Thursday, June 21, 2007

ညနေခင်းတစ်ခုရဲ့  ရင်ခုန်သံ (၁)

ကလေးရေ . . .
မင်းမရှိတဲ့  နေ့ တစ်နေ့ ကို ဘယ်လို ကုန်ဆုံး ၊ ကိုယ်သုံးခဲ့ လဲ
ပြောပြမယ်လေ . . .
ညနေက အသက်ဝင်နေပေမယ့် 
ရင်ခုန်သံ လေးဖင့် ခဲ့ လို့ 
အေးသင့် တာထက်ပို ငါ ဆွေးခဲ့ ရတယ် ။
ကလေးရေ . . .
မဝေးခဲ့ တဲ့  အတိတ်က နေ့ တစ်နေ့ ကို
ဘယ်လိုဖြတ်သန်း (ကို) ရူးနှမ်းခဲ့ ရတယ်
ပြောပြမယ်လေ . . .
မင်းခေါ်တဲ့  call အဆုံးမှာ


chatting ကို sign-out မလုပ်ပဲ ၊
Shut-down မသုံး load မဆုံးခင်
အပြေး နှင်ခဲ့ ရတာ တောင် လေးဆယ့် ငါး မိနစ်ကြာသွားလို့ 
နာရီတွေ နှေးတယ်ထင်ခဲ့ 
ရင်ခုန်သံထက် အရာရာ နှေးခဲ့ တယ် ။
ကလေးရေ . . . ဘ၀ရဲ့  အချိုသာဆုံး အဲဒီ ဖုန်းကြားတဲ့ နေ့ ကပေါ့
chatting call ကို မရပ်မိလို့ 
hold on နဲ့  ခတ်မဆိတ် တိတ်တိတ်လေး နေပြီး
(ကို)ပြောသမျှအားလုံး ဘုံးသွားတဲ့ မိုး (နိုဝင်ဘာမိုး)ကြောင့် 
သဘောပေါက်ပါတဲ့  ထုံးစံအတိုင်း
ချစ်ကိုကြီးကို တစ်ဝိုင်းရှင်းရတော့ မယ် ။
(ကိုနိုဝင်ဘာမိုး ပြန်မဖွကြေးနော် . . . )
ကလေးရေ . . .
လုပ်ငန်းခွင် ၀င်ရင် လေးပင်ချင်တဲ့  ခြေထောက်တွေ
အဲဒီနေ့  ကဆို . . .
Amazing Game Asia ရဲ့  project စပြီလားရယ်လို့ 
တစ်ချို့  တွေးကြတယ် . . .
Mission Impossible III (mi;3) က
Tom Cruz အပြေး ကိုယ့် ထက်နှေးလိမ့် မယ် ။
( တစ်ကယ်ပြောတာပါ . . . )
ကလေးရေ . . .
ရေပန်းလေးတွေ နံဘေးမှာ ထိုင်ငေးနေတဲ့ သူတွေ
အများကြီးပါပဲလေ . . .
ညီလေး ဘာပျောက်လို့ လဲ ရယ်လို့ 
သက်ဆိုင်ရာ ဘာသာစကားနဲ့ 
အသီးသီး မေးမြန်းကြပါရဲ့ 
ကိုကလည်း
Converse All Star ဖိနပ်တစ်ရံထဲက
ဘ၀လေးတစ်စုံကို ရှာဖွေနေတာကို
" ထွေထွေထူးထူး မရှိပါဘူး ၊ ကျေးဇူးတင်ပါတယ်လို့ "
အားလုံးကို မုသားသုံးပြီး ၊
အပြုံးနဲ့  တုံ့ ပြန်ခဲ့ ရတယ် . . . ။
ကလေးရေ . . .
ရေပြင်ကို ရှပ်ပြီး ပြေးတတ်တဲ့  လေပြေလေးတွေ
လေအကြမ်းမှာ ရေဖြန်းပေးတဲ့  ရေပန်းတွေ
ကို့  ရင်ကို မအေးမြစေနိုင်တော့ ဘူး
ကိုစောင့် နေတာ မိနစ်လေးဆယ် ကျော်ပြီလေ . . .
ပုံပြင်တစ်ပုဒ်လား အိမ်မက်လားလို့ 
နှလုံးသားမှာ အတွေးများနဲ့  ထိတ်လန့် ခဲ့ ရတုန်း
ဖြုန်းဆို မိုးကရွာပြန်တယ်
မသဲပေမယ့်  စွေခဲ့ တယ်လေ . . .။
ကလေးရေ . . .
မိုးထဲမှာ ဆက်ပြီးထိုင်နေချင်ပေမယ့် 
အသိစိတ်က ခွင့် မပြုလို့ 
မင်းလာမယ့်  လမ်းမှာ လက်ကျန် မျှော်လင့် ချက်တွေနဲ့ 
စောင့် မျှော်ဆဲပေါ့  . . .
" ဒီမယ် သူငယ် " လို့ ခေါ်သံကြားလို့  ကြည့်လိုက်တယ် ။
သစ်ပင်သေးသေးလေး ကခေါ်နေတာပေါ့ 
ခင်ဗျားနဲ့  ကျုပ်က သူငယ်လို့  ခေါ်စရာလားမေးတော့ 
သူက ပြောတယ် ... ငါက ဘွန်ဇိုင်း တဲ့ 
ရှေ့ မှီ ၊ နောက်မှီ ကြီးပေါ့ လေ . . . ။
ကလေးရေ . . .
မင်းမပြန်သေးဘူးလားလို့  သူကမေးတယ်
ကျွန်တော် စောင့် လို့ ရသရွေ့ စောင့် ပါရစေဆိုတော့ သူက . . .
ဟောဟိုမှာကြည့်တဲ့ 
သစ်ကိုင်းခြောက်လေး တစ်ခုပါ . . .
သူကဆက်ပြောတယ်
အဲဒါ လွမ်းလို့ သေသွားတဲ့  သစ်ပင်တဲ့ 
ဆူညံတဲ့  လူသံမိုးသံတွေ ရပ်တန့် သွားကလိုပါပဲ . . .။
ကလေးရေ . . .
လောကကြီး တိတ်ဆိတ်သွားတယ်လို့ ထင်လိုက်ရရဲ့ 
ကိုယ်မျှော်လင့် နေတဲ့  ပုံရိပ်လေးတစ်ခုကြောင့် လေ
မင်းကို မြင်မြင်ချင်း ကိုသိလိုက်ပါရဲ့ 
ကို့  ရဲ့  ဘ၀လေး လေ . . .။
ကလေးရေ . . .
နှစ်ယောက်ထဲ တွေ့ လို့  ရှက်တယ်ဆို
မလိုပါဘူးကွာ
လူမျိုးပေါင်းစုံ အများကြီးကြားမှာ
ဗမာစုံတွဲလေးတစ်တွဲကို
ထူးထူးခြားခြား ၊ အကဲခတ်မနေကြပါဘူး
သူတို့ လဲ ငယ်ရာက ကြီးလာကြသူတွေမို့ 
မင်းကို အရှက်မပိုစေ ကြပါဘူး
မျှော်စင်ညီနောင်ကြီးတောင်
လက်တွဲမပျက် ရပ်တည်နေကြတာပဲလေ . . .။
ကလေးရေ . . .
မြင်မြင်ချင်းမှတ်မိတယ်နော် လို့  ပြောခဲ့ ရဲ့ နော်
အတိအကျ ပါပဲ
မင်းပုံရိပ်တွေ နှလုံးသားမှာ ရေးသားထားလို့ ပါ ။
ကလေးရေ . . .
Star Bucks Coffee တစ်ခွက်ကို
တို့ နှစ်ယောက် အတူတူ မသောက်ခဲ့ ကြပေမယ့် 
ရင်ခုန်သံတွေ နွေးထွေးခဲ့ ရပါတယ်ကွာ . . .။
ကလေးရေ . . .
ဘာကြောင့် ချစ်တာလဲလို့ 
အကြိမ်ကြိမ် ထပ်မမေးပါနဲ့ ကွာ
Element တစ်ခုလို created လုပ်ထားတာ မဟုတ်လို့ 
Modification လုပ်ဖို့ မလိုပါဘူး
နှလုံးသားရဲ့  ယုံကြည်ချက်တစ်ခုနဲ့ 
ချစ်ခဲ့ တာ မို့ ပါကွာ . . . ။
ကလေးရေ . . .
ဘယ်လေက်ထိ ချစ်မှာလဲတဲ့ မေးခဲ့ ရဲ့ နော်
မင်းဘက်က သေချာတဲ့  သဘောနဲ့  အပြောကို
ကိုလေ . . .
သစ္စာနဲ့  သက်သေပြပါ့ မယ်
မပြေပြစ်တဲ့  အဖြေဖြစ်ရင် ခွင့် လွှတ်ကွာ
အမှန်တရားအတွက် ရဲဝံ့ ခဲ့ ပါတယ်
ကို မင်းကို
ဘာတစ်ခုမှ မလိမ်ခဲ့ ပါဘူးကွာ . . .။
ကလေးရေ . . .
တစ်ချို့ လက်တွေ့  ဘ၀တွေက
အိမ်မက်ထက် ဆန်းကြယ်တယ်နော်
အတူထိုင်ခဲ့ တဲ့  ခုံတန်းလေးတစ်ခု
အတူထိုင်ခဲ့ တဲ့  လှေကားဆင့် လေး
အတူလျှောက်ခဲ့ ကြတဲ့  လမ်းတွေ
ဒါတွေ အားလုံးဟာ
အမိရင်ခွင်မှာ မဟုတ်ခဲ့ ပေမယ့် 
တနယ်ခြားမှာ တို့ များဆုံခဲ့ ရတာ
ကံကြမ္မာရဲ့  ဆုလာဒ်တစ်ခုပါ
မီမညှိဘဲ ရှိက်ခဲ့ ရတဲ့  စီးကရက်လေး
ရနံ့ တွေ ပျယ်သွားစေဦးတော့ 
မှတ်တမ်းအဖြစ် ဖြစ်တည်
မျှော်စင်ညီနောင်စီကို အလွမ်းနဲ့ 
(ကို) မျှော်ကြည့်တတ်နေပါပြီကွာ . . .။ ။

2 comments:

Anonymous said...

ဒီကဗျာလေးက ဖြစ်လေ့ဖြစ်တတ်တာကို ရေးထားပေမယ့် ၊ လွမ်း၂ဆွေး၂ အချစ်တွေနဲ့ ခံစားချက်တွေ မျှဝေခံစားသွားပါတယ် ။

Anonymous said...

ကျေးဇူးတင်ပါတယ် မဂျစ်တူးခင်ဗျာ...နောက်လည်း လာလည်ပြီးအကြံပေးဝေဖန်ပေးပါဦး