Thursday, October 18, 2007

ကြောက်ရွံခြင်းမှ လွတ်ကင်းရေး ( အဖွင့် )

စစ်သားမဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုးမျိုးအနစ်နာခံ။ အမျိုးမျိုးစွန့်စားလုပ်ကြတဲ့ လူတွေလည်း ရှိတာပဲ၊
အဲ့ဒါကြောင့် စစ်သားမှ စစ်သားဆိုတဲ့ စိတ်ဓာတ်ကို ပြောင်းကြရမယ်၊ ငါတို့ဟာ လက်နက်ကိုင်တွေ
ဖြစ်ကြသော်လည်း မတရားမလုပ် ၊ နိုင်ငံရဲ့ ရန်သူတွေမဟုတ် ၊ နိုင်ငံရဲ့ မိတ်ဆွေတွေဖြစ်တယ်ဆိုတာကို
သဘောပေါက်ရမယ်၊” (အောင်ဆန်း)



အောင်ဆန်းစုကြည်သည် အမှန်တရားကို ပြောဆိုနေ၍၄င်း။ မြန်မာနှင့် ကမ္ဘာ့အခြေခံအယူအများကို
ရောင်ပြန်ဟပ်နေ၍၄င်း။ သူမအား နှုတ်ဆိတ်အောင် မပြုလုပ်နိုင်ပါ၊” (ဗားစလဗ်ဟာဗဲလ်)








အောင်ဆန်းစုကြည်သည် အမျိုးသားယဉ်ကျေးမှု အမွေအနှစ်၏ အကောင်းဆုံး အင်္ဂါလက္ခဏာများဟု သူမက
ယူဆထားသည်များကို ဂရုပြုလာစေရန် ကြိုးစား၍ သူမကိုယ်တိုင်လည်း ယင်းအင်္ဂါ လက္ခဏာရပ်များနှင့် ထပ်တူထပ်မျှ
ဖြစ်စေရန် ကြိုးပမ်းအားထုတ်သည်၊” (Francis Sejersted {နိုဘဲလ်ကော်မတီဥက္ကဌ ၊ ၁၉၉၁} )


စာရေးသူ၏ အမှာ ....

စာရေးခြင်း၊ မိန့်ခွန်းပြောခြင်း၊ စကားပြောခြင်း စသော လုပ်ရပ်များ၏ အဓိကရည်ရွယ်ချက်တခုကား
လူအချင်းချင်း နားလည်မှုတိုးပွားစေရန် ဖြစ်သည်ဟု ကျမ ယူဆပါသည်။ မြန်မာ့လူမှုရေး၊ နိုင်ငံရေးနှင့်
ဒီမိုကရေစီအရေးတို့ကို ကမ္ဘာက ပိုမိုသိရှိနားလည်စေရန် ရည်ရွယ်၍ စာအုပ်ပါ ဆောင်းပါးများကို
ရေးသားခဲ့ခြင်း ဖြစ်ပါသည်။

နိုင်ငံတနိုင်ငံကို အမှန်တကယ်အကျိုးပြုနိုင်မည့် စီးပွားရေး၊ နိုင်ငံရေး လုပ်ငန်းစဉ်များ
အကောင်အထည် ဖေါ်နိုင်ရန် ပြည်သူပြည်သားအပေါင်းတွင် ပွင့်လင်းပြတ်သားစွာ သုံးသပ်ဝေဖန်ပိုင်ခွင့်နှင့်
အသိအမြင်၊ အတွေးအခေါ်များကို လွတ်လပ်စွာ ဆွေးနွေးဖလှယ်ပိုင်ခွင့်များ ရှိရမည်ဟုလည်း ကျမ ယုံကြည်ပါသည်။
၁၉၈၈-၈၉ ခုနှစ်များအတွင်း ကျမပြောကြားခဲ့သော မိန့်ခွန်းများနှင့် သတင်းစာရှင်းလင်းပွဲများ၏ ဦးတည်ချက်သည်
ဒီမိုကရေစီသဘောတရားများနှင့် ဒီမိုကရေစီစနစ်ကို တည်ထောင်လိုသူတို့၏ အတွေးအခေါ်၊ အမြင်တို့ကို
အများပြည်သူ ဝေဖန်သုံးသပ်နိုင်ငံရေးပင် ဖြစ်ပါသည်။

ဆောင်းပါးများ၊ မိန့်ခွန်းများ၊ သတင်းစာရှင်းလင်းပွဲများကို စုပေါင်း၍ စာအုပ်ထုတ်ဝေလိုက်ခြင်းဖြင့်
မြန်မာ့နိုင်ငံရေးနှင့် ဒီမိုကရေစီရေးများကို နားလည်သုံးသပ်လိုသူများအတွက် အထောက်အကူဖြစ်နိုင်မည်ဟု
မျှော်လင့်ပါသည်။

ဤစာအုပ်ကို ထုတ်ဝေနိုင်ရန် အားပေးကူညီခဲ့သူတို့အား ကျေးဇူးတင်လျက်ရှိပါသည်။ များပြားလှသော
အလုပ်တာဝန်များကြားမှ စေတနာပြည့်ဝစွာဖြင့် အဓိကဘာသာပြန်သူအဖြစ်၎င်း၊ စာတည်းဖြတ်သူအဖြစ်၎င်း
ဆောင်ရွက်ခဲ့သည့် ဒေါက်တာအောင်ခင်(လန်ဒန်) ကို အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်ပါသည်။

No comments: