Wednesday, June 20, 2007

မွေးမြူထားတဲ့  နေ့ ရက်တွေ


ကောင်မလေးရေ . . .

ဘ၀မှာ နင်မသိတာတွေ အများကြီးပါလို့  ငါ ပြောခဲ့ တဲ့  အချိန်တုန်းက ငါကိုယ်တိုင် သိပ်ကိုလေးနက်တဲ့  အကြောင်းအရာ ဗဟုသုတတွေနဲ့  ပြည့်စုံနေပြီလို့  ထင်ခဲ့ တာလေ ။ ခုတော့  ဘ၀မှာ ငါမသိသေးတာတွေလဲ အများကြီး ရှိနေသေးတယ်ဟာ ။

လေးလေးနက်နက် စဉ်းစားလေ ၊ လေးလေး ပင်ပင် ဖြစ်လေပါပဲ ။ ခုတော့  ငါ ပေါ့ ပေါ့ ပါးပါး လေးတွေပဲ သဘောကျ လာခဲ့ တယ် ။ ဟမ်ဘာကာ ကို ငါစားတတ်လာသလို ၊ တီဗွီ ကြော်ငြာလေးတွေလဲ ငါကြည့်တတ် လာတယ်။

နောက်ပြီး ဒဿနဆန်ဆန် အတွေးအခေါ် စာအုပ်ထူထူကြီးတွေကို ငါမဖတ်ဖြစ်တော့ ဘဲ ပေါ့ ပေါ့ ပါးပါး မဂ္ဂဇင်း ထဲက ကဗျာနဲ့  ၀တ္တုတိုလေးတွေဘဲ ငါ ဖတ်ဖြစ်ခဲ့ တယ် ။ နဂိုက လေးပင်နေတဲ့  ဘ၀ထဲမှာ သိပ်ကိုဇာတ်နာတဲ့  ဗီဒွီယို ဇာတ်ကားတွေ ၊ ရုပ်ရှင် ဇာတ်လမ်းတွေ ငါ မကြည့်ချင်တော့ ဘူး ။ ဂျူလီယာ ရောဘတ်ရဲ့  Nothing Hill လို ဒရမ်မာ ဇာတ်ကားမျိုးလေးတွေ ကြည့်တတ်လာခဲ့ တယ် ။

နင်လဲကြားဖူးမှာပါ ကောင်မလေးရယ် . . . ဘ၀ ဆိုတာ တိုတိုလေးရယ်တဲ့  ၊ အဲဒီတိုတောင်းတဲ့  ဘ၀ အချိန်လေး ထဲမှာ လေးလေးပင်ပင်တွေ ငါ မစဉ်းစားခြင်တော့ ဘူး ။

ဒါပေမယ့်  ကောင်မလေးရေ . . . လူတွေအများပြောနေကြတဲ့  ကမ္ဘာကြီးဟာ ကမ္ဘာ့ ရွာကြီး ဖြစ်သွားပြီဆိုပြီး မတူညီတဲ့  ယဉ်ကျေးမှုတွေကို အတင်းကာရော တူအောင်လုပ်သူတွေလို မဖြစ်ဖြစ်အောင် လိုက်လုပ်နေတာတော့  မဟုတ်ဘူးနော် ။

ငါ အခုတွေးမိတာက လူတွေဟာ ပေါ့ ပေါ့ ပါးပါး လေးတွေကို သူတို့ သဘောနဲ့  နှစ်သက်လာကြတာလား ၊ ဒါမှမဟုတ် လေးလေးပင်ပင်တွေကို မနိုင်ကြတော့ လား ဆိုတာပါဘဲ ။ ဘာဘဲဖြစ်ဖြစ် ငါဒီလို တွေးမိတာကိုက လေးလေးပင်ပင် ဖြစ်နေပြန်ပြီနော် ။

အခြေအနေ နဲ့  အချိန်အခါကဘဲ လေးလံမှုတွေကို မသုံးစွဲလိုတော့ တဲ့ အတွက် အလိုအလျှောက် ပြောင်းလဲ လာခဲ့ တာလို့ ဘဲ ငါထင်လိုက်မယ်ဟာ ။

ကောင်မလေးရေ . . . ကောင်းကင်ကြီးဟာ အပြာရောင်လို့  ပြောကြပေမယ့်  တခါတရံ မှာ အမဲရောင် ၊ တခါတရံ မှာ အဖြူရောင် ဖြစ်နေတတ်တာကို နင်သိလား ။ အဲဒါ ဘာကြောင့်  မှ မဟုတ်ပါဘူးဟာ . . . ဥတုရာသီတွေ က ကောင်းကင်ကြီးကို အရောင်ချယ်ပေးကြတာပါ ။

စကော့ တလန်ကို ငါ မရောက်ဘူးပေမယ့်  ကော်လန်ဘလူး ဆိုတဲ့  ဘရန်ဒီ ငါသောက်ဖူးတယ် သိလား ။

ဒီနေ့  နံက်အစောကြီး နင့် ကို အရမ်းသတိရလို့  ဇော်ဝင်းထွဋ္ဋ် ရဲ့  အ၀ါရောင်လမ်းကလေး သီချင်း ငါနားထောင် မိတယ်ဟာ ။

ရည်ရွယ်ချက်တွေ x x x အပြည့်နဲ့  x x x ထူထောင်ရန် x x x ဘ၀ခရီး x x x အချိန်တွေကို ရင်ဆိုင်ကာ x x x ကိုယ်သွားတော့ မယ် x x x အ၀ါရောင် x x x သူငယ်ချင်း + + +

ကိုယ်ဟာ နှုတ်ခွန်းဆက် x x x အဝေးကို x x x ခင်တွယ်နေပေမယ့် လဲ x x x ဘ၀အတွက် x x x သွားရမှာဘဲ x x x အသဲထဲက နှုတ်ဆက်တယ် x x x လမ်းကလေး x x x တနေ့ တော့  ပြန်ဆုံမယ် x x x အ၀ါရောင်လမ်း ကလေး + + +

ကောင်မလေးရေ . . . တစ်ခါတစ်ခါ ဖိနှိပ်မရတဲ့  ငါ့ ခံစားမှုတွေက တချိန်က အဟောင်းတွေကို အသစ်ဖြစ်ပြီး သတိရစေရဲ့  ။ ဟောင်းလောင်းပေါက် ငါ့ ရင်ခွင်ကနေ တဖက်ကို နင်မျှော်ကြည့်မိရင် ငိုမဲ့ မဲ့  တောင်တန်းကြီး နဲ့  အောင်ပင်လယ် ကန်ရိုးက လယ်ကွင်းတွေကို နင်မြင်ရမှာပါ ။

ရေနီမြောင်းဘေးက အကြော်ဆိုင်မှာ ချစ်သူစုံတွဲတွေ ထိုင်နေကြတုန်းဘဲလား ။ ဒါမှမဟုတ် အဲဒီမှာ မထိုင်ကြတော့ ဘဲ ဘီဘာလီ ဟီးလ် မှာဘဲ သွားထိုင်နေကြသလား ။ တက်မက်မှု အပြည့်နဲ့  ခွဲခွါခြင်းမှာ လွမ်းဆွတ်မှု တွေသာ ဝေစားခဲ့ ရတယ် ကောင်မလေးရယ် ။

ခံစားမှုဆိုတာ ရေခဲသေတ္တာထဲမှာ ထုပ်ပိုးမထားသင့် ဘူးလို့  အသက်သုံးဆယ်ကျော်မှ သိခဲ့ ရတယ်ဟာ ။ တခါတုန်းကတော့ " ယောနသံ ဇင်ယော် " ဆိုတဲ့  မိန်းကလေးအဆောင်ရှေ့ မှာ ကိုင်ဇာ ရဲ့  " အလွမ်း " ဆိုတဲ့  သီချင်းကိုဘဲ ညလုံးပေါက်ဂစ်တာတီးရင်း ဆိုခဲ့ ကြတာ ။ " ငါတို့  ဘာကြောင့် ကွဲသွားကြတာလဲ " ဆိုတဲ့  စာသားလေးကို ဆိုရတာကိုက အဲဒီအချိန်တုန်းက ခံစားမှုတမျိုးပေါ့ ဟာ ။

အချိန်နာရီ တွေဟာ ငါ့ ကို ဇွတ်အတင်း တွန်ထုတ်နေကြတယ် ။ ကောင်မလေးရယ် . . . ။

အကယ်၍ နင်နဲ့ သာအတူတူဆိုရင် ဧရာဝတီမြစ်ထဲက ၀ါးဖေါင်တွေနဲ့  ပစိဖိတ် သမုဒ္ဒရာကြီးထဲက ဖီဂျီ ကျွန်းစုတွေ အထိ ငါသွားရဲပါရဲ့  ။

မျှော်လင့် မှုဆိုတာ ရှင်သန်ခြင်းတွေကို မေ့ ပျောက်စေတယ် ။ ဘ၀ အမောတွေ ဆိုတာကလည်း ပန်းတိုင် မရောက်ခင် အန်မထွက်မိအောင် ကြိုးစားရမှာပေါ့ ဟာ ။ ဒါပေမယ့်  အပြောလွယ်ပြီး အလုပ်ခက်တာက မတူညီတာကို တူညီအောင်လုပ်ရတာရယ် ၊ မဖြစ်သေးတာကို ဖြစ်အောင်လုပ်ယူ ရတာရယ် ၊ မရောက်သေးတာကို ရောက်အောင် သွားရတာတွေပေါ့ ဟာ ။

တခါတလေ ငါတို့ နှစ်ယောက်ရဲ့  အနာဂါတ်ကို ငါတစ်ယေက်ထဲ စိတ်ကူးနဲ့  အရောင်တွေချယ်နေမိတာ . . . အရမ်းပျော်စရာကောင်းတာပဲ ။ အဲဒီလို နေရတာကိုလည်း ငါပျော်တယ် ။

ကမ္ဘာကြီးကို ကမ္ဘာကြီးလို ငါ မြင်မကြည့်ချင်ဘူးဟာ . . .

ငါ့ မျက်လုံးထဲမှာတော့  ကမ္ဘာကြီးဆိုတာ ကျောင်းစာသင်ခန်းထဲက ဘီရိုပေါ်မှာ တင်ထားတဲ့ ကမ္ဘာလုံးလေးလို့  ဘဲ ငါမြင်တယ် ။ သိပ်ကိုကျယ်ပြောတဲ့  လောကကြီးထဲမှာ အနုတ် လက္ခဏာတွေနဲ့ လဲ ၀င်မတိုက်ချင်တော့ ဘူး . . .။

အရာရာကို အပေါင်းလက္ခဏာတွေနဲ့ ဘဲ ငါကြည့်ဖို့  ကြိုးစားတယ် ။ အသက်အရွယ်နဲ့  အတူ အသိဥာဏ်တွေလဲ သယ်လာသင့် တယ်လေ ။

ဒီနေ့ တော့  တောင်တန်းတွေရဲ့  နှလုံးခုန်သံတွေနဲ့ အတူ ငါ အိပ်စက်တတ်ခဲ့ ပြီ ။

နှိပ်စက်ခြင်းရဲ့  အလင်းရောင် ၊ အလွမ်းငွေ့ ငွေ့ မှိန်မှိန်ကလေးထဲက ၊ အိမ်မက်တွေ ပေးခဲ့ ဘူးတဲ့  ကောင်မလေးရေ . . .

ငါဆိုတဲ့  နေရာမှာ ငါရှိနေဘို့ နဲ့  နင်ဆိုတဲ့ နေရာမှာ နင်ရှိနေဘို့  အတွက် ၊ ငါကတော့  အာရှတိုက်ရဲ့  တစ်နေရာမှာ မွေးမြူထားတဲ့  နေ့ ရက်တွေနဲ့ အတူ ဘ၀ ကို ကောက်ယူနေဆဲပေါ့ ဟာ . . . ။

2 comments:

NZ said...

Yo!

I miss M.D.Y so...

Anyways thanks for your story.

ဝေလင်းဦး said...

ကျေးဖူးပဲ ဦးငယ်ရေ . . . မန္တလေးရောက်မှ ကောင်မလေးကို ပြောပေးပါ့ မယ် ။