Friday, July 27, 2007

လျှောက်ခြစ်စာကြောင်းများ - အိပ်မက်ချိုဆိုတာ

အိပ်မက်ချိုဆိုတာ ...
မက်ချင်တဲ့ ငါ့စိတ်ကူးနဲ့
ဖျက်ချင်တဲ့ ငါ့လက်တွေကြား
မြုပ်ချည် ပေါ်ချည် ဖြစ်နေလေရဲ့ ။


အိပ်မက်ချိုဆိုတာ ...
မွန်းလွဲရင် ခါးသက်တော့မယ်ကွယ် ၊
အချိန်မနှောင်းခင် အတောင်ပံတွေကို ငါ ပြုစု ။

အိပ်မက်ချိုဆိုတာ..
အစိုးမရခြင်းတွေနဲ့
သတ္တိမဲ့ ငါ့တွက် ... တဒင်္ဂဆိုတာလား ။

မှတ်ချက် ။
ကျွန်မရဲ့ တခြားသော လျှောက်ခြစ်စာကြောင်းများကို ဒီနေရာမှာ ဖတ်နိုင်ပါတယ် ။

No comments: