Sunday, April 20, 2008

သီလရှင်ဆရာလေးတွေရဲ့ လူကုန်ကူးမှု့ပြဿနာ

မယုံမရှိကြနဲ့ ပုံပြင်မဟုတ်ရပါခင်ဗျာ ...
လူမှောင်ခိုကုန်ကူးမှု့အရပ်ရပ် ကမ္ဘာတစ်ပါတ် ကြားဖူးကြရဲ့နော် ...
မတော်တာကြား လော်မာပြီး မပြောပါဘူး ..
ဇမ္ဗူဒီပါ လက်ယျာတောင်ကျွန်း ဆင်းရဲခြင်းထွန်းတဲ့ ကျွန်တော်တို့ မြန်မာပြည်မှာလေ အမှန်စင်စစ် သီလရှင်ဆရာလေးတွေရဲ့ အဖြစ်ပါ...
မိဘမေတ္တာမချို့ငဲ့ကြပါဘူး .. စနစ်အခြေခံကဆိုး ဘယ်လိုဘဲ ရှာရှာ တုံးလုံးစာလဲ မရ၊ မတ်တပ်စာလဲ မ၀တော့ မွေးထားတဲ့ သမီး သီလရှင်ဆရာကြီး လက်ကိုအပ် ဘယ်နှနှစ်၊ ဘယ်နှလ ခေတ္တသာ အပေါင်ထား ငွေတိုးပါလှည့်ရသတဲ့


သီလရှင်ဆရာကြီးဆီကလေ ...
သီလရှင်ဆရာကြီးကယ်ဆယ်ထား အလကားမထင်နဲ့ လုပ်ကွက်က ဒီလိုတဲ့ ဆွမ်းခံပါထွက် နေ့တွက်က ၃၀၀၀ရှာ၊ မရလို့ကတော့ ကျောကော့ .... ပေါ့သေးသေးမထင်နဲ့ လက်သံက ပြောင်ပါသတဲ့ စာကတော့ သင်သယောင်ယောင်ပေါ့ .. သာသနာ့ဘောင်က ဆရာလေးတွေ ...
ကွယ်တို့ရေ ... ဒီခေတ်ဒီစနစ် တသက်နဲ့တကိုယ် မကြားဖူးတဲ့ အဖြစ်တွေပါ၊ ရင်နာစရာ ဗျန်းဗျန်းကွဲ ဘယ်အမှု့တွဲထဲ ထည့်ရပါ့ .....
ရေပေါ်ဆီ အလှူပွဲ နွှဲကြတဲ့ ကတော်တသိုက် ပါးဆွဲသာရိုက်လိုက်ချင် .. နင်တို့လင် ငမိုက်သားတွေကြောင့် တို့တိုင်းပြည် ငါးပါးမှောက်ပါရော့လား ...

မှတ်ချက်။ ။ "အဂ္ဂမဟာပဏ္ဍိတ" ဘွဲ့အတွက် ရှဲဒိုးကျမ်းစာတစ်အုပ်နဲ့ ငွေ၅သိန်း အလှူပြ လျှောက်ပြီးယူတဲ့ ဆရာတော်တချို့အဖြစ်ထက် ပိုဆိုး၏။

1 comment:

Unknown said...

ကြားရ ကြားရ နားဝမှာ မချမ်းသာ ပါလားဗျာ....
အဲဒီလိုကို ဖြစ်ကုန်ကြပြီလား..........