Wednesday, July 25, 2007

ဝမ်းနည်းစရာ သတင်းတစ်ပုဒ်

အဖြစ်အပျက်က မနေ့က ညပိုင်းမှာ ဖြစ်ပျက်ခဲ့တာပါ ။ မလေးရှားနိုင်ငံကို ထိုင်းနိုင်ငံမှ တစ်ဆင့် ၀င်ရောက်လာကြတဲ့ မြန်မာလူမျိုး အများစုပါတဲ့ မော်တော်ယဉ်(ကားလေး) တစ်စီး ယဉ်တိုက်မှုဖြစ်ပွားခဲ့ပါတယ် ။

၁၁ - ဦး သေဆုံးခဲ့ပြီး ၊
၎ - ဦး အသက်အန္တရာယ် စိုးရိမ်ရတဲ့အနေအထားမှာ ရှိပါတယ် ။

ဖြစ်ပွားခဲ့တဲ့ မှုခင်းဓါတ်ပုံတစ်ခုပါ ....
Photo Sharing and Video Hosting at Photobucket

မော်တော်ယဉ် ပေါ်မှာက လူ ၁၅ - ဦး စီးနင်းလိုက်ပါခဲ့ပါတယ် ။ အများစုကို ဘယ်သူဘယ်ဝါ ရယ်လို့ တရားဝင်သတ်မှတ်လို့ မရနိုင်ပါဘူး။ သူတို့အားလုံးဟာ သက်ဆိုင်ရာနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေပြင်ပမှ တရားမ၀င် ၀င်ရောက်ဖို့ ကြိုးစားရင်း အခုလိုကြုံခဲ့ရတာပါ ။ သူတို့ရဲ့ မိသားစုတွေလည်း ဘယ်သူဘယ်ဝါ မသိနိုင်ကြပါဘူး ။ အမျိုးသမီး ၃-ဦးပါဝင်ပြီး ၊ အမျိုးသား ၆-ဦး နှင့် မလေးရှားနိုင်ငံသား ယဉ်မောင်း ဖူဇီအိုမာ Fauzi Omar (၄၁-နှစ်) နှင့် ရိုစလန်မက်ဇိုင်း Rozelan Mat Zain (၃၇-နှစ်) တို့ သေဆုံးခဲ့ကြပါတယ် ။

Photo Sharing and Video Hosting at Photobucket
ကော့စမို သတင်းစာ (မလေးရှားဘာသာ) ရဲ့ မျက်နှာဖုံး သတင်းဓါတ်ပုံ

သေဆုံးသူ အမည်မသိ မြန်မာလူမျိုးများ အတွက် ၀မ်းနည်းကြေကွဲရပါတယ် ။ ဒီအဖြစ်မျိုးတွေဟာ ထင်ထင်ရှားရှား မဟုတ်ခဲ့တောင် ဖြစ်တတ်တဲ့ ကိစ္စတစ်ခုလို ဖြစ်နေပါတယ် ။ ကားလေးတစ်စီးကို လူ ၁၅-ယောက် ၊ မောင်းနှင်တဲ့ အရှိန်က ကသောကမျော ၊ လွန်စွာမှ အန္တရာယ်များပေမယ့် ဒီလိုဘဲ နေ့စဉ် ၀င်ရောက်နေကြဆဲပါ။ မိသားစု အခက်အခဲများကို ကျော်ဖြတ်နိုင်ဘို့ အဆင်ပြေမယ်ထင်တဲ့ သူတို့တွေရဲ့ ကြိုးစားခဲ့မှုတစ်ခုက ကြမ္မာဆိုးနဲ့ ကြုံခဲ့ရတဲ့အတွက် လွန်စွာမှ ၀မ်းနည်းမိပါတယ်။

Photo Sharing and Video Hosting at Photobucket
မက်ထရို သတင်းစာ (မလေးရှားဘာသာ) ရဲ့ မျက်နှာဖုံး သတင်းဓါတ်ပုံ

လက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရေး အဖြေအနေအရ ထွက်ပေါက်တစ်ခုအနေတဲ့ နိုင်ငံရပ်ခြားကို စွန့်စားထွက်ခွာခဲ့တဲ့ သူတို့ရဲ့ လုပ်ရပ်ဟာ ဥပဒေနဲ့ ငြိစွန်းနေပေမယ့် ... သူတို့တွေရဲ့ လုပ်ရပ်အတွက် ကျွန်တော် ကိုယ်ချင်းစာမိပါတယ် ။ တစ်ချို့ ရဲဖမ်းလို့ ထိုင်းပြန်ရောက်ရ ၊ တစ်ချို့ နယ်ခြားစောင့်တပ်က ကျည်ချက်ကြောင့် သေဆုံးရ .... သူတို့တွေ ဘာကြောင့် ဆက်လက်စွန့်စားချင်ကြရတာလဲ ?

လက်ရှိနိုင်ငံရဲ့ အခြေအနေအရ ထွက်ပေါက်ရှာကြခြင်းလို့ဘဲ မြင်မိပါတယ်။

Photo Sharing and Video Hosting at Photobucket
straits times သတင်းစာရဲ့ မျက်နှာဖုံး သတင်းဓါတ်ပုံ

ဝေဖန်ချက်တွေ ထပ်မပေးလိုတော့ပါဘူး ။ စတား သတင်းစာ ရဲ့ သတင်းမူရင်းအတိုင်း အောက်မှာ ထည့်ပေးလိုက်ပါတယ် ...

No comments: