Saturday, September 22, 2007

ဟာသမင်းသားကြီးသန်းရွှေ သို့မဟုတ် The Wind War သို့မဟုတ် လေစစ်ပွဲမှာကျဆုံးသူ

ဟာသမင်းသားကြီးသန်းရွှေ သို့မဟုတ် The Wind War သို့မဟုတ် လေစစ်ပွဲမှာကျဆုံးသူ တဲ့ဗျ...

ကြည့်ကြပါအုံးဗျာ။ ဘယ်နိုင်ငံမှ မရှိပါဘူး။ အပ်တိုတစ်ချောင်းတောင်မရှိတဲ့သူတွေက ဘယ်လိုလုပ်မယ်၊ ဘယ်နဲ့ဖြစ်မယ်။ ဘယ်သို့ဘယ်ချမ်းသာ။ ဘယ်လောင်စာဆီက ဈေးတတ်လို့၊ ဘယ်ကုန်ဈေးနှုန်းကကြီးလို့ ဘယ်လိုတော့ငတ်ကုန်ပါပြီ။ ဘာလုပ်ပေးပါ။ ဘာဆွေးနွေးပေးပါ။ ဘယ်ကုန်ဈေးနှုန်းချပေးပါ စတဲ့ စတဲ့ စကားတွေနဲ့ဘဲ လေနဲ့ပစ်ရုံရှိသေး တခါတည်း ဖရိုဖရဲဖြစ်သွားလိုက်တာ အကြောက်တွေလွန်ပြီး။ ဟဲ့ .. လုပ်ကြပါအုံး။ ကိုင်ကြပါအုံး။ ကြံဖွတ်တွေလာကြပါအုံး။ စွမ်းအားရှင်တွေလာကြပါအုံး။ ဟိုတိုင်းမှူးတွေ ခေါ်လိုက်စမ်း။ အစီအမံတွေလုပ်ကြစမ်း။ ဟိုလူ့ကိုဖမ်းလိုက်စမ်း။ ဒီလူ့ကိုနှိပ်ကွပ်လိုက်စမ်းလို့ .. ရုပ်ပျက်ဆင်းပျက်နိုင်လိုက်တာ။ ဒီလိုအရူးမီးဝိုင်းဖြစ်နေတုန်း သံဃာတော် ဆရာတော် အရှင်သူမြတ်တို့က ပြည်သူပူဆာ မနေသာတော့ ပြောကြဆိုကြ ထိပ်တိုက်ဖြစ်ကြပြန်တော့၊ ဟိုတိုင်းမှူးလာ၊ ဒီဝန်ကြီးသွားဆိုပြီး ပြန်ဖားရ၊ စည်းရုံးရနဲ့ အလုပ်ကိုရှုပ်ရပြန်ရော။ ဟဲ့ ကျော်ဆန်း .. လာ ဒီသတင်း ဒီလိုလိမ်ထုတ်၊ ဒီလိုလွှင့်စမ်း။ ဟဲ့ ဌေးဦး၊ ဟဲ့ အောင်သောင်း၊ စည်းရုံးရေးဒီလိုလုပ်၊ ပိုက်ဆံမရှိရင် ဒီဘဏ်က ဒီလိုယူသွား။ ဟဲ့ ဟဲ့ . မောင်အေး ဟိုကုလားပြည် ဘင်္ဂလာ မသွားနဲ့အုန်း၊ ငါတစ်ယောက်တည်း အားငယ်လို့နဲ့ ဇာတ်ထုပ်တွေကို ရှုပ်သွားလိုက်တာ ..........


တကယ်တော့ဗျာ .. လက္ခဏာရေးသုံးပါး မေ့လျှော့နေတော့ အာဏာစည်းဇိမ် အ၀ိဇ္ဖာပိတ်ဖုံး အရူးကြီး လုံးလုံးဖြစ်နေပုံများ ဟာသကိုဖြစ်လို့။

စာဖတ်သူများခင်ဗျား ....
မြန်မာ့သမိုင်း အစဉ်အလာကို ဟိုး .. ပဒေသရာဇ်ခေတ်ထဲက ပြန်စဉ်းစားကြည့်ပါ။ ကျွန်တော်တို့ ရဟန်းရှင်လူ ပြည်သူကျောင်းသားတွေက သေနတ်ဆွဲ လည်ပင်းထောက်ပြီး အာဏာသိမ်းခဲ့တာ တခါမှ မပါခဲ့ဘူးပါဘူး။ သူတို့ထဲက လူတွေကဘဲ ပြန်ပြန် အာဏာသိမ်းနေခဲ့တာပါ။ အဲဒါကို ပြည်သူတွေကိုဘဲ မဲမဲပြီး အကြောက်လွန်နေတာ မှားနေပြီပေါ့။ အဲသလို မဲမဲလာရင် အစိုးရတစ်ခု ပြုတ်ကျတော့မှာ အတိတ်အစဉ်အလာအရ သေချာလာပြီပေါ့။ ကျွန်တော်တို့ ပြည်သူတွေက လေနဲ့သွေးနဲ့ အသက်နဲ့ ရင်းနှီးခဲ့ရတာပါ။ တခါမှ သေနတ်ပြပြီး အာဏာမသိမ်းခဲ့ရပါဘူး။ ခုဗိုလ်သန်းရွှေကိုလည်း မောင်အေးကလား ရွှေမန်းကလား .. သူတို့ထဲက ဘယ်သူလဲ? အဲဒီအတွင်းလူကဘဲ ကြောက်ရမှာ။ ဒီနေရာမှာ တချက်ပြောရအုံးမယ်။ အလားအလာရှိတဲ့ တင်ဦးကို သမီးကိုသတ်ဖြတ်တာ နောက်မဆုတ်လို့ လူကိုပါသတ်ပစ်တာ (အဲဒါ ခင်ညွှန့်ရဲ့ ထောက်လှမ်းရေး တပ်ဖွဲ့ကိုခိုင်းခဲ့တာ) နောက်ပိုင်း ခင်ညွှန့် ဖော်ကောင်လုပ်မှာစိုးလို့ ကြိုးရှည်ရှည်နဲ့ မြှောက်စားပြီးမှ အခုဖြုတ်ချထားခဲ့တာ။
အခုတော့ သူ့အလှည့်နီးလာပြီလေ .....

No comments: