Thursday, December 13, 2007

နိုးထလော့ အိပ်မက်မှ

အိမ်ကိုပြန်မရောက်တာ အတော်ကြာပြီလို့ ခံစားလိုက်ရတယ်။ ရှုပ်ပွနေတာလား၊ သန့်ရှင်းနေတာလား တော့မသိဘူး၊ အရမ်းကို တိတ်ဆိတ်လွန်း နေတယ်လို့ ခံစားလိုက်ရတယ်။ ဘယ်သူတွေ ဘယ်ရောက်ကုန်ပြီး ဘာတွေလုပ်နေကြလည်း၊ အရင်ကလို ပျော်စရာတွေ၊ တွေးတောစရာတွေ၊ ဆင်ခြင်စရာတွေ၊ ရယ်မောစရာ လေးတွကို ပြောပြမဲ့သူ၊ ညွှန်ပြမဲ့သူ၊ ဆိုဆုံးမမဲ့သူ၊ အားပေးမဲ့သူ တွေမရှိတော့သလို ခံစားရတယ်။ စည်းစည်း လုံးလုံးနဲ့ တည်ဆောက်ခဲ့တဲ့ အိမ်လေးက အမည်နာမနဲ့ တကယ်လိုက်ဖက်အောင် အိပ်မက်လိုပဲ ပျက်ပြယ်တော့ မှာလား???

အားလုံးကို အရင်ကလိုပဲ ပျော်ရွှင်စွာ၊ ခင်မင်ရင်းနှီးစွာနဲ့ မိမိတို့ရဲ့ စိတ်ဆန္ဒများ ရှိတဲ့အတိုင်း ဖွင့်ဟပြောပြ စေချင်ပါတယ်။ ပျော်စရာများ ရှိရင်လည်း အတူတူပေါ့။ ကြေကွဲစရာများ ရှိရင်လည်း အတူတူပေါ့။ ကောင်းတူစံ ဆိုးတူခံ ပြန်လည်မျှဝေ ပေးကြပါလို့ အိပ်မက်အိမ် ကိုယ်စား မေတ္တာရပ်ခံခြင်ပါတယ်။ ဘလော့ဆိုတာ ကလည်း လွတ်လပ်စွာ ပြောဆိုလို့ ရတဲ့ဘ၀အမောဖြေ စာမျက်နှာလေး မဟုတ်ဘူးလား။ ဘယ်နေရာမှာ ရောက်ရောက်၊ ဘာတွေဖြစ်ဖြစ်၊ ဘယ်လိုခံစားချက်တွေရှိရှိ အားလုံးသော အိမ်သူအိမ်သား တွေကိုရော၊ အလည်ရောက်လာသူ ဧည့်သည်တွေကိုပါ မျှဝေခံစားစေချင်ပါတယ်။

အခုတော့ ကိုယ့်အိမ်ကို ပြန်ရောက်လာတော့ နွေးထွေးစွာ ကြိုဆိုမဲ့သူ မရှိလေတော့။ အိမ်တံခါးဝကို ဖွင့်လိုက်တာနဲ့ ရင်ဝကို ဆီးပြီး ဆောင့်ကန်ခံရသလို နင့်သွားတယ်။ တကယ်စိတ်မကောင်း လည်းဖြစ်မိတယ်။ အရင်ကလို ဆူဆူညံညံနဲ့ ရယ်မောသံ၊ ပေါက်ကွဲသံတွေက ညဥ့်ဦးသန်းခေါင်လို ဆိတ်ငြိမ်လွန်းပါတယ်။ ဒါကြောင့်လည်း ရောက်ရာအရပ်မှ အမြန်ဆုံး အိပ်မက်အိမ်ရဲ့ တံခါးပေါက်ကို လာရောက်ခေါက် လှည့်ကြပါလို့ ရင်ထဲကဆန္ဒအမှန်နဲ့ တိုက်တွန်းလိုပါတယ်။ အားလုံးသော အိပ်မက်အိမ်မှ ညီအစ်ကိုမောင်နှမများ ဘ၀အမောများ ပြေစေဖို့အကြောင်း ထပ်လောင်း သတိပေးပါရစေဗျာ...........။

1 comment:

Anonymous said...

ဟုတ်ပါတယ်..။အိမ်ရှင်တွေလည်းမရှိကြဘူး..။ ရယ်ချင်တာ ပြုံးလို့တောင်မရဘူး..။