Wednesday, December 26, 2007

ရင်ဘတ်ထဲက ကဗျာ

ကိုချယ်ရီပြောမှဘဲ ကျနော်လည်း အိပ်မက်အိမ်ဘက် တစ်ခါပြန်ရောက်လာတော့တယ်။ တကယ်ဆို စာကသိပ်ရေးစမရှိတာကြောင့်ရော ၊ ကျနော် ရဲ့ အတိုအထွာ ဘလောဂ့်လေးကို ကလိနေတာကြောင့်ပါ ပိုဝေးသွားတာပါ။ ပြန်ရောက်လာကြောင်း သတင်းပြောကြားရုံ သက်သက်တော့ မဖြစ်စေချင်လို့ လောလောလတ်လတ် တင်ထားပြီးသား ကဗျာလေးနဲ့ဘဲ အိပ်မက်အိမ် ရဲ့ ရင်ခွင်ထဲ ပြန်လည်ဝင်ရောက်ပါရစေဗျာ ........။

စက်တင်ဘာ

စက်တင်ဘာ
နင်ဟာ ...
ရင်နာအောင် ငါ့ကိုဖန်တီး
သွေးပျက်ည သွေးစက်ခ
ပြေးထွက်မရအောင် ချုပ်နှောင်
ဘ၀ကို အမှောင်တိုက်သွင်း
အနာဂတ်ရဲ့ လင်းထင်းခြင်းကို
ဖျက်ဆီးခဲ့တဲ့သူ .....။

စက်တင်ဘာ
နင်ဟာ ...
ဘ၀ရဲ့ တနင်္လာကို အကြိမ်ကြိမ်ခါခါဖန်ဆင်း
ရှင်းမရတဲ့ ပြဿနာများစွာနဲ့
ငါ့ ဘ၀ကို မောင်းနှင်
လမ်းကြောင်းပြင်ခွင့်မပြု
အဝေးဆုံးကို မောင်းထုတ်ခဲ့သူ .....။

စက်တင်ဘာ
နင်ဟာ ...
ကြင်နာဟန် တမင်သုံး နေလုံးပြပြီးမှ
ငိုခြင်းချ မျက်ရည်ခအောင်
အမုန်းမိုးနဲ့ အဆုံးဆိုးပို့ဆောင်
ငါ့ နှလုံးအိမ်ချောင်ထဲက
အဇ္ဈတ အကြွင်းကျန်ကိုထုတ် နှုတ်
အကြင်နာကင်းအောင် လုပ်ခဲ့သူ .....။

စက်တင်ဘာ
နင်ဟာ ...
အပေါ်ယံ ခြုံလွာအကြားက မျက်နှာဖုံးရှင်
နတ်သမီးအသွင်နဲ့ လှည့်စား
ဘ၀ ... ဘ၀ ... ဘ၀ များစွာ
အကြိမ်ကြိမ်ခါ ပျက်စီး
နှလုံးသားမှာ နာကျည်းစွာနဲ့
ငါ့ကို ...
လေနှင်ရာလွင့်စေခဲ့သူ .....။
Photobucket

1 comment:

Anonymous said...

Gostei muito desse post e seu blog é muito interessante, vou passar por aqui sempre =) Depois dá uma passada lá no meu site, que é sobre o CresceNet, espero que goste. O endereço dele é http://www.provedorcrescenet.com . Um abraço.