Friday, July 27, 2007

" စစ် " ဟုမည်သော ပန်းချီကား

" စစ် " ဟုမည်သော ပန်းချီကား

စုတ်ချက်ကြမ်းကြမ်း တွေနဲ့
ရေးဆွဲတာ ယမ်းဆေး
မွဲရင့်ရင့် အရောင်တွေသုံးလို့
နီစွေးတဲ့ မြေ
သစ်တောက ဆေးစပ်မှား
ထွက်သွားတော့ မွဲညို
တဲ တစ်လုံးရဲ့ တိုင်မှ
မယိုင်အောင် မဆွဲတဲ့လက်
ရေးသမျှစုတ်ပျက်လို့
အဟုတ် လွင့်ပစ်မယ်ကြံ
အသေချာ ငါပြန်ဆန်းစစ်
ခေါင်းစဉ်က .... စစ် ။ ။


1 comment:

Anonymous said...

ကိုမိုးစွေ...
ကိုမိုးစွေကတော့ အဲဒီ (http://maynyane.blogspot.com/) ဘလော(ဂ်)မှာ ဒေါသတကြီး တရားလက်လွတ် ကွန်မန့်တွေ ရေးသွားတဲ့ လူကို သတိပေးတဲ့ ရှားရှားပါးပါး ဘလော့ဂါပဲ။ အစပိုင်းမှာ ကိုမိုးစွေက ကိုယ်အကြောင်းတွေကိုယ် ပြောတားတာတွေ့ရတယ်။ မရှင်းလင်းတာမရှိပါ။ နောက်တော့ လိုတာတွေ့ရင်ပြင်ပေးဗျာလို့လဲ ဆိုထားတယ်။ တကယ်ပဲ ပြင်ဆင်ပေးတာတွေ (ဆွေးနွေးညှိနှိုင်းတာတွေ) ကိုကြိုဆိုတယ်ဆိုရင် ကိုမိုးစွေ စဉ်းစားမိ တာတချို့ကို ပြောပြခဲ့ပါ။ ဆွေးနွေးပွဲ မပြီးခင်တော့ မပြောမဆို ရှောင်ထွက်မသွားပါနဲ့လို့ ကြိုပြောထားခြင်တယ်ဗျာ။ မိမိလေးစားရတဲ့ လူတစ်ယောက်ဆီက ကြာကြာမ၀ါးလိုက်ရပဲ ခါးတဲ့အရသာ ခံစားရဖူးလို့ အခုလိုကြိုပြောရတာပါ။ နောက်ဆုံးပြောထားတဲ့ မျက်နှာဖုံးတွေကိုတော့ နားမလည်ဘူး။ နဲနဲထပ်ရှင်းပြပေးစေချင်တယ်။
(တကယ်တော့ ဒီကွန်မန့်က ကိုမိုးစွေကွန်မန့်ရဲ့နောက်မှာ ကပ်ရှိနေသင့်ပါတယ်။ ကျွန်တော်ကြောင့် ဘယ်သူကိုမှ စိတ်အနှောက်အယှက်တွေ အမျက်ဒေါသတွေ မဖြစ်စေချင်လို့ မဆီမဆိုင်နေရာမှာ တင်လိုက်ရတာပါ။)
lay