Saturday, September 22, 2007

လင်းတနားမင်္ဂလာ

ကျွန်တော်တို့ ခပ်ငယ်ငယ်က ခေတ်ကောင်းတုန်းက စာအုပ်တစ်အုပ် ဖတ်ဘူးတယ်။ (၆၂) မတိုင်ခင်ကပေါ့၊ မှော်ဘီဆရာသိန်းရေးတဲ့ ဗျိုင်းနားမင်္ဂလာတဲ့ လိုတိုရှင်း အနှစ်ချုပ်ကတော့ တိုင်းပြည်မှာ အုပ်ချုပ်သူမရှိလို့ ရွေးတဲ့အခါ ဖုတ်သွင်းရထားလွှတ်သလိုဘဲ အဲဒီတိုင်းပြည်မှာတော့ မင်္ဂလာရွှေဗျိုင်းကို လွှတ်တဲ့အစဉ်အလာရှိသတဲ့။ အဲဒီတိုင်းပြည်မှာရှိတဲ့လူရဲ့ပုခုန်းပေါ်ကို အဲဒီမင်္ဂလာရွှေဗျိုင်းနားတဲ့အခါ အဲဒီလူ ဘုရင်ဖြစ်ရောဆိုပါတော့။ တစ်နေ့တော့ ဒီလိုဘဲလွှတ်တော့ ဒီလိုဘဲ နားရောဆိုပါတော့၊ ဖြစ်ပုံက ပေါက်ကရလူပေါ်လဲ နားမိရော ပေါက်ကရဘုရင်ဖြစ်လာရော၊ အဲဒီဘုရင်ကလည်း အသိဥာဏ်ကမပြည့်တော့ ဥပမာဆိုပါတော့ တန်းတူစီးပွားရေးတွေ ဖြစ်ရမယ်ဆိုပြီး၊ ရွှေတပိသာ တမတ်၊ ကြက်တပိသာ တမတ်၊ ငါးတပိသာ တမတ်၊ သတ်မှတ်ပါလေရော။ လူဦးရေနည်းလို့ လူပျိုကြီး အပျိုကြီး မရှိစေရဆိုပြီး ပေးစားလို့ပေးစား၊ အရပ်ညီအောင်ဆိုတဲ့အတွေးအခေါ်နဲ့ အရပ်ရှည်တဲ့လူနဲ့ အရပ်ပုတဲ့လူနဲ့ ပေးစားလိုပေးစားဆိုတော့ တိုင်းပြည်ဆူတယ်ဆိုပါတော့။ ဒါနဲ့ အနီးကမှူးမတ်တွေက မဖြစ်ချေဘူးဆိုပြီး ရှင်ဘုရင်ကိုပြောတော့ အဲဒီ ပေါက်ကရဘုရင်က ငါကံနဲ့ငါမို့ ဗျိုင်းက ငါ့ပုခုန်းပေါ်နားတာ၊ မင်းတို့ပြည်သူတွေကံကမှ မကောင်းတာလို့ လွှဲချသတဲ့ နောက်ဆုံးတော့ မှူးမတ်နဲ့ ပြည်သူတွေက ၀ိုင်းဖြုတ်ချရတဲ့ စာအုပ်လေးပါ။ မှော်ဘီဆရာသိန်းကြီးကတော့ လွှတ်လပ်ပြီး ၁၀နှစ်ကာလကို ရည်ညွှန်းတယ်နဲ့ တူပါရဲ့။ စာအုပ်ရဲ့ မက်ဆေ့ကတော့ ဘုရင်အုပ်ချုပ်ပုံနေရာမကျလို့ တိုင်းပြည်ဒုက္ခရောက်ပုံပါ။

ဒီဘက်စစ်အစိုးရခေတ်က ပိုဆိုးနေပါရော့လား


ဟိုဘုရင်ကမှ ဗျိုင်းလေးဘာလေးနားလို့ မင်္ဂလာရှိသေးတယ်။ ဗျိုင်းဆိုတော့လေ။ ခုဘုရင်က ကြည့်ရတာ လင်းတနားမင်္ဂလာလို့တောင် စာဖွဲ့ရမလိုပါဘဲ။ ၆၂ခုနှစ်ထဲက လင်းတတွေ တစ်ယောက်ပြီးတစ်ယောက်နားလာလိုက်တာ ခုသန်းရွှေပုခုန်းထိပေါ့။ လင်းတနားဘုရင်မို့လို့လားမသိဘူး။ သေခဲ့လိုက်တဲ့ ရဟန်းရှင်လူပြည်သူပြည်သားကျောင်းသားကျောင်းသူတွေ မနည်းမနောပါဘဲ။ "လင်းတနားမင်္ဂလာ" နဲ့ဘုရင်တက်လုပ်လာတဲ့ စစ်အစိုးရအုပ်ချုပ်သူတွေမို့လို့လားတော့ မသိပါဘူး၊ ကောင်းသောဆင်းခြင်းနဲ့ ဆင်းသွားရတဲ့သူတွေလဲ မတွေ့ခဲ့ရပါဘူး။ ဦးနေ၀င်းကစလို့ ခုထိပါဘဲ။ နောက်ဘယ်သူ့ပုခုန်းပေါ် ဒီလင်းတ နားအုန်းမလဲမသိဘူး စောင့်သာကြည့်ကြပါတော့။ ။


No comments: