Saturday, September 22, 2007

ခြင်္သေ့နှစ်ကောင်နှင့် သံဃာတော်များ ဇာတ်ထုပ်

မကြားဘူးရင်လည်း ကြားဘူးအောင် ကြားဘူးရင်လဲ သတိရအောင် ပြောပြလိုက်ပါတယ်။ ဟို .. ခြင်္သေတံဆိပ်ကြီးနဲ့ အကောက်ခွန်ဌာနကြီးလေ တ ဌာနလုံးကို ဖြုတ်ထုတ်သတ်လုပ်ပြီး အသစ်ပြန်ဖွဲ့တာလေ။

အကြောင်းက ဒီလိုပါ...

" ခြင်္သေ့နှစ်ကောင်ကြောင့် တိုင်းပြည်ပျက်မယ် " ဆိုပြီး ဘယ်အခါတော်ပေးက အဟောထုတ်လိုက်မှန်း မသိပါဘူး။ ခြင်္သေ့တစ်ကောင်က တပ်ချုပ်ကြီးရဲ့ ကြံဖွတ်တံဆိပ်ပေါ့၊ နောက်ခြင်္သေ့တစ်ကောင်က အကောက်ခွန်ရဲ့ တံဆိပ်ပေါ့။ အဲတော့ မပျက်အောင် တစ်ကောင်သတ်ရမယ် ဆိုပြီး အခါပေးတော့ အကောက်ခွန်ခြင်္သေ့ကို သတ်ပစ်တာတဲ့။ ကောက်ခွန်ခြင်္သေ့ သေပြီအောက်မေ့တာ။ တနင်္လာနံနဲ့ သောကြာနံအတွဲဖြစ်တဲ့ သံဃာတော်တွေနဲ့ ထိပ်တိုက်တွေ့လာတော့ ကြံဖွတ်ခြင်္သေ့အသက်က ခပ်ငင်ငင်ဘဲကျန်တော့တယ်။ အဲဒီတော့ ခြင်္သေ့နဲ့သံဃာ၊ သံဃာနဲ့ခြင်္သေ့ .. ဒီတခါ ခြင်္သေ့ခေါင်းဆောင်ပါကြွပြီနဲ့ တူပါရဲ့ သံဃာနဲ့မှ သွားထိတာကိုး။(အရံအင်အား မင်းသားကျော်သူပါ ပါသေးတယ်) တပ်ချုပ်ကြီးရေ .. ခြင်္သေ့မသေခင် သကြားများများအရည်ကြိုသောက်ပါ။ ဆီးချိုဖြစ်အောင်လို့
စာကြွင်း။ ။ သင်္ကြန်တောင်ကျော်ပါ့မလား။ သင်္ကြန်မကျော်ခင် သင်္ဂျိုင်းထဲ ရောက်နေအုံးမယ်။

No comments: