Wednesday, June 20, 2007

အဖြေ


မတွေချင်တော့ ဘူးလားတဲ့ 
မမေးပါနဲ့ ချစ်သူရယ်
ဘ၀ ၊ဘ၀တွေ အဓိပ္ပါယ် မဲ့ သွားလိမ့် မယ်
ကောင်းကင်မှာ ကြယ်တွေပျောက်လည်း
ရင်ထဲမှာ ငွေလမင်း မင်းရှိနေမှ . . .

ပြောချင်တော့ ဘူးလားတဲ့ 
မမေးပါနဲ့ ချစ်သူရယ်
မြိုသိပ်ခဲ့ တဲ့ စကားတွေ အဓိပ္ပါယ် မဲ့ သွားလိမ့် မယ်
နှုတ်ဖျားမှာ ကဗျာ မသီလည်း
ရင်ထဲမှာ စာစီကုံး မင်းပြုံးနေမှ . . .

မချစ်ချင်တော့ ဘူးလားတဲ့ 
မမေးပါနဲ့  ချစ်သူရယ်
အိမ့် မက်ရဲ့  နေ့ တွေ အဓိပ္ပါယ် မဲ့ သွားလိမ့် မယ်
ဝေဒနာ လွမ်းချင်းမဆိုလည်း
ရင်ထဲမှာ ပျိုမေနှင်း မင်းရှိနေမှ . . . ။ ။

2 comments:

Anonymous said...

ဒါလေးကြိုက်လို့ ကျမ စာပေအိုးတွက် ယူသွားပါတယ် ။

Anonymous said...

အရမ်းကျေးဇူးတင်ပါတယ်ဗျာ...