Thursday, October 18, 2007

ချီတက်ကြပြီ ဗမာပြည်


ကဲ ... ဒို့ဗမာပြည် ...
ပညာတတ်လျှင် ထောင်ထဲဝင်
မတတ် ၊ တတတ် ထ္မင်းငတ်
ငဆနူအင်း လူရာသွင်းလို့
ချီတက်ကြပြီ ဗမာပြည် ... ။


အသိပညာ သင်ထားတာက
တတ်သိလာသမျှ ပြန်မပြနှင့်
တတ်သောပညာ မနေသာ
ရေသာမခို ပြည်သာစိုဖို့
ဘယ်ပုံ ၊ ဘယ်နှင်း လမ်းမခင်းနှင့်
သွားလေ ... ထောင်တွင်း သက်နှင်းကြ...။

တတ်သိယောင်ဝါး ထင်မှတ်မှားလည်း
မင်းမှန်တယ်ထင် ယုံကြည်လျှင်က
စားရန်ထ္မင်း ခံတွင်းဝ
ဆင့်ပါးစပ် ၊ နှမ်းပက်သလိုမို့
လွမ်းရေးမပို ၀မ်းရေးစိုဘို့
သွားလေ ... ပြည်ပ ကျွန်ခံကြ...။

မြှောက်ပင့် လာဘ်စား လောဘသားနှင့်
ခိုင်းတိုင်းစေ တေလေကျက်စား
လူ့ငနွားဈေး တက်ကြေးပေးကာ
သွားလေ ရိုက်နှက် အသေသတ်လို့
ခိုင်းစေရမ်းကား အတ္တသားတို့
သံဃာ့သွေး မြေကျ ၊ မြေခပြီမို့
သွားလေ ... နောင်မှ ငရဲကျ ... ။

ကဲ ... ဒို့ဗမာပြည် ...
ပညာတတ်လျှင် ထောင်ထဲဝင်
မတတ် ၊ တတတ် ထ္မင်းငတ်
ငဆနူအင်း လူရာသွင်းလို့
ချီတက်ကြပြီ ဗမာပြည် ...
ချီတက်ကြလေပြီ ... ။ ။

No comments: