Thursday, April 10, 2008

စကားလေးတစ်ခွန်း

ငါဟာ အလုံးစုံသိမြင်သူ "ဗုဒ္ဓ"လို့
စကားတစ်ခွန်ပြောဖို့
လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်း ကြာခဲ့ရဲ့။
"အာဏာမမက်ပါဘူး" ဆိုတဲ့
စကားလေးတစ်ခွန်အတွက်
အနှစ်၂၀ထဲကြာခဲ့တာပါ
ဘာများကြာလို့လဲဟင်။
သူ့ကျွန်ဘ၀ဒုက္ခတွေ
ပြန်ပြန်သတိတယပြောပြောနေရင်းက
"ဒုက္ခ"ရဲ့ ကျွန်ဘ၀က မလွတ်မြောက်တဲ့
ဒုက္ခရဲ့ကျွန်ဖြစ်နေလို့များ
ညစဉ်တရားထိုင်ရင်းက
ဒုက္ခများဖြစ်နေရော့သလားကွယ်။
တော်ပုံတော်ပန်းနဲ့
ဘာမှ ဟုတ်ဟုတ်ညားညားမတပ်တဲ့
တပ်မတော်ကြီများလား?
ဆင်းရဲနိမ့်ကျမှုက သက်သေပေါ့။
"ငါတို့စာအုပ်အကောင်းဆုံး"တဲ့
ကိုယ့်ကိုဖော်မသူတော်ဆိုတဲ့ ရှေးစကား
အမေမာရေ .. စကားပုံရဲ့အနှစ်
သားတို့သိခဲ့ရပါပြီ။
စစ်ရေးပြကွင်းမှာ
ပဒေသရာဇ်မင်းသုံးပါးထားမှတော့
မောက်တိုမောက်ရှည်ဆောင်းလို့
ဒါးကိုင်လှံထမ်း မြင်းစီးပြီးသကာလ
ချီတက်ပြီးပြဖို့တော့ ကောင်းတာပေါ့
ရှေးမူမပျက်လေ။
ကိုသန်းရွှေရေ ..
နိုင်ငံခြားဖြစ်ကားကြီးပေါ်ကနေ
တပ်တော်ကြီးကို စစ်ဆေးအလေးပြုခံမဲ့အစား
ဗိုလ်ချုပ်လို ခန့်ခန့်ညားညား
မြင်းမစီးနိုင်ရင်တောင်မှ
"လား" စီးပြီး စစ်ဆေးရင်တောင်
ခွင့်လွှတ်နေပါ့မယ်။ ။

No comments: