Friday, March 14, 2008

ကံကုန်ချိန်ရဲ့သက်သေ

၁။ နိုင်ငံခြားသတင်းမှာ အချိန်တိုတွင်း ရေနံစိမ်းတစ်စည် ဒေါ်လာ ၂၀၀ဖြစ်လာမည်တဲ့ ခန့်မှန်းချက်ဖတ်ခဲ့ရ။ ယခု ၁၀၂ ဒေါ်လာဖြစ်နေ။ ၇၃ ဒေါ်လာတုန်းက အကြီးအကျယ်ရှုံးနေလို့ စိုက်နေရလို့ ဓာတ်ဆီများ တက်ရဟု အစိုးရက အကြောင်းပြခဲ့။ ယခု ဘယ်လောက်ရှုံးနေလဲ .. ဒေါ်လာ ၂၀၀ ထိရောက်ရင် ? ....... သဘာဝဓာတ်ငွေ့တွင်းတွေက ပြည်ပနဲ့ နှစ်ရှည်စာချုပ်နဲ့၊ ဘယ်လောက်ထွက်ထွက် နဲနဲဘဲ သုံးရမှာ။ ခေါင်းမာလေလေ ပိတ်ဆို့မှုက ကျယ်ပြန့်လာလေလေ .. ထွက်ပေါက်ကျဉ်းလေ တိုင်းပြည်မွဲလေ၊ ဆန့်ကျင်မှု့များလေလေ .... စစ်လက်နက်တွေ ဘယ်လောက်ဝယ်စုစု စားလို့မှ မရတာ၊ ပြည်ပစစ်ကာကွယ်ရေးဆိုတာ ပညာမတတ်ဘဲနဲ့ မရနိုင်၊ အနာဂတ်ပြည်ပစစ်ဆိုတာ နည်းပညာနဲ့ ချမ်းသာကြွယ်ဝမှု့အဓိကအခန်း .. ဘယ်မှာ အဲ့ဒီ အရည်အချင်း ၂ခုလား ? ဆူပါပါဝါ US နဲ့ ထိပ်တိုက်တွေ့ခြင်း အကျိုးဆက်လို .. အာဖဂန်တို့ အီရတ်တို့က သက်သေပြခဲ့ပြီ၊ နောက်လာမဲ့ မြောက်ကိုရီးယားတို့ အီရန်တို့၊ ဗင်နီဇွဲလားတို့ကလဲ သက်သေပြအုံးမယ်၊ ဘယ်လိုပေါင်းရင်ကောင်းမလဲ? .... US ဟာ သူ့မြေပေါ်မှာ ပုလဲဆိပ်ကမ်းအပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပြည်ပစစ်ပွဲတခါမှ မနွဲခဲ့။ သူ့ပြည်ပစစ်မှန်သမျှ ထိပ်တိုက်တိုင်းပြည်တွေမှာဖြစ်ခဲ့။ ရှုံးရှုံးနိုင်နိုင် အဲ့ဒီမြေသာပြာကျခဲ့တယ်မဟုတ်လား? ဘယ်လိုပေါင်းသင်းရမလဲ စဉ်းစားကြည့်ပါ။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဆူပါ, ပါဝါရုရှား လေသံပဲရှိ၊ တကယ့်အရေးထွက်ပြေးတာပါဘဲ၊ ကိုယ်တိုင်တောင် ပြိုကွဲခံခဲ့ရ။ အရည်အချင်းမစစ်လို့ပေါ့။တရုတ်ဘာဘဲပြောပြော၊ တကယ့်အရေးမှာ သွေးမရှိပါဘူး။ လျော့ခဲ့ရတာချည်း၊ သူ့စီးပွားရေးက အနောက်ပေါ်မှာမှီနေရသူ။ သမိုင်းစဉ်အရ အားမဖြစ်လောက်ပါဘူး။ ရုရှားနဲ့တရုတ်ကို မှီခိုနေသမျှ ဒီစစ်အစိုးရ မှားပြီးရင်းမှား ဆက်မှားပြီး ပြိုလဲရမှာ အမှန်၊ လေကျယ်ရအောင်လဲ သူ့တပ်သားတွေက အဆင့်မြင့်ပညာအားနဲ့ ငြူကလီယားကလဲမရှိ။ အနောက်စိတ်ဓာတ်ဟာ တပွဲထိုးစိတ်ဓာတ်မဟုတ်လုပ်မိရင် အဆုံးထိဇွဲခတ်လုပ်တဲ့အကျင့်ရှိတယ်။ စီမံကိန်းချလုပ်တဲ့အကျင့်ရှိတယ်။ ယခုမြန်မာ့အရေး အနောက်က ၀င်တယ်။ သူတို့လိုချင်တဲ့ (တကယ်လဲ ဖြစ်လိုက်တဲ့) ဒီမိုကရေစီစနစ် မထွန်းကားမချင်း ဘယ်တော့မှ ပြန်မဆုတ်တော့ဘူးဆိုတာယုံ၊ အဲ့ဒီအတွက် နည်းလမ်းမှန်သမျှ ဘာမျက်နှာမှ ကြည့်မှာမဟုတ် သုံးမှာ၊ တကယ်ဝင်လာရင် ရုရှား၊တရုတ်လဲ ငုတ်တုတ်ပါဘဲ။ (ကိုဆိုဗိုနဲ့ တိုင်ဝမ်ဘဲကြည့် ဘာလုပ်ရဲလဲ) ဒီလိုသွေးနဲ့ အနောက်ကို ဆန့်ကျင်ပြီး ပရိယာယ်နဲ့ မဆက်ဆံတတ်၊ ဇာတ်တူသားစားဖို့လောက်သာ ခေါင်းရှိတဲ့ ဒီစစ်အုပ်စု ကံကုန်မဲ့အချိန် ရောက်လာခဲ့ပြီဆိုတာ ကြည့်တတ်ရင် အဖြစ်အပျက်တွေက သက်သေ... ၊ အခုရေးတဲ့ ပိုစ့်ရဲ့ ဆိုလိုချင်တဲ့ အနှစ်ချုပ်က အမေရိကန်အပါအ၀င် အနောက်အုပ်စုက ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်သံဃာတော်များရဲ့ လက်တလော အကြောင်းအရင်း ကျေးဇူးကြောင့် မြန်မာ့အရေး ထဲထဲဝင်ဝင် ပတ်သတ်လာပြီးနောက် စစ်အစိုးရကို လက်မြှောက်အရှုံးပေးပြီး ထွက်သွားမှာ မဟုတ်ဘူးဆိုတဲ့အကြောင်း ဒေသသြဇာအာဏာပထ၀ီ အနေအထားအရ မြန်မာပြည်ဟာ စစ်မှန်တဲ့ ဒီမိုကရေစီ (သို့မဟုတ်) အနောက်လိုလားတဲ့ အစိုးရအဖွဲ့ မထူထောင်လို့ မဖြစ်ဘူးဆိုတဲ့ ပေါ်လစီအရ နောက်ပြီး အခုအချိန်ဟာ စစ်အုပ်စုအတွက် ပေါ်လစီအားဖြင့်၎င်း၊ စီးပွားရေးအရ၎င်း၊ အဖက်ဖက်က ကံကြမ္မာဆုတ်ယုတ်လာတဲ့ အချိန်အရ အနာဂတ်မှာ မြန်မာ့မြေပေါ်မှာ စစ်အာဏာရှင်အဖွဲ့ရော၊ စစ်အာဏာကိုနောက်ခံထားတဲ့ အစိုးရအဖွဲ့ရော ကျိန်းသေပေါက်ပျက်သုန်းရမယ် ဆိုတဲ့အချိန် စတင်နေပြီဆိုတာကို သိစေချင်တဲ့အတွက် နဲနဲတို့ပြလိုက်တာပါ။ ဒီထက်ကျယ်ကျယ်ပြန်ပြန့် အများကြီးရှိနေတယ်။ အမေရိကန်အပါအ၀င် အနောက်အုပ်စုက မြန်မာပြည်ကို ဒုတိယမြောက်ကိုရီယား ဘယ်နည်းနဲ့မှ အဖြစ်မခံနိုင်တဲ့အတွက် မြန်မာ့အရေးကို အဆုံးသတ်တဲ့အထိ ထဲထဲဝင်ဝင်ကို ၀င်ပါလိမ့်မယ်။ ယုံကြည်ချက်ရှိရှိနဲ့ အားမငယ်ကြဖို့တော့လိုပါတယ်။ ။

No comments: