Saturday, September 29, 2007

ပြည်သူ့ ဝန်ထမ်းအပေါင်းတို့ ခင်ဗျား ....

လာမည့်အောက်တိုဘာ (၁) ရက်နေ့ တနင်္လာနေ့ တွင်တနိုင်ငံလုံးမှဝန်ထမ်းအားလုံးညီညွတ်စွာဖြင့်အထွေထွေ သပိတ်ကြီးကိုစတင်ပါတော့မည်ဖြစ်ပါသည်။

ယနေ့ လက်ရှိ ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီး ရဲ့  အနာဂါတ် ရှေ့ ရေးသည်ရဟန်းရှင်လူပြည်သူအပေါင်းးနှင့် ပြည်သူ့ ဝန်ထမ်းများရဲ့ လက်ထဲမှာရှိနေပါသည်။ မိမိတို့ အသီးသီးရင်ထဲမှာ နှစ်ပေါင်းများစွာ တကယ်တန်းခါးသီးစွာခံစားခဲ့ရတဲ့ စစ်အာဏာရှင်တို့ ရဲ့ မတရား ကျွန်ပြုမှုကို အကြောက်တရားနဲ့ ငုံ့ ခံမလား၊ ယခုတကြိမ်မှာ ကျွန်တော်တို့အားလုံး ညီညီညွတ်ညွတ်နဲ့ ကျရာနေရာကနေ တစ်ယောက်တစ်လက် ၀ိုင်းဝန်းဆန့် ကျင်တိုက်ခိုက်ပြီးအနိုင်ယူကြမလားဆိုတာ ပြည်သူ့ ဝန်ထမ်းအားလုံး စဉ်းစား ဆုံးဖြတ်ကြပါ။


ယခုလက်ရှိ နအဖ စစ်အာဏာရှင်အုပ်စုအခြေအနေသည် ပြည်တွင်းသာမက၊ ပြည်ပနှင့်နိုင်ငံတကာဆက်ဆံရေးမျက်နှာပြင် တွင်လည်း အရှုံးနှင့်ရင်ဆိုင်နေရပါပြီ။ ပြည်တွင်းကရော ပြည်ပကပါ။ ဒင်းတို့ ကိုညှပ်ပူး ညှပ်ပိတ် ငြင်းဆန် တိုက်ခိုက် နေပါပြီ။ ယင်းတိုက်ပွဲတွင်သင်သည်လဲ ပြည်သူ တစ်ယောက်ဖြစ်သည့်အတွက်သင့်တွင်လည်းပါဝင်နိုင်ခွင့်ရှိပါသည်။ လုပ်ငန်းသဘာဝအခြေအနေအရ သင်သည် ကိုယ်တိုင်ကိုယ်ကျ လမ်းပေါ်တွင် ကိုယ်တိုင်ထွက်မပြနိုင် မကြွေးကြော်နိုင်ခဲ့သည့် အတွက် သင့် ကိုယ်သင် အားမရ မဖြစ်ပါနှင့်၊ သင့်လက်ထဲတွင် လုပ်ပိုင်ခွင့်အပြည့် အ၀ရှိပါသည်။

" သာမန်ပြည်သူတွေထက်ပိုသော သင့်လက်ထဲတွင်ရှိနေသည့်လုပ်ပိုင်ခွင့်ဖြင့်

စစ်အာဏာရှင် ရဲ့ အုပ်ချုပ်ရေး ယန္တယားကို ရိုက်ချိုးနိုင်ပါသည်။ "


လုပ်ငန်းခွင်အတွင်းတာဝန်ချိန်မှာ လူမသိအောင် လုပ်ငန်းများကို နှောင့်နှေးစေခြင်း။ ဒီထက်ပိုလျင်၊ လုပ်ငန်းများ လည်ပတ်မှုရပ် တန့် သွားအောင် လုပ်ငန်းခွင်အတွင်း မိမိတို့ အချင်းချင်းစည်းရုံး ပြီး ညီညွတ်စွာဖြင့် ဘာအလုပ်တာဝန်မှ မလုပ်ပဲဆန့် ကျင်နေခြင်း၊ အခြေအနေပေးလာပါက လုပ်ငန်းခွင်နဲ့ ရုံးများသို့ လုံးဝ အလုပ်မသွားခြင်းဖြင့်သင်အဆင်ပြေ သည့် နည်းလမ်းဖြင့်နိုင်ငံ့အကျိုးကို သင်လည်းသည်ပိုးနိုင်ပါသည်။

သင့်လုပ်ငန်းခွင်တာဝန်ပိုင်းအတွင်းမှ သင့်ဟာသင် အဆင်ပြေသလို သင့်အတွက် ထိခိုက်မှုမရှိစေပဲနအဖ အုပ်ချုပ်မှု ယန္တရားကြီး တဖြေးဖြေး ရပ်တန့် ပြီး ဇီဝန် ချုပ်သွားအောင် သင် ယခုအချိန်ကနေ စတင်လှုပ်ရှားပါတော့၊

" သင်သည် နအဖ ယန္တယားကြီးတကယ် ချုပ်ငြိမ်းသွားအောင် တကယ်လုပ်နိုင်သောသူတစ်ယောက်ဖြစ်ပါသည် " ဟု ပြည်သူများမှ ယုံကြည်အားကိုးပါသည်။

" စစ်အာဏာရှင်စံနစ် မုချ ကျဆုံးရမည်။

အရေးတော်ပုံ မုချအောင်ရမည်။ "


အမျိုးချစ်သူ

1 comment:

Anonymous said...

unity of people would bring down the system. they can't punish everyone. from the movie In Hell