Thursday, September 27, 2007

စိန်ခေါ်သံ

အိုဘယ့်ဗမာ .....
ဒေါင်းမြေမှာ ဇောင်းအသရေဆင့်ပါလို့
သာသနာထွန်းကားခဲ့ ငါတို့မြန်မာပြည်
ငြိမ်းချမ်းသာဝပြောစေဖို့ သံဃာတွေမေတ္တာပို့ခဲ့သည်။
အချက်မပိုင်လက်မှိုင်မချချင်တော့ ခွေးဘီလူးတွေ
အမျိုးယုတ်လို့ ရှက်စရာရာဇဝင်ကြွေး
သာသနာသွေးမြေခ ဗမာမြေမှသမိုင်းပေးခဲ့ပြီ။
ဗုဒွရှင်တော်မြတ်ဘုရား ဟောကြားတဲ့တရား
ဘာသာကွယ်သာသနာပျောက်
ရောက်ချင်ရာရောက်စေတော့လို့ သူတို့ဆန္ဒရှိလေသလား။

စိန်ခေါ်လိုက်စမ်း
ငါတို့သွေးမြေကျ ဖြေမရတဲ့အဖြစ်တွေ
အချိန်ကြာဒီဝဋ္ဋ်ကြွေး ကျေအောင်ဟစ်ကြွေးလို့
သေမထူးတော့မဲ့ငါတို့ မြန်မာပြည်ရှင်သန်စေဖို့
ရဲရဲတောက်ရှေ့ဆက်လှမ်း တက်လှမ်းကြပါစို့။ ။

No comments: