Thursday, September 6, 2007

တစ်ချက်တည်းနဲ့တင် အားလုံးပြတ် (~~ဘာတွေကို ယုံကြည်ရမလဲဟေ့ ~~)

ငါအနာဂတ် မယုံရဲဘူး ...

လူကျင့်ဝတ်ဖြစ်တဲ့ ငါးပါးသီလမှာ မူ့သာဝါဒ တစ်ခုချိုးဖောက်နေကြ ဆိုတာနဲ့တင် ကျန်တဲ့သီလ၄ပါးစလုံး လုံပါတယ်လို့ ဘယ်လိုယုံရမလဲ။ အာလုံးပျက်စီးခဲ့ပြီးပေါ့။ ဒီလိုပါဘဲ ... အခုဆွဲခဲ့တဲ့ အခြေခံဥပဒေမူကြမ်းမှာ
(တပ်မတော်က အာဏာသိမ်းခွင့်ရှိတယ် ဆိုတဲ့အချက်နဲ့တင်) အထဲမှာပါတဲ့ အချက်အလက် အကုန်လုံး ဘယ်လိုခိုင်မာတယ်လို့ အာမခံ ပေးနိုင်မှာလဲ။ အထဲမှာ ပါတဲ့ အချက်အလက်တွေ အကောင်အထည်ဖော်သမျှ၊ ဆောင်ရွက်ခဲ့သမျှတွေအားလုံး တစ်ချက်ထဲနဲ့တင် သဲထဲရေသွန်ပါ။ ဒါကြောင့် ဒီမူကြမ်းကို ဘယ်လိုထောက်ခံရမလဲ ဥာဏ်ရှိသူတိုင်း တွက်လို့ရပါတယ်။

1 comment:

ခင်မင်းဇော် said...

ဟုတ်တယ် ကဒေါင်းသစ်ရေ
ဒီတချက်ကလေး ခေါင်းထဲရောက်တာနဲ့ ကျန်တာတွေ စဉ်းစားစရာတောင် မလိုတော့ဘူး။ ပြည်သူတွေ သိမှာပါ။ ကိုယ်တိုင်ခံစားနေရသူတွေမို့ ပိုယုံကြည်မိပါတယ်။