ မြေးတော်ကြီး TTC ကျောင်းသားကြီး ဖိုးလပြည့်ရဲ့မွေးနေ့ Sedona Hotal က ဘောလုံးသမားဝေါလ်ရှိနဲ့ ပျော်ပွဲကြီးက တစ်ရက်ထဲ သန်းနဲ့ချီပြီး သုံးပစ်လိုက်တဲ့ အခြေအနေကွာဟချက်ဟာ ဘယ်နိုင်ငံခြားကမှ ပိတ်ဆို့လို့မဟုတ်ဘူး။ ဘယ်သူမှမြှောက်ပေးစရာမဟုတ်ဘဲနဲ့ကို မကြာခင်မှာ ပေါက်ကွဲပျက်စီးဖို့ ဖြစ်နေတဲ့ အခြေအနေပေါ့။
ဒါကြောင့် ဘယ်လိုနည်းလမ်းနဲ့ဘဲ ထိန်းထိန်း၊ ဘယ်လိုဘဲ လိမ်လိမ်၊ ပျက်စီးပေါက်ကွဲမယ့် လမ်းကြောင်းပေါ်ကို သွားနေတာ သေချာနေပြီ။ ကိုချမ်းငြိမ်းနဲ့ ကိုခင်ရီရေ .. စစ်အစိုးရ လက်ထက်က ၀န်ကြီး အပေါင်းကို ပြန်လှည့်ပါ။ အခြေအနေတစ်ခုရောက်ရင် ချအကြွေးခံရတဲ့ နယ်ရုပ်တွေကြီးပါ။ မကြာခင်မှာ ကိုခင်ရီအလှည့်က အစောဆုံးလာမယ့် အလှည့်မှာရှိတယ်။ ကိုချမ်းငြိမ်းရေ .. ကလေးနှစ်ကောင် ငယ်ငယ်ရွယ်ရွယ်၊ ကျောင်းသူဆရာမ မိန်းမငယ်ငယ်နဲ့ အိုစနာလည်း ကျလာတဲ့ အချိန်နဲ့ မျက်နှာငယ် မျိုးကန်းမှာတော့ မြင်ယောင်သေးတယ်။ ဘယ်သူမပြု မိမိမှု ပေါ့။ ပြည်သူတွေကတော့ မေတ္တာတော့ မပို့ဘူး။ အစိုးရတဖွဲ့လုံးကို ကျိန်စာတိုက်နေတာတော့ သေချာတယ်။ ဟိုခေတ်ကလို ရုပ်ဖျက်ပြီး အရပ်ထဲ နားထောင်ကြည့်ပါလားဗျာ။ လူလွှတ်ရင်လည်း အမှန်ကြားရမှာ မဟုတ်ဘူး။ ဖားပြီးတော့ ပြန်လျှောက်ကြမှာ။ တကယ်တော့ ဒီဝန်ကြီးအကုန်လုံးဟာ အလွန်သနားစရာကောင်းပါတယ်။ ဘယ်တော့ အခြေအနေပျက်မလဲ စိုးရိမ်နေရတဲ့ဘ၀။ သာမန်လူတွေတောင် ဆင်းရဲတာလောက်ဘဲ ပြောစရာရှိတယ်။ ၀န်ကြီးဘ၀တော့ စိတ်ရောလူရော ဆင်းရဲတာ။ ကိုချမ်းငြိမ်း ရာထူးရခါစနဲ့တောင် မတူတော့ဘူး။ အိုစနာကျသွားလိုက်တာ။ ကိုခင်ရီရော စွမ်းအားရှင်အကြောင်းကို မီဒီယာမှာ တရားဝင်ပြောခဲ့တဲ့ တရားခံလေ။ စွမ်းအားရှင်အပြစ်ပုံချပြီ ကိုခင်ရီကိုဖယ်ရှားပြီး အပြစ်ပုံချတော့မှာ ဒီအစိုးရရဲ့ လုပ်နည်းတစ်ခု လာတော့မှာ။

No comments: