Wednesday, September 5, 2007

ပုလင်းထဲက ဘလော့ဂါများ

အိမ်ကို မရောက်တာတော်တော်ကြာသွားတော့ အတော်လေးကို ပြောင်းလဲသွားတယ်... သူများရေးတာတွေကိုပဲ လိုက်ဖတ်မိတယ်.. တနေ့က နိုဝင်ဘာမိုးကြီး သူနဲ့အတူ မိုးလင်းအောင် ထိုးကွင်းထနေကြဖြစ်တဲ့ ဆူဂျူပုလင်းပုံ ပို့လာပေးရာမှ စိတ်ကူးပေါက်ပေါက် အာရုံတစ်ခုရောက်လာတယ်... ပုလင်းတူဘူးစို့မဲ့ ရောင်းရင်းတွေကို သွားသတိရမိရင်း ပုံတစ်ပုံကို လက်ဆော့လိုက်မိတယ်... ကျွန်တော်က ပုံကိုလက်ဆော့လိုက်ပြီး ကမိုးစွေကိုအပူတစ်ခုတောင်းလိုက်မိတယ်... ပုံကိုကြည့်ပြီး ကဗျာစပ်ပေးဖို့ပါ... တစ်နေ့မှာ အမှန်ဧကန် ကမ္ဘာကျော်မဲ့ ပုလင်းထဲက ဘလော့ဂါများကတော့ .......

G-Talk မှာ မကြူတော့ပါဘူး
ဆူဂျု ကိုရနံ့ဖလှယ်ရင်းက
သံပြိုင်ဟစ်ကြွေးကြတာက
မော်ဒန်ချီးယားစ် .....
ဟေ့ ... လား ... မောင်တို့(ရို့) ၀ါး ...

ပုလင်းညီ တူသည်ကဘူးဆို့
ဒီလူတွေမှ သတင်းမလွေ့ကြရင်
အပြင်ကမ္ဘာမှာ ကြင်ယာရှာတာထက်
မိတ်ဆွေပေါင်းခက်လိမ့်မယ်
အမယ်မင်း .... မပါတဲ့တေး ...

ကမိုးညို တောခိုတာ ရက်ရှည်ညောင်းပေါ့
ရောင်းရင်းတွေ အဆက်ဖြတ်လို့
တစ်ကိုယ်တော် သောက်တော်မူတယ်
ကကြီး ခွက်ပုန်း ကိုကတုံး ...

ကနွေလှိုင် အနေထိုင် တည်ပါဘိ
မသိရင် သူမထင်ရသလိုမျိုး
လူပုံရိုးအေး ပုလင်းထဲမှာ ကဗျာရေးတဲ့
ကိုဘေးကခွက်လျှို ....

အို ... တသက်မှာ လူပြိုကြီးပါဘဲ
ချစ်လျှက်နဲ့ ဝေး ဆွေးရ ...
နာကျင်တဲ့ရင် ရေတွင်တင်မျှော
အကြင်နာဇော နဲ့ ထပ်....
ချက်အရက် ခပ်ပြင်းပြင်း စပ်မှ
အနေသာလို့ ရင်မှာပျော်ခဲ့
အဖော်မွန် စောင့်တဲ့စိုင်း ...

ရှိုင်း စရာအမြည်းမလို ... နိ ကိုမှစွဲ
ဆယ့်တစ်မိုး အရက်ချိုးက
မနက် နှစ်ပက် ၊ နေ့ လေးပက်
ညနေဆို လေအပြိုစလို့
မိုးအလင်း ထိုကွင်းထတဲ့သူ ...

သူက မိုးစွေ ....
မွေးဌာနေ ... မြစ်ဝကျွန်းပေမယ့်
နေပြည်တော် မျှော်ကာတမ်းတ
လွမ်းရတဲ့ မန်း ရဲ့ ၀ီစကီ
တမ်းတသည်က ဖွဖွ ...

ခပ် ... ဟ ၊ ဟ လေးမှာလိုက်မယ်
နေ့အစဉ် အပူပင် မရှာချင်ပါဘူး
လူတွင်ပါလို့ ကိုက်တဲ့ကျား
မော်ဒန်ချီးယားစ် .....
ဟေ့ ... လား ... မောင်တို့(ရို့) ၀ါး ...

( သားကို ကိုရှမ်း ရေးခိုင်းလို့ ရေးတာနော် .... စိတ်မဆိုးကြေး ....။ မှားတာရှိရင်လည်း အမိုက်အမဲလေးမို့ ခွင့်လွှတ်ကြပါဗျာ....။ ဟဲ ဟဲ .... သဘောထား ကြီးတဲ့သူတွေက စိတ်မဆိုးတတ်ဘူးတဲ့ဗျ ...။ ။ )

Photo Sharing and Video Hosting at Photobucket

No comments: